လီဗာပူးအသင္းနဲ႔ တစ္ပတ္လုပ္ခေပါင္၂သိန္းတန္စာခ်ဳပ္အသစ္ခ်ဳပ္ဆိုခဲ့တဲ့ဆာလာ
လီဗာပူး အသင္းရဲ႕ အဓိက ကစားသမား မိုဟာမက္ဆာလာဟာ အသင္း နဲ႔ ၅ႏွစ္သက္တမ္းရွိ စာခ်ဳပ္သစ္ကို ယေန ့တနလာၤေန ့မနက္ပိုင္းမွာ ခ်ဳပ္ဆို ခဲ့ပါတယ္။
စာခ်ဳပ္အသစ္ရ တစ္ပတ္လုပ္ခ ေပါင္ ၂သိန္းရရွိမယ့္ ဆာလာဟာ ကလပ္သမိုင္းတစ္ေလွ်ာက္ လုပ္ခလစာ အမ်ားဆံုးရရွိတဲ့ ကစားသမားတစ္ဦးအျဖစ္မွတ္တမ္းဝင္သြားခဲ့ပါတယ္။
စာခ်ဳပ္သစ္မခ်ဳပ္ဆိုခင္က တစ္ပတ္လုပ္ခ ေပါင္ ၁သိန္းေလာက္သာရရွိတဲ့ ဆာလာဟာ သူ ့ရဲ႕ ထြန္းေတာက္လာတဲ့ ေျခစြမ္းေတြနဲ႔ အတူ PFA တစ္ႏွစ္သာ အေကာင္းဆံုးကစားသမားဆု၊ ပရီမီးယားလိပ္ တစ္ရာသီအတြင္း သြင္းဂိုး ၃၈ ဂိုးအျဖစ္ စံခ်ိန္တင္သြင္းဂိုး ေတြေၾကာင့္ အသင္းႀကီးေတာ္ေတာ္မ်ားမ်ားက သူ ့ကိုေခၚယူဖို ့စိတ္ဝင္စားလာတဲ့ အတြက္ နည္းျပ ဂ်ာဂန္ကေလာ့က အခုလို လက္ဦးၿပီး စာခ်ဳပ္အသစ္ကို ခ်ဳပ္ဆိုလိုက္တာပဲျဖစ္ပါတယ္။
စာခ်ဳပ္အသစ္အရ ဆာလာဟာ လီဗာပူးအသင္းမွာ ၂၀၂၃ ႏွစ္အထိ ဆက္ရွိေနမွာပဲျဖစ္ပါတယ္။
ဒါ့အျပင္ စာခ်ဳပ္အသစ္မွာ စာခ်ဳပ္ဖ်က္သိမ္းေၾကးကို ထည့္သြင္း မခ်ဳပ္ဆိုခဲ့ပါဘူး။
လီဗာပူး အသင္းဟာ အသင္းရဲ႕ ေပၚလစီကို ျပင္ဆင္ခဲ့ၿပီး ကစားသမားေတြ အတြက္ စာခ်ဳပ္ဖ်က္သိမ္းေၾကးကို ထည့္သြင္း မခ်ဳပ္ဆိုေတာ့ပါဘူး။
ဆာလာရဲ႕ စာခ်ဳပ္အသစ္နဲ႔ ပတ္သတ္ၿပီး နည္းျပကေလာ့က
" အသင္းအတြက္ အေကာင္းဆံုးေပးဆပ္ၿပီး ႀကိဳးစားကစားခဲ့တဲ့ ကစားသမားတစ္ေယာက္ကို ခ်ီးက်ဴး ဂုဏ္ျပဳသလိုပါပဲ။ သူဘာေတြ လုပ္ျပႏိုင္သလဲဆိုတာ အသစ္ေတြ ျမင္ေတြ ့ရပါေတာ့မယ္။"
" ဒါဟာ အဓိပၸာယ္ရွိတဲ့ အေၾကာင္းအရာ ၂ခုကို ေဖာ္ျပလိုက္သလိုပါပဲ။ တစ္ခုက ကၽြန္ေတာ္တို႔ဟာ ဆာလာအေပၚ ယံုၾကည္မႈ အျပည့္ထားၿပီး ေနာက္တစ္ခုက ဆာလာဟာလည္း ကၽြန္ေတာ္တို ့အေပၚ ယံုၾကည္မႈရွိလို ့ပါ။" လို ့ဆိုသြားပါတယ္။
" သူ႔ဆီကေန ကမာၻ ့အဆင့္ေျခစြမ္းေတြကို ျမင္ေတြ ့ခ်င္ပါေသးတယ္။ အန္ဖီးလ္ကို လည္း သူတို ့အားလံုးရဲ႕ အိမ္တဖြယ္ ခံစားေစခ်င္ပါတယ္။ ကစားသမားေတြနဲ႔ လက္တြဲအလုပ္လုပ္ရတာ သိပ္ေက်နပ္ဖို ့ေကာင္းပါတယ္။"
" ကၽြန္ေတာ္တို ့ အၿမဲေရာက္ေနရမယ့္ ေနရာတစ္ခု ကို ဆာလာက အလင္းျပေပးခဲ့ပါတယ္။ ကၽြန္ေတာ္တို ့ေတြ အတူတကြ ေပါင္းစည္းၿပီး ႏိုင္ပြဲေတြရယူခ်င္ပါတယ္။အေရးႀကီးတဲ့ တကယ့္အခ်က္ကေတာ့ ဆာလာဟာ သူ ့ကိုယ္သူ အသင္းက ကစားသမားေတြ ထက္ ပိုအေရးပါတယ္ လို ့ မခံယူထားပါဘူး။အဲ့ဒါဟာ တကယ္ကို ေကာင္းမြန္တဲ့ အသင္းစိတ္ဓာတ္နဲ႔ ခံယူခ်က္ပါပဲ။သူ ခံယူထားတာက သူ ့အတြက္ တစ္ကိုယ္ရည္ေအာင္ျမင္မႈေတြရရွိဖို ့အသင္းနဲ႔ ကစားေဖာ္ေတြ က ဝိုင္းကူညီေပးထားတယ္လို ့ ခံယူထားတာပါ။"
" သူဟာ သိပ္ကို ခံယူခ်က္ေကာင္းတဲ့ကစားသမားပါ။ ကၽြန္ေတာ္တို ့ေတြ အတူတကြ ေအာင္ျမင္မႈေတြ ပိုမို အဆက္မျပတ္ ရယူခ်င္ပါတယ္။ အသင္းပရိတ္ေတြ က်ယ္က်ယ္ေအာ္သီဆိုၾကတဲ့ သီခ်င္း " ငါတို ့ဘယ္ေတာ့မွ ရပ္တန္႔မွာ မဟုတ္ဘူး" ဆိုတဲ့ အတိုင္း ပဲ ကၽြန္ေတာ္ရဲ႕ စိတ္ေနသေဘာထားကို အမွန္ကန္ဆံုးေတြး ၿပီး လာမယ့္ရာသီအသစ္ေတြ အတြက္ရည္မွန္းခ်က္ႀကီးႀကီးထားထားပါတယ္။" လို ့နည္းျပဂ်ာဂန္ကေလာ့ကေျပာၾကားသြားပါတယ္။
#Mailonline
လီဗာပူးအသင်းနဲ့ တစ်ပတ်လုပ်ခပေါင်၂သိန်းတန်စာချုပ်အသစ်ချုပ်ဆိုခဲ့တဲ့ဆာလာ
လီဗာပူး အသင်းရဲ့ အဓိက ကစားသမား မိုဟာမက်ဆာလာဟာ အသင်း နဲ့ ၅နှစ်သက်တမ်းရှိ စာချုပ်သစ်ကို ယနေ ့တနလာင်္နေ ့မနက်ပိုင်းမှာ ချုပ်ဆို ခဲ့ပါတယ်။
စာချုပ်အသစ်ရ တစ်ပတ်လုပ်ခ ပေါင် ၂သိန်းရရှိမယ့် ဆာလာဟာ ကလပ်သမိုင်းတစ်လျှောက် လုပ်ခလစာ အများဆုံးရရှိတဲ့ ကစားသမားတစ်ဦးအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။
စာချုပ်သစ်မချုပ်ဆိုခင်က တစ်ပတ်လုပ်ခ ပေါင် ၁သိန်းလောက်သာရရှိတဲ့ ဆာလာဟာ သူ ့ရဲ့ ထွန်းတောက်လာတဲ့ ခြေစွမ်းတွေနဲ့ အတူ PFA တစ်နှစ်သာ အကောင်းဆုံးကစားသမားဆု၊ ပရီမီးယားလိပ် တစ်ရာသီအတွင်း သွင်းဂိုး ၃၈ ဂိုးအဖြစ် စံချိန်တင်သွင်းဂိုး တွေကြောင့် အသင်းကြီးတော်တော်များများက သူ ့ကိုခေါ်ယူဖို ့စိတ်ဝင်စားလာတဲ့ အတွက် နည်းပြ ဂျာဂန်ကလော့က အခုလို လက်ဦးပြီး စာချုပ်အသစ်ကို ချုပ်ဆိုလိုက်တာပဲဖြစ်ပါတယ်။
စာချုပ်အသစ်အရ ဆာလာဟာ လီဗာပူးအသင်းမှာ ၂၀၂၃ နှစ်အထိ ဆက်ရှိနေမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် စာချုပ်အသစ်မှာ စာချုပ်ဖျက်သိမ်းကြေးကို ထည့်သွင်း မချုပ်ဆိုခဲ့ပါဘူး။
လီဗာပူး အသင်းဟာ အသင်းရဲ့ ပေါ်လစီကို ပြင်ဆင်ခဲ့ပြီး ကစားသမားတွေ အတွက် စာချုပ်ဖျက်သိမ်းကြေးကို ထည့်သွင်း မချုပ်ဆိုတော့ပါဘူး။
ဆာလာရဲ့ စာချုပ်အသစ်နဲ့ ပတ်သတ်ပြီး နည်းပြကလော့က
" အသင်းအတွက် အကောင်းဆုံးပေးဆပ်ပြီး ကြိုးစားကစားခဲ့တဲ့ ကစားသမားတစ်ယောက်ကို ချီးကျူး ဂုဏ်ပြုသလိုပါပဲ။ သူဘာတွေ လုပ်ပြနိုင်သလဲဆိုတာ အသစ်တွေ မြင်တွေ ့ရပါတော့မယ်။"
" ဒါဟာ အဓိပ္ပာယ်ရှိတဲ့ အကြောင်းအရာ ၂ခုကို ဖော်ပြလိုက်သလိုပါပဲ။ တစ်ခုက ကျွန်တော်တို့ဟာ ဆာလာအပေါ် ယုံကြည်မှု အပြည့်ထားပြီး နောက်တစ်ခုက ဆာလာဟာလည်း ကျွန်တော်တို ့အပေါ် ယုံကြည်မှုရှိလို ့ပါ။" လို ့ဆိုသွားပါတယ်။
" သူ့ဆီကနေ ကမ္ဘာ ့အဆင့်ခြေစွမ်းတွေကို မြင်တွေ ့ချင်ပါသေးတယ်။ အန်ဖီးလ်ကို လည်း သူတို ့အားလုံးရဲ့ အိမ်တဖွယ် ခံစားစေချင်ပါတယ်။ ကစားသမားတွေနဲ့ လက်တွဲအလုပ်လုပ်ရတာ သိပ်ကျေနပ်ဖို ့ကောင်းပါတယ်။"
" ကျွန်တော်တို ့ အမြဲရောက်နေရမယ့် နေရာတစ်ခု ကို ဆာလာက အလင်းပြပေးခဲ့ပါတယ်။ ကျွန်တော်တို ့တွေ အတူတကွ ပေါင်းစည်းပြီး နိုင်ပွဲတွေရယူချင်ပါတယ်။အရေးကြီးတဲ့ တကယ့်အချက်ကတော့ ဆာလာဟာ သူ ့ကိုယ်သူ အသင်းက ကစားသမားတွေ ထက် ပိုအရေးပါတယ် လို ့ မခံယူထားပါဘူး။အဲ့ဒါဟာ တကယ်ကို ကောင်းမွန်တဲ့ အသင်းစိတ်ဓာတ်နဲ့ ခံယူချက်ပါပဲ။သူ ခံယူထားတာက သူ ့အတွက် တစ်ကိုယ်ရည်အောင်မြင်မှုတွေရရှိဖို ့အသင်းနဲ့ ကစားဖော်တွေ က ဝိုင်းကူညီပေးထားတယ်လို ့ ခံယူထားတာပါ။"
" သူဟာ သိပ်ကို ခံယူချက်ကောင်းတဲ့ကစားသမားပါ။ ကျွန်တော်တို ့တွေ အတူတကွ အောင်မြင်မှုတွေ ပိုမို အဆက်မပြတ် ရယူချင်ပါတယ်။ အသင်းပရိတ်တွေ ကျယ်ကျယ်အော်သီဆိုကြတဲ့ သီချင်း " ငါတို ့ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး" ဆိုတဲ့ အတိုင်း ပဲ ကျွန်တော်ရဲ့ စိတ်နေသဘောထားကို အမှန်ကန်ဆုံးတွေး ပြီး လာမယ့်ရာသီအသစ်တွေ အတွက်ရည်မှန်းချက်ကြီးကြီးထားထားပါတယ်။" လို ့နည်းပြဂျာဂန်ကလော့ကပြောကြားသွားပါတယ်။
#Mailonline
Post a Comment