Header Ads


ရိုဒရီဂွက်ဇ်ကို အသင်းမှာ ပြန်ခေါ်ဖို့ ဆွေးနွေးနေတဲ့ ရီးရဲလ်နည်းပြလိုပက်တဂီ



ရီးရဲလ်မက်ဒရစ်နည်းပြသစ် လိုပက်တဂီဟာ အသင်းရဲ့ ကွင်းလယ်လူစာရင်း အင်အားတောင့်တင်းဖို့ ကြိုးပမ်းနေပြီး ဘိုင်ယန်မြူနစ်အသင်းမှာ အငှားသွားကစားနေတဲ့ ဂျိမ်းရိုဒရီဂွက်ဇ်ကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးနေကြောင်းသိရပါတယ်။

မက်ဒရစ်မှာပျော်ရွှင်နေခဲ့တဲ့ ပေါ်တို ကွင်းလယ်လူဟောင်း ဟာ မက်ဒရစ်ဆီပြန်လာချင်သော်လည်း နည်းပြဟောင်းဇီဒန်းနဲ့ ဆက်ဆံရေးအဆင်မပြေတာကြောင့် ပြန်လာဖို့ မဖြစ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

စပိန်နည်းပြကြီးအတွက် ကံမကောင်းတာကတော့ ဘိုင်ယန်မြူနစ် အသင်းဟာ ရိုဒရီဂွက်ဇ် ၂နှစ်အငှားဖြင့်ခေါ်ယူနိုင်တယ်ဆိုတဲ့ စာချုပ်ကို လက်ကိုင်ထားနေတာပဲဖြစ်ပါတယ်။

၂၀၁၇ နွေရာသီထဲ က အငှားသွားကစားနေတဲ့ ကိုလံဘီယာ ကွင်းလယ်လူအတွက် မက်ဒရစ်ဆီပြန်လာဖို့ ဆိုရင် ဘိုင်ယန်မြူနစ်ဘက်က စာချုပ်ဖျက်သိမ်းပေးမှရမယ့် နည်းလမ်းတစ်ခုသာ ရှိပါတယ်။

ဘာနေဗျူး ရဲ့ ပုံမှန်ဂိုးသွင်းစက်ကြီး ရော်နယ်ဒိုဟာ လည်း အသင်းကနေထွက်ခွာသွားပြီဖြစ်တဲ့အတွက် ဂိုဖန်တီးပေးမှုကောင်းတဲ့ ကစားသမားတွေကို အသင်းမှာ အင်အားဖြည့်တင်းထားဖို့ နဲ့ ကလပ်ဘက်ဂျက် အတွင်းမှာ ကစားသမားသစ်ခေါ်ယူဖို နည်းပြလိုပက်တဂီအတွက်တော့ အသည်းအသန်ဖြစ်နေပါပြီ။

ရိုဒရီဂွက်ဇ်ဟာ စပိန်ပရိတ်သတ်တွေနဲ့ ဆက်ဆံရေးကောင်းတွေ ရရှိထားတာဖြစ်ပြီး ချန်ပီယံလိပ်ဖိုင်နယ် မှာ ရီးရဲလ်အသင်းနဲ့ ကစားခဲ့ရတုန်းက အဆိုပါ ဘိုင်ယန်ကစားသမား ကိုစပိန်ပရိတ်သတ်တွေကို မတ်တပ်ရပ် သြဘာပေးခဲ့ကြပါတယ်။

အကယ်လို့ မက်ဒရစ်ကို ပြန်ဖို့ ဘိုင်ယန်မြူးနစ်အသင်းကသာ ခွင့်မပြုဘူးဆိုရင်တော့ ၂၀၁၈/၁၉ ရာသီကုန်တဲ့အထိ ဂျိမ်းစ်ဟာ ဘွန်ဒက်စ်လီဂါမှာပဲ ဆက်ရှိနေရမှာ ဖြစ်ပါတယ်။


(Unicode)



ရီးရဲလ်မက်ဒရစ်နည်းပြသစ် လိုပက်တဂီဟာ အသင်းရဲ့ ကွင်းလယ်လူစာရင်း အင်အားတောင့်တင်းဖို ့ကြိုးပမ်းနေပြီး ဘိုင်ယန်မြူနစ်အသင်းမာ အငားသွားကစားနေတဲ့ ဂျိမ်းရိုဒရီဂွက်ဇ်ကို ပြန်လည်ခေါ်ယူဖို ့ဆွေးနွေးနေကြောင်းသိရပါတယ်။

မက်ဒရစ်မာပျော်ရွင်နေခဲ့တဲ့ ပေါ်တို ကွင်းလယ်လူဟောင်း ဟာ မက်ဒရစ်ဆီပြန်လာချင်သော်လည်း နည်းပြဟောင်းဇီဒန်းနဲ့ ဆက်ဆံရေးအဆင်မပြေတာကြောင့် ပြန်လာဖို ့မဖြစ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

စပိန်နည်းပြကြီးအတွက် ကံမကောင်းတာကတော့ ဘိုင်ယန်မြူနစ် အသင်းဟာ ရိုဒရီဂွက်ဇ် ၂နစ်အငားဖြင့်ခေါ်ယူနိုင်တယ်ဆိုတဲ့ စာချုပ်ကို လက်ကိုင်ထားနေတာပဲဖြစ်ပါတယ်။

၂၀၁၇ နွေရာသီထဲ က အငားသွားကစားနေတဲ့ ကိုလံဘီယာ ကွင်းလယ်လူအတွက် မက်ဒရစ်ဆီပြန်လာဖို ့ဆိုရင် ဘိုင်ယန်မြူနစ်ဘက်က စာချုပ်ဖျက်သိမ်းပေးမရမယ့် နည်းလမ်းတစ်ခုသာ ရိပါတယ်။

ဘာနေဗျူး ရဲ့ ပုံမန်ဂိုးသွင်းစက်ကြီး ရော်နယ်ဒိုဟာ လည်း အသင်းကနေထွက်ခွာသွားပြီဖြစ်တဲ့အတွက် ဂိုဖန်တီးပေးမုကောင်းတဲ့ ကစားသမားတွေကို အသင်းမာ အင်အားဖြည့်တင်းထားဖို ့နဲ့ ကလပ်ဘက်ဂျက် အတွင်းမာ ကစားသမားသစ်ခေါ်ယူဖို ့ နည်းပြလိုပက်တဂီအတွက်တော့ အသည်းအသန်ဖြစ်နေပါပြီ။

ရိုဒရီဂွက်ဇ်ဟာ စပိန်ပရိတ်သတ်တွေနဲ့ ဆက်ဆံရေးကောင်းတွေ ရရိထားတာဖြစ်ပြီး ချန်ပီယံလိပ်ဖိုင်နယ် မာ ရီးရဲလ်အသင်းနဲ့ ကစားခဲ့ရတုန်းက အဆိုပါ ဘိုင်ယန်ကစားသမား ကိုစပိန်ပရိတ်သတ်တွေကို မတ်တပ်ရပ် သြဘာပေးခဲ့ကြပါတယ်။

အကယ်လို ့မက်ဒရစ်ကို ပြန်ဖို ့ဘိုင်ယန်မြူးနစ်အသင်းကသာ ခွင့်မပြုဘူးဆိုရင်တော့ ၂၀၁၈/၁၉ ရာသီကုန်တဲ့အထိ ဂျိမ်းစ်ဟာ ဘွန်ဒက်စ်လီဂါမာပဲ ဆက်ရိနေရမာ ဖြစ်ပါတယ်။

ဒါအပြင့် မိုနာကို စတားဟောင်း ရိုဒရီဂွက်ဇ်ကို အပြီးသစ်ဝယ်ယူနိုင်ခွင့် အချက်ပါတဲ့ စာချုပ်ကို ဘိုင်ယန်အသင်းဟာ လက်ကိုင်ထားနေသော်လည်း ကစားသမားရဲ့ဆန္ဒပေါ်သာမူတည်ကြောင်းသိရပါတယ်။

No comments

Powered by Blogger.