Header Ads


ဘရာဇီးေလာက္ေတာ့ အိပ္ေရးပ်က္ခံၿပီး ေၾကာက္ေနစရာမလိုုပါဘူး-ကြန္ပနီ





ဘရာဇီးအသင္းဟာ တစ္ဦးခ်င္းအရည္အေသြးျကြယ္ဝတဲ႔ကစားသမားေကာင္းေတြရွိေနေပမယ့္ ေနမာအပါအဝင္ ျကယ္ပြင့္ကစားသမားေတြကိုရင္ဆိုင္သြားဖို့အိပ္ေရးပ်က္ခံေနစရာမလိုု တဲ့ အျပင္ ေတြးေျကာက္ေနတာမ်ိဳးလည္း မရွိပါ ဘူးလို့ ဘယ္ဂ်ီယံေနာက္ခံလူ ကြန္ပနီကဆိုခဲ႔ပါတယ္။
ဘရာဇီးအသင္းဟာ ၁၆သင္းအဆင့္မွာ မကၠဆီကို ကို -၀ဂိုးနဲ႔ အသာအယာ ေက်ာ္ျဖတ္နိုင္ခဲ႔တာျဖစ္ေပမယ့္ ဘယ္ဂ်ီယံတို ့ကေတာ့ အာရွအသင္းတစ္သင္းျဖစ္တဲ႔ ဂ်ပန္ကို ခ်က္ဒ္လီ ရဲ႕ေနာက္က်ဂိုးနဲ႔ခက္ခက္ခဲခဲအနိုင္ရခဲ႔တာပဲျဖစ္ပါတယ္။



သူတုိ ့၂သင္းဟာ လာမယ့္စေန ေန ့၁၂း၃၀ မွာကြာတားဖိုင္နယ္အျဖစ္ေတြ႔ဆံုသြားဖို့ရွိေနတာျဖစ္ပါတယ္။

ဘယ္ဂ်ိီယံနည္းျပမာတီနက္ဇ္က ဘရာဇီးနဲ႔ ပြဲစဥ္မွာ သူ႔အသင္းဟာ ေရပန္းစားမႈ အနည္းဆံုုး အျဖစ္ရွိေနတာျဖစ္ေပမယ့္ဘာေၾကာက္ရြံမႈမွရွိမေနဘူးလို့ ဂ်ပန္နဲ႔ပြဲအျပီးမွာ ျကံုးဝါးခဲ႔ပါတယ္။

အခုခ်ိန္မွာေတာ့ ကြန္ပနီက မာတီနက္ဇ္ရဲ႕စကားကိုေထာက္ခံသြားခဲ႔တာလည္းျဖစ္ပါတယ္။ကြန္ပနီဟာ ဒဏ္ရာေျကာင့္အနားယူေနခဲ႔ရတာျဖစ္ျပီး ဂ်ပန္နဲ႔ပြဲစဥ္မွာမွ ယခုကမာၻ ့ဖလားပထမဆံုးပြဲအျဖစ္ပါဝင္ထားခဲ႔တာျဖစ္ပါတယ္။


သတင္းေထာက္ေတြနဲ႔အင္တာဗ်ဴးမွာ ကြန္ပနီက 

တစ္ဦးခ်င္အရည္အေသြးအရဆိုရင္ေတာ့ ဘရာဇီးဟာ အေတာင့္တင္းဆံုးအသင္းျဖစ္ပါတယ္။ဒါဟာ ခ်ီးမြမ္းရံုသက္သက္ျဖစ္ျပီး သူတို ့ကို ရင္ဆိုင္ရမယ့္ကၽြန္ေတာ္တို့ရဲ႕အခြင့္အေရးေတြကိုထိခိုက္ေစတာမ်ိဳးလည္းမရွိပါဘူး။ဘရာဇီးအသင္းကိုရွံုးနိမ့္သြားခဲ႔ျပီဆိုျပီးေတြးပူျပီးအိပ္ေရးပ်က္တဲ႔သူတေယာက္မွမရွိပါဘူး။သူတို့ဟာ ခံစစ္ပိုင္းမွာလည္းက်စ္လစ္မွဳရွိပါတယ္။သူတို့ဟာ ခံစစ္နဲ႔ တိုက္စစ္မွာတစ္ဦးခ်င္းအေကာင္းဆံုးေက်ာ္ျဖတ္အနိင္ယူနိုင္စြမ္းရွိျကျပီး ဘယ္လိုက်ဥ္းထဲက်ပ္ထဲေရာက္ေရာက္အေျဖရွာတတ္ျကပါတယ္။ကၽြန္ေတာ္တို့ဟာ မျကာခင္မ်က္ျမင္ကိုယ္ေတြ႕သူတို့နဲ႔ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။ဒီပြဲမွာတစ္ဦးေကာင္းကစားေနလို့ကေတာ့ က်ိန္းေသရွံုးနိမ့္မွာပဲျဖစ္ပါတယ္။”



“တစ္ဦးခ်င္းအရည္အေသြးေတြနဲ႔ကစားေနလို ့ကေတာ့ ဘာအခြင့္အေရးမွရွိမွာမဟုတ္ပါဘူး။အသင္းလိုက္စိတ္ဓာတ္နဲ႔ တစ္ဦးခ်င္းစီက အေကာင္းဆံုးတိုက္ပြဲဝင္သြားမယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို ့လုပ္နိုင္မွာျဖစ္ပါတယ္။ကၽြန္ေတာ္တို ့ကလည္း ဒီလိုလုပ္ဖို့ပဲ ေတြးထားပါတယ္လို့ေျပာခဲ႔ပါတယ္။


ဘယ္ဂ်ီယံအသင္းဟာ အဲဗာတန္နည္းျပေဟာင္း တဦးျဖစ္သူ မာတီနက္ဇ္ရဲ႕လက္ေအာက္မွာတိုးတက္မွဳေတြရွိထားတဲ႔အသင္းျဖစ္ျပီး --၃အခင္းအက်င္းမွာ တိုက္စစ္ပံုစံေကာင္းကိုျပသေနပါတယ္။
ကြန္ပနီကလည္း ဒီအခ်က္ကို အခိုင္အမာအတည္ျပဳခဲ႔ျပီး ခံစစ္ပိုင္းလိုအပ္ခ်က္အခ်ိဳ႔ရွိေနေပမယ့္ ဘရာဇီးကို ရင္ဆိုင္သြားဖို့ယံုျကည္ခ်က္အျပည့္ရွိေနတယ္လို့ဆိုပါတယ္။


ကြန္ပနီကဆက္လက္ျပီးေဘာလံုးကို စြဲေဆာင္မွဳရွိရွိကစားတဲ႔ေနရာမွာက်ြန္ေတာ္တို့အသင္း တိုးတက္မွုေတြရွိထားခဲ႔ပါျပီ။တိုက္စစ္ပိုင္းဟာ ကၽြန္ေတာ္တို့ရဲ႔ အားသာခ်က္ျဖစ္တယ္ဆိုတာကိုျပသထားနိုင္ခဲ႔ျပီး ဂိုးေတြလည္း အမ်ားျကီးသြင္းယူထားနိုင္ခဲ႔ပါတယ္။ဘရာဇီးနဲ႔ရင္ဆိုင္ရမယ့္ပြဲစဥ္မွာေတာ့ ေျခစြမ္းေနာက္တဆင့္တိုးတက္ျပီးကစားနိုင္ဖိုု ့လိုပါတယ္။အနည္းဆံုးေတာ့ အဲ႔လိုကစားနိူင္မယ္လို့ ကၽြန္ေတာ္ေမ်ွာ္လင့္ပါတယ္လို့ေျပာခဲ႔ပါတယ္။


#SkySports


ဘရာဇီးအသင်းဟာ တစ်ဦးချင်းအရည်အသွေးကြွယ်ဝတဲ့ကစားသမားကောင်းတွေရှိနေပေမယ့် နေမာအပါအဝင် ကြယ်ပွင့်ကစားသမားတွေကိုရင်ဆိုင်သွားဖို့အိပ်ရေးပျက်ခံနေစရာမလိုု တဲ့ အပြင် တွေးကြောက်နေတာမျိုးလည်း မရှိပါ ဘူးလို့ ဘယ်ဂျီယံနောက်ခံလူ ကွန်ပနီကဆိုခဲ့ပါတယ်။


ဘရာဇီးအသင်းဟာ ၁၆သင်းအဆင့်မှာ မက္ကဆီကို ကို ၂-ဝဂိုးနဲ့ အသာအယာ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပေမယ့် ဘယ်ဂျီယံတို ့ကတော့ အာရှအသင်းတစ်သင်းဖြစ်တဲ့ ဂျပန်ကို ချက်ဒ်လီ ရဲ့နောက်ကျဂိုးနဲ့ခက်ခက်ခဲခဲအနိုင်ရခဲ့တာပဲဖြစ်ပါတယ်။



သူတို ့၂သင်းဟာ လာမယ့်စနေ နေ ့၁၂း၃၀ မှာကွာတားဖိုင်နယ်အဖြစ်တွေ့ဆုံသွားဖို့ရှိနေတာဖြစ်ပါတယ်။

ဘယ်ဂျိီယံနည်းပြမာတီနက်ဇ်က ဘရာဇီးနဲ့ ပွဲစဉ်မှာ သူ့အသင်းဟာ ရေပန်းစားမှု အနည်းဆုုံး အဖြစ်ရှိနေတာဖြစ်ပေမယ့်ဘာကြောက်ရွံမှုမှရှိမနေဘူးလို့ ဂျပန်နဲ့ပွဲအပြီးမှာ ကြုံးဝါးခဲ့ပါတယ်။

အခုချိန်မှာတော့ ကွန်ပနီက မာတီနက်ဇ်ရဲ့စကားကိုထောက်ခံသွားခဲ့တာလည်းဖြစ်ပါတယ်။
ကွန်ပနီဟာ ဒဏ်ရာကြောင့်အနားယူနေခဲ့ရတာဖြစ်ပြီး ဂျပန်နဲ့ပွဲစဉ်မှာမှ ယခုကမ္ဘာ ့ဖလားပထမဆုံးပွဲအဖြစ်ပါဝင်ထားခဲ့တာဖြစ်ပါတယ်။

သတင်းထောက်တွေနဲ့အင်တာဗျူးမှာ ကွန်ပနီက 

“တစ်ဦးချင်အရည်အသွေးအရဆိုရင်တော့ ဘရာဇီးဟာ အတောင့်တင်းဆုံးအသင်းဖြစ်ပါတယ်။ဒါဟာ ချီးမွမ်းရုံသက်သက်ဖြစ်ပြီး သူတို ့ကို ရင်ဆိုင်ရမယ့်ကျွန်တော်တို့ရဲ့အခွင့်အရေးတွေကိုထိခိုက်စေတာမျိုးလည်းမရှိပါဘူး။ဘရာဇီးအသင်းကိုရှုံးနိမ့်သွားခဲ့ပြီဆိုပြီးတွေးပူပြီးအိပ်ရေးပျက်တဲ့သူတယောက်မှမရှိပါဘူး။သူတို့ဟာ ခံစစ်ပိုင်းမှာလည်းကျစ်လစ်မှုရှိပါတယ်။သူတို့ဟာ ခံစစ်နဲ့ တိုက်စစ်မှာတစ်ဦးချင်းအကောင်းဆုံးကျော်ဖြတ်အနိင်ယူနိုင်စွမ်းရှိကြပြီး ဘယ်လိုကျဉ်းထဲကျပ်ထဲရောက်ရောက်အဖြေရှာတတ်ကြပါတယ်။ကျွန်တော်တို့ဟာ မကြာခင်မျက်မြင်ကိုယ်တွေ့သူတို့နဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ဒီပွဲမှာတစ်ဦးကောင်းကစားနေလို့ကတော့ ကျိန်းသေရှုံးနိမ့်မှာပဲဖြစ်ပါတယ်။”



“တစ်ဦးချင်းအရည်အသွေးတွေနဲ့ကစားနေလို ့ကတော့ ဘာအခွင့်အရေးမှရှိမှာမဟုတ်ပါဘူး။အသင်းလိုက်စိတ်ဓာတ်နဲ့ တစ်ဦးချင်းစီက အကောင်းဆုံးတိုက်ပွဲဝင်သွားမယ်ဆိုရင်တော့ ကျွန်တော်တို ့လုပ်နိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို ့ကလည်း ဒီလိုလုပ်ဖို့ပဲ တွေးထားပါတယ်”လို့ပြောခဲ့ပါတယ်။


ဘယ်ဂျီယံအသင်းဟာ အဲဗာတန်နည်းပြဟောင်း တဦးဖြစ်သူ မာတီနက်ဇ်ရဲ့လက်အောက်မှာတိုးတက်မှုတွေရှိထားတဲ့အသင်းဖြစ်ပြီး ၃-၄-၃အခင်းအကျင်းမှာ တိုက်စစ်ပုံစံကောင်းကိုပြသနေပါတယ်။
ကွန်ပနီကလည်း ဒီအချက်ကို အခိုင်အမာအတည်ပြုခဲ့ပြီး ခံစစ်ပိုင်းလိုအပ်ချက်အချို့ရှိနေပေမယ့် ဘရာဇီးကို ရင်ဆိုင်သွားဖို့ယုံကြည်ချက်အပြည့်ရှိနေတယ်လို့ဆိုပါတယ်။

ကွန်ပနီကဆက်လက်ပြီး “ဘောလုံးကို စွဲဆောင်မှုရှိရှိကစားတဲ့နေရာမှာကျွန်တော်တို့အသင်း တိုးတက်မှုတွေရှိထားခဲ့ပါပြီ။တိုက်စစ်ပိုင်းဟာ ကျွန်တော်တို့ရဲ့ အားသာချက်ဖြစ်တယ်ဆိုတာကိုပြသထားနိုင်ခဲ့ပြီး ဂိုးတွေလည်း အများကြီးသွင်းယူထားနိုင်ခဲ့ပါတယ်။ဘရာဇီးနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာတော့ ခြေစွမ်းနောက်တဆင့်တိုးတက်ပြီးကစားနိုင်ဖိုု ့လိုပါတယ်။အနည်းဆုံးတော့ အဲ့လိုကစားနိူင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”လို့ပြောခဲ့ပါတယ်။

#SkySports

No comments

Powered by Blogger.