#Mailonline
လူကောင်သေးတာကို ကျွန်တော်ဂရုမစိုက်ပါဘူး။ကျွန်တော်ဟာလျင်မြန်ပြီး စွမ်းဆောင်ရည်အပြည့်ရှိပါတယ်။
မနေ ့ည က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုလံဘီယာ အသင်းနဲ့ အင်္ဂလန်အသင်းတို ့ရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပြိုင်ပွဲမှာ သာမန်ပွဲကစားချိန်အတွင်း ၁ ဂိုးစီ သရေကျနေတဲ့ အတွက် အချိန်ပို ဆက်ကစားခဲ့ကာ အဖြေမပေါ် ခဲ့တာကြောင့် ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ကြပါတယ်။
အင်္ဂလန်အသင်းဟာ ပယ်နယ်တီ ၅လုံးကန်သွင်းရာမှာ ၄လုံးဝင်ခဲ့ပြီး ကိုလံဘီယာ အသင်းက ၅လုံး ကန်သွင်းရာမှာ ၃လုံးသာဝင်ခဲ့တဲ့ အတွက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
ကိုလံဘီယာ အသင်းရဲ့ ၅ လုံးမြောက် ပယ်နယ်တီကို လှလှပပ ကာကွယ်ပုတ်ထုတ်သွားပြီး အင်္ဂလန်ရဲ့ ပယ်နယ်တီ ကျိန်စာဆိုးကို လွတ်မြောက်အောင် ကယ်တင်ပေးခဲ့တဲ့ ပစ်ဖို ့ဒ် က ဘယ်လ်ဂျီယံ နဲ့ ပွဲမှာ ဂျာနူဇက် ရဲ့ သွင်းဂိုးကို မဖမ်းနိုင်ခဲ့တဲ့အပေါ် ဝေဖန်ခဲ့တဲ့ ဂိုးသမား ကော်တိုရစ် ကို ပြန်လည်တုံ ့ပြန်ပြောကြားလိုက်ပါတယ်။
" ကျွန်တော် လေ့လာမှုတွေ အားလုံးလုပ်ခဲ့ပြီးပြီ။ ကျွန်တော့်မှာ လျင်မြန်ပြီး စွမ်းအင် အပြည့်ရှိတယ့် စွမ်းဆောင်ရည်တွေ ရှိပြီးသားပါ။"
အရပ် ၆ပေ ၆လက်မ ရှိတဲ့ဘယ်လ်ဂျီယံ ဂိုးသမား ကော်တိုရစ်က ပစ်ဖို ့ဒ်ဟာ ဂျာနူဇက် ရဲ့ သွင်းဂိုးကို ဖမ်းဖို ့ အရပ်ပုလွန်းနေတယ်လို ့ဝေဖန်သွားတာပဲဖြစ်ပါတယ်။
" ကျွန်တော်ဟာ အကောင်ကြီးတဲ့ ဂိုးသမားတစ်ယောက်မဟုတ်သော်လည်း ဂရုမစိုက်ပါဘူး။ ဘာဖြစ်လို ့လဲဆိုတော့ ကာကွယ်ပုတ်ထုတ်ရမယ့် အခိုက်အတန့် အချိန်မှာ ကျွန်တော် အမြဲရှိနေလို ့ပါ။" လို ့ပြန်လည်တုံ ့ပြန်ပြောကြားခဲ့ပါတယ်။
ကိုလံဘီယာ ရဲ့ ၅ လုံးမြောက် ပယ်နယ်တီမှာ ကိုလံဘီယာ ကစားသမား ကာလို ့စ် ဘာကာက ဂိုးအလယ်ကို ကန်သွင်းတာပဲဖြစ်ပါတယ်။
ညာဘက် ကို ဒိုက်ပစ်ထားပြီးဖြစ်နေတဲ့ ပစ်ဖို ့ဒ် ဟာ သူ ့ရဲ့ ဘယ်ဘက်လက်နဲ့ ဘာကာရဲ့ ကန်သွင်းမှု ကို ပုတ်ထုတ်ပြခဲ့ပါတယ်။
ဆက်လက်ပြီး အရပ် ၆ပေ ၁လက်မ သာရှိတဲ့ အဲဗာတန် ဂိုးသမား ပစ်ဖို ့ဒ်က " ဒါဟာ တည်နေရာအနေအထားနဲ့ ဆိုင်ပါတယ်။ ကျွန်တော် ဘောလုံးကို ပုတ်ထုတ်ဖို ့လက်တစ်ဖက် ကျန်ခဲ့တာမို ့ပါ။"
" ဒီပွဲဟာ ကျွန်တော်တို ့ရဲ့ ပွဲဆိုတာ လူတိုင်းသိကြပါတယ်။ ပယ်နယ်တီ အထိ သွားရင်တောင်မှ ကျွန်တော်တို ့နိုင်မယ်ဆိုတာ ကျွန်တော်တို ့အားလုံးသိနေကြပါတယ်။" လို ့ဆိုသွားခဲ့ပါတယ်။
#Mailonline
Post a Comment