ယူနိုက်တက်အသင်းအတွက် လူသစ်ခေါ်ယူမှုနဲ့ ပတ်သတ်ပြီး မော်ရင်ဟို ဘာပြောလိုက်ပြီလဲ?
(Unicode)
ယူနိုက်တက် နည်းပြမော်ရင်ဟို ယခုနှစ်နွေရာသီအပြောင်းအရွှေ ့ကာလမှာ ယူနိုက်တက်အသင်းအတွက် ကစားသမားသစ် အင်အားဖြည့်တင်းဖို ့အစီအစဉ်မရှိသေးကြောင်းပြောကြားလိုက်ပါတယ်။
Manchester Evening News ရဲ ့ဖော်ပြချက်အရ US မှာရာသီကြိုခြေစမ်းပွဲအတွက် ရောက်ရှိနေကြတဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားများ နှင့် သူတို ့ရဲ့ နည်းပြ ဖြစ်တဲ့ မော်ရင်ဟို ကို အင်တာဗျူးခဲ့ ရမှာတော့ မော်ရင်ဟိုဟာ အသင်းမှာ လူစာရင်းအင်အားထပ်မံဖြည့်တင်းဖို ့မသေချာသေးကြောင်းပြောကြားခဲ့ပါတယ်။
အပြောင်းအရွှေ ့ရာသီဟာရှေ ့လသြဂတ် ၉ရက်နေ ့မှာ ပြီးဆုံးမှာပဲဖြစ်ပါတယ်။
အဆိုပါ ၉ ရက်နေ ့ဟာ ယူနိုက်တက် ရဲ့ ပရီးမီးယားလိပ် ပွဲဦးထွက်ပွဲဖြစ်တဲ့ လက်စတာစီးတီးနဲ့ ပွဲမတိုင်ခင် တစ်ရက်အလို ဖြစ်နေပါတယ်။
ယူနိုက်တက်အသင်း မှာ နောက်ထပ်မျက်နှာသစ်ကစားသမား အသစ်တွေ ရောက်ရှိလာမှာလားဆိုတဲ့ မေးမြန်းမှုအပေါ်
" ကျွန်တော့်မှာ အစီအစဉ်တော့မရှိသေးပါဘူး။"
" ကျွန်တော်ခင်ဗျားတို ့ကို လိမ်ပြောနေတာမဟုတ်ပါဘူး။ ဘယ်သူတော့လာလိမ့်မယ်၊ဘယ်သူကတော့မလာဘူးဆိုပြီး ခင်ဗျားတို့ကို ပြောပြနေမှာမဟုတ်ပါဘူး"
" ကျွန်တော်တို ့လီဂရန့်ကိုခေါ်ယူခဲ့ပါတယ်။ဘာလို ့လဲဆိုတော့ ကျွန်တော့်အသင်းမှာ ပွဲထွက်ခွင့်ရဖို ့လိုအပ်နေတဲ့ လူငယ်ဂိုးသမားလေး ဂျိုလ်အတွက်ပါ။ဂျိုလ်ဟာ မန်ယူနိုက်တက် ရဲ့ ဂိုးသမားတစ်ယောက်ပါ။ဒါပင်မယ့် သူဟာ ၂ရာသီနီးပါး ပွဲထွက်ခွင့်မရခဲ့ပါဘူး။ဒါပင်မယ့် သူ ့နေရာမှာ အစားထိုးနိုင်ဖို ့ ကျွန်တော်တို အတွေ ့အကြုံ ရင့်ကျက်နေတဲ့ လီဂရန် ့နဲ့ အစားထိုးနိုင်ခဲ့ပါတယ်။ သူဟာ စတုတ်စီးတီး မှာ အတွေ ့အကြုံ တွေ ကောင်းကောင်းရထားပြီးသားပါ။"
" ဂျိုလ်ဟာဒီမှာ တော့ဝင်ကစားမှာပါ။(ရာသီကြိုပွဲစဉ်) သူ ့အတွက် ဒါဟာ ကောင်းပါတယ်။ဒါပင်မယ့် ဒီပွဲတွေပြီးရင်တော့ သူ အငှားထွက်ကစားနိုင်ပါတယ်။"
မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနှစ်အပြောင်းအရွှေ ့ကာလ မှာ လီဂရန် ့၊ ဒယ်လော့နဲ့ ဖရဒ်တို ့ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။
" ဖရဒ်ဟာ ကျွန်တော်တို ့အသင်းရဲ့ တော်တော်လေးကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်ခဲ့ပါတယ်။ကျွန်တော်တို ့ဆီမှာ မိုက်ကယ်ကာရစ် မရှိတော့ပါဘူး။ဖရဒ်ဟာ သူ ့နေရမှာ ကောင်းကောင်းအစားထိုး အသုံးပြုနိုင်ပါတယ်။ကျွန်တော်တို ့ကွင်းလယ်မှာ လိုအပ်နေတဲ့ အရည်အသွေးကို ဖရဒ်က ဖြည့်ဆည်းပေးပါလိမ့်မယ်။"
" ဒယ်လော့ ဟာဆိုရင်လည်း ဒဏ်ရာအသေးစားလေးရနေပါတယ်။တကယ့် ဒဏ်ရာသေးသေးလေးပါ။ ခွဲစိတ်မှုအသေးစားလေးလည်း လုပ်ထားပါတယ်။ကျွန်တော်တို ့သူ ့ကို အဆုံးရှုံးမခံပါဘူး။ သူပြန်လည်ကောင်းမွန်လာနေပါပြီ။သူ အင်္ဂလန်ကို ပြန်လာရင် ထရိန်နင်ဆင်းနိုင်တော့မှာ။ ရာသီအစတော့ သူပါမယ်မထင်ပါဘူး။"
ကစားသမားအသစ် ဖရဒ်ဟာ ဒေးဗစ်ဒီဂီယာ၊ မာတစ် တို ့နဲ့ အတူ လာမယ့် အပတ်မှာ ယူနိုက်တက် ရဲ့ ခြေစမ်းပွဲ US ခရီးစဉ်ကို လာရောက်ပူးပေါင်းနိုင်မှာပဲဖြစ်ပါတယ်။ မော်ရင်ဟို ဟာ ကမ္ဘာ ့ဖလားပြိုင်ပွဲကြောင့် ကစားသမား ၁၂ ယောက်အထိ မပါ ပဲ US ကို ခရီးနှင်လာခဲ့ရတာပဲဖြစ်ပါတယ်။
" ရာသီကြိုကာလဟာသိပ်ဆိုးရွားလွန်းတယ်ဗျာ။ဒါနဲ့ ပတ်သတ်ပြီး အကောင်းမြင်နိုင်တာဆိုလို ့လူငယ်ကစားသမားလေးတွေအတွက်တော့အခွင့်ကောင်းပါ။မန်ချက်စတာယူနိုက်တက်ပထမဦးစားပေးကစားသမားတစ်ယောက်ရဲ့ ဘဝဟာ ဘာတွေလိုအပ်မလဲ သူတို ့အသေးစိတ် သိသွားနိုင်ပြီး တကယ်တော်တဲ့ ကစားသမားတွေနဲ့ ကစားရဖို ့အခွင့်အရေးရှိသွားပါမယ်။လီဗာပူး၊ရီးရဲလ်၊အေစီမီလန် အသင်းတို ့နဲ့ ကစားရမှာဆိုတော့ သူတို ့အသင်းရဲ့ ဓလေ့စရိုက်ကို ကောင်လေးတွေ လေ့လာခွင့်ရတာပေါ့။ နောက်ပြီး MLS ကလပ်ရယ် မက္ကစီကိုကလပ်နဲ့ ပါ ကစားရဦးမှာပါ။"
" နောက်ထပ် အကောင်းမြင်စရာတစ်ခု က အသင်းနည်းပြ အဖွဲ ့ဝင်အသစ်တွေဖြစ်တဲ့ ကာရစ်၊ မက်ကီနာ၊ ရပ်တီနာ တို ့၃ယောက်ဟာ တစ်သင်းလုံးနဲ့ ပူးပေါင်းဖို ့မလိုအပ်သေးပဲ နည်းပြနိုင်ခွင့်ရတာဟာ သူတို ့တွက် သိပ်ကောင်းတာပေါ့။ ကျွန်တော်နဲ့ လိုက်လျောညီထွေမှုရှိအောင်၊ ကျွန်တော်ရဲ့ လိုအပ်ချက်တွေကို ကောင်းကောင်းသိနေအောင်ရယ် ပြီးတော့ အသင်းရဲ့ လိုအပ်ချက်အသစ်တွေကို သူတို ့သိသွားကြမှာဆိုတော့ သိပ်ကောင်းပါတယ်။"
"ကျွန်တော် အခု စိုးရိမ်နေပါတယ်။ဪ. ဒီမှာ လီဗာပူးအသင်း၊ရီးရဲလ်၊ မီလန်တို ့နဲ့ ကန်ရမှာ မို ့လို ့စိတ်ပူနေတာမဟုတ်ဘူးနော်။ဆိုးဆိုးရွားရွားရှုံးလည်း မစိုးရိမ်ပါဘူး။ စိုးရိမ်တာက ကစားသမားတွေ အားလုံးနဲ့ ထရိန်နင်ကောင်းကောင်းမဆင်းရပဲ အင်္ဂလန်ပြန်ရမှာမို ့လို ့ပါ။ဒါပင်မယ့် ဘာပဲဖြစ်ဖြစ် ဒီမှာရှိတဲ့ကစားသမားတွေဆီက အကောင်းဆုံးတွေ ကို ညစ်ထုတ်ပြီး လုပ်ဆောင်သွားမှာပါ။"
" လုခ်ရှော၊အဲရစ်ဘိုင်လီနဲ့ အငှားကနေ ပြန်ရောက်လာတဲ့ ပါရဲရားတို ့အတွက်တော့ ဒါဟာ အရမ်းကိုကောင်းမွန်ပါလိမ့်မယ်။ဒါကြောင့် ကျွန်တော်တို ့အကောင်းမြင်ရပါမယ်။" လို ့ပြောကြားသွားပါတယ်။
Post a Comment