Header Ads


အသင်းဟောင်းအေးဂျက်စ် ဆီ ပြန်လည်ရောက်ရှိသွားပြီဖြစ်တဲ့ ဒီလေးဘလိုင်း





မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူ ဒီလေးဘလိုင်းဟာ အသင်းဟောင်းအေးဂျက်စ် ဆီ ပေါင် ၁၄ သန်းဖြင့် တရားဝင်ပြန်လည်ပြောင်းရွှေ့ သွားခဲ့ပြီပဲဖြစ်ပါတယ်။

ဗဟိုနောက်ခံလူနေရာ၊ဘယ်နောက်ခံလူနေရာနဲ့ ကွင်းလယ်ခံစစ်နေရာပါ ကစားနိုင်ခဲ့တဲ့ နယ်သာလန် ကစားသမား ဒီလေးဘလိုင်း ဟာ ၂၀၁၅-၂၀၁၆ ရာသီ က မန်ယူနိုက်တက် ကို ပြောင်းရွှေ့ လာခဲ့တာဖြစ်ပြီး နည်းပြဟောင်း လူးဝစ်ဗန်ဟားရဲ့ အကြိုက်ကစားသမားဖြစ်ခဲ့ပါတယ်။

အဆိုပါရာသီမှာတင် ပရီးမီးယားလိပ်ပွဲပေါင်း ၃၅ ပွဲအထိပွဲထွက်ခွင့်ရတဲ့ ဘလိုင်း ဟာ လက်ရှိနည်းပြ မော်ရင်ဟို ကိုင်တွယ်နေတဲ့ ကာလမှာတော့ ပွဲထွက်ခွင့် အချို့ ပျောက်ဆုံးခဲ့ပြီး မော်ရင်ဟို အကြိုက်ကစားသမားတစ်ယောက်မဟုတ်တော့ပါဘူး။





ယူနိုက်တက်မှာ စာချုပ်သက်တမ်းကျန်နေသေးတဲ့ ဘလိုင်းဟာ အသင်းဟောင်း အေးဂျက်စ်ဆီ ပြန်လည်ပူးပေါင်းသွားခဲ့ပြီး ယူနိုက်တက်မှာ ကစားခဲ့စဉ် FAဖလား၊ ယူရိုပါလိပ်ဖလား၊ လိပ်ဖလား တို့ ကို ရယူထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ 

အသက် ၂၈ နှစ်အရွယ် ဒီလေးဘလိုင်းဟာ အေးဂျက်စ် အသင်းမှာ ၂၀၂၂ခုနှစ် ရှိနေမှာဖြစ်ပြီး အေးဂျက်အသင်းကတော့ သူတို့ အသင်းရဲ့ လူဟောင်းကြီးကို ပြန်လည်ရရှိခဲ့ပြီး မနှစ်က Eredivisie လိပ်မှာ ချန်ပီယံဖြစ်ခဲ့ တဲ့ PSV အသင်းကို ပြန်လည်ချေမှုန်းလိုနေတာပဲဖြစ်ပါတယ်။



ဒီလေးဘလိုင်းကတော့ သူ့ ရဲ့တွစ်တာစာမျက်နှာမှာ မန်ချက်စတာယူနိုက်တက်၊ အသင်းဖော်တွေ နဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ပါကြောင်း ရေးသားခဲ့ပါတယ်။

(Unicode)

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူ ဒီလေးဘလိုင်းဟာ အသင်းဟောင်းအေးဂျက်စ် ဆီ ပေါင် ၁၄ သန်းဖြင့် တရားဝင်ပြန်လည်ပြောင်းရွေ ့သွားခဲ့ပြီပဲဖြစ်ပါတယ်။

ဗဟိုနောက်ခံလူနေရာ၊ဘယ်နောက်ခံလူနေရာနဲ့ ကွင်းလယ်ခံစစ်နေရာပါ ကစားနိုင်ခဲ့တဲ့ နယ်သာလန် ကစားသမား ဒီလေးဘလိုင်း ဟာ ၂၀၁၅-၂၀၁၆ ရာသီ က မန်ယူနိုက်တက် ကို ပြောင်းရွေ ့လာခဲ့တာဖြစ်ပြီး နည်းပြဟောင်း လူးဝစ်ဗန်ဟားရဲ့ အကြိုက်ကစားသမားဖြစ်ခဲ့ပါတယ်။

အဆိုပါရာသီမာတင် ပရီးမီးယားလိပ်ပွဲပေါင်း ၃၅ ပွဲအထိပွဲထွက်ခွင့်ရတဲ့ ဘလိုင်း ဟာ လက်ရိနည်းပြ မော်ရင်ဟို ကိုင်တွယ်နေတဲ့ ကာလမာတော့ ပွဲထွက်ခွင့် အချို ့ပျောက်ဆုံးခဲ့ပြီး မော်ရင်ဟို အကြိုက်ကစားသမားတစ်ယောက်မဟုတ်တော့ပါဘူး။


ယူနိုက်တက်မာ စာချုပ်သက်တမ်းကျန်နေသေးတဲ့ ဘလိုင်းဟာ အသင်းဟောင်း အေးဂျက်စ်ဆီ ပြန်လည်ပူးပေါင်းသွားခဲ့ပြီး ယူနိုက်တက်မာ ကစားခဲ့စဉ် FAဖလား၊ ယူရိုပါလိပ်ဖလား၊ လိပ်ဖလား တို ့ကို ရယူထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ 

အသက် ၂၈ နစ်အရွယ် ဒီလေးဘလိုင်းဟာ အေးဂျက်စ် အသင်းမာ ၂၀၂၂ခုနစ် ရိနေမာဖြစ်ပြီး အေးဂျက်အသင်းကတော့ သူတို ့အသင်းရဲ့ လူဟောင်းကြီးကို ပြန်လည်ရရိခဲ့ပြီး မနစ်က Eredivisie လိပ်မာ ချန်ပီယံဖြစ်ခဲ့ တဲ့ PSV အသင်းကို ပြန်လည်ချေမုန်းလိုနေတာပဲဖြစ်ပါတယ်။




ဒီလေးဘလိုင်းကတော့ သူ ့ရဲ့တွစ်တာစာမျက်နာမာ မန်ချက်စတာယူနိုက်တက်၊ အသင်းဖော်တွေ နဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ပါကြောင်း ရေးသားခဲ့ပါတယ်။

No comments

Powered by Blogger.