Header Ads


မန်ဇူကစ် အနိုင်ဂိုးသွင်းပြီးချိန်မှာ ဂိုးထပ်သွင်းခဲ့တဲ့အင်္ဂလန်





မနေ့ ည ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အင်္ဂလန် နဲ့ ခရိုအေးရှား ပွဲမှာ သာမန်ပွဲကစားချိန်အတွင်း - သရေရလဒ်ဖြစ်နေတာကြောင့် အချိန်ပို မိနစ် ၃၀ ဆက်လက်ကစားခဲ့ရာ ပွဲကစားချိန် ၁၁၀ မိနစ်မှာ ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်က အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

မန်ဇူးကစ် နဲ့ အသင်းဖော်တွေဟာ ဂိုးသွင်ပြီး အောင်ပွဲခံနေချိန်မှာတော့ အင်္ဂလန်အသင်းသားတွေဟာ ပွဲကို မြန်မြန်စတင်ခဲ့ပြီး ခရိုအေးရှား အသင်းသားတွေထဲ ကွင်းထဲမရောက်ခင် ဂိုးသွင်းနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။




ဒါကို ရုပ်သံတိုက်ရိုက်လွှင့်မှု အစီအစဉ်မှာ မပြသခင် ပင်မယ့် Luzhniki ကွင်းထဲမှာ ရှိနေတဲ့ ပရိတ်သတ်တစ်ဦး က အင်္ဂလန်အသင်းရဲ့ တိုက်စစ်ဆင်မှုကို အမိအရ ရိုက်ယူထားနိုင်ခဲ့ပါတယ်။

ဘောလုံးစည်းမျဉ်းအရ တစ်ဖက်အသင်းရဲ့ အသင်းသားတစ်ဦးဟာ ကွင်းထဲမှာရှိနေရင်တော့ ကွင်းလယ်စပေးဘောနေရာ ကနေ ပွဲကို ပြန်လည်စတင်နိုင်ပြီး တစ်ဖက်အသင်းရဲ့ အောင်ပွဲခံချိန်ကြာမြင့်မှုကို သင်ခန်းစာပေးနိုင်ပါတယ်။


တစ်ဖက်ခရိုအေးရှား အသင်းမှာ ဂိုးသမား တစ်ဦးဖြစ်တဲ့ ဆူဘာဆစ်ရှိနေတဲ့ အတွက် အင်္ဂလန်ဟာ ထို အခွင့်အရေးကို အသုံးချပြီး ဂိုးသွင်းဖို့ ပြုလုပ်ခဲ့ပါတယ်။


ဒါပင်မယ့် ဒိုင်လူကြီး ကပွဲပြန်စတင်ဖို့ ညွှန်ကြားမှသာ အဆိုပါ ဥပဒေဟာ အကျုံးဝင်တာဖြစ်ပြီးတော့ အဆိုပါပွဲကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးကတော့ ပွဲစတင်ဖို့ ဝီစီမမှုတ်ခဲ့ကြောင်းသိရပါတယ်။
(Unicode)

မန်ဇူကစ် အနိုင်ဂိုးသွင်းပြီးချိန်မာ ဂိုးထပ်သွင်းခဲ့တဲ့အင်္ဂလန်


မနေ ့ည ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အင်္ဂလန် နဲ့ ခရိုအေးရား ပွဲမာ သာမန်ပွဲကစားချိန်အတွင်း ၁-၁ သရေရလဒ်ဖြစ်နေတာကြောင့် အချိန်ပို မိနစ် ၃၀ ဆက်လက်ကစားခဲ့ရာ ပွဲကစားချိန် ၁၁၀ မိနစ်မာ ခရိုအေးရားတိုက်စစ်မူး မန်ဇူကစ်က အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

မန်ဇူးကစ် နဲ့ အသင်းဖော်တွေဟာ ဂိုးသွင်ပြီး အောင်ပွဲခံနေချိန်မာတော့ အင်္ဂလန်အသင်းသားတွေဟာ ပွဲကို မြန်မြန်စတင်ခဲ့ပြီး ခရိုအေးရား အသင်းသားတွေထဲ ကွင်းထဲမရောက်ခင် ဂိုးသွင်းနိုင်ဖို ့ကြိုးစားခဲ့ကြပါတယ်။



ဒါကို ရုပ်သံတိုက်ရိုက်လွင့်မု အစီအစဉ်မာ မပြသခင် ပင်မယ့် Luzhniki ကွင်းထဲမာ ရိနေတဲ့ ပရိတ်သတ်တစ်ဦး က အင်္ဂလန်အသင်းရဲ့ တိုက်စစ်ဆင်မုကို အမိအရ ရိုက်ယူထားနိုင်ခဲ့ပါတယ်။

ဘောလုံးစည်းမျဉ်းအရ တစ်ဖက်အသင်းရဲ့ အသင်းသားတစ်ဦးဟာ ကွင်းထဲမာရိနေရင်တော့ ကွင်းလယ်စပေးဘောနေရာ ကနေ ပွဲကို ပြန်လည်စတင်နိုင်ပြီး တစ်ဖက်အသင်းရဲ့ အောင်ပွဲခံချိန်ကြာမြင့်မုကို သင်ခန်းစာပေးနိုင်ပါတယ်။

တစ်ဖက်ခရိုအေးရား အသင်းမာ ဂိုးသမား တစ်ဦးဖြစ်တဲ့ ဆူဘာဆစ်ရိနေတဲ့ အတွက် အင်္ဂလန်ဟာ ထို အခွင့်အရေးကို အသုံးချပြီး ဂိုးသွင်းဖို ့ပြုလုပ်ခဲ့ပါတယ်။


ဒါပင်မယ့် ဒိုင်လူကြီး ကပွဲပြန်စတင်ဖို ့ညွန်ကြားမသာ အဆိုပါ ဥပဒေဟာ အကျုံးဝင်တာဖြစ်ပြီးတော့ အဆိုပါပွဲကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးကတော့ ပွဲစတင်ဖို ့ဝီစီမမုတ်ခဲ့ကြောင်းသိရပါတယ်။

No comments

Powered by Blogger.