ကျွန်တော်သွားချင်တဲ့အသင်းခင်ဗျားတို့ သိပါတယ်။-ဟာဇက်
အင်္ဂလန် အသင်းကို အနိုင်ရပြီး ဘယ်လ်ဂျီယံအသင်းကို ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ တတိယနေရာပို့ ပေးခဲ့တဲ့ ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင်က သူဟာ စတန်းဖိုဒ်ဘရစ်ခ်ျ ကနေထွက်ခွာဖို့  အဆင်သင့်ဖြစ်နေပြီလို့ ဆိုလိုက်ပါတယ်။
(Unicode)
ဒီရာသီ ရီးရဲလ်အသင်းရဲ့ ပစ်မှတ်ကစားသမား ချဲလ်ဆီးတိုက်စစ်မှူး အင်ဒီဟာဇက်က ရီးရဲလ်အသင်းကို ပြောင်းရွှေ ့မယ့် အကြောင်းကို အရိပ်အမြွက်ပြောကြားသွားခဲ့ပါပြီ။
အင်္ဂလန် အသင်းကို အနိုင်ရပြီး ဘယ်လ်ဂျီယံအသင်းကို ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ တတိယနေရာပို ့ပေးခဲ့တဲ့ ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင်က သူဟာ စတန်းဖိုဒ်ဘရစ်ချ် ကနေထွက်ခွာဖို ့ အဆင်သင့်ဖြစ်နေပြီလို ့ဆိုလိုက်ပါတယ်။
ချဲလ်ဆီး အသင်းဟာ မနေ ့က အသင်းရဲ့ နည်းပြနေရာ မှာ ဆာရီကို ခန် ့အပ်ခဲ့ပြီးနောက် ဟာဇက်ဟာ လည်း အသင်းကနေထွက်ခွာဖို ့အကြောင်းဖန်လာခဲ့ပါပြီ။
" ချဲလ်ဆီးအသင်း မှာ ၆ နှစ်အကြာ အံသြသင့်စရာ အပြည့်ဖြင့် ရှိနေခဲ့ပြီးနောက် ကွဲပြားခြားနားမယ့် အရာကို ရှာဖွေဖို ့အချိန်ကျပါပြီ။"
" ကမ္ဘာ ့ဖလားပြိုင်ပွဲဟာ ဒီနေ ့ပြီးပြီဆိုတော့ ကျွန်တော ဆက်နေမလား မနေဘူးလားဆုံးဖြတ်တော့မှာပါ။"
" ကျွန်တော့်ကို ချဲလ်ဆီး အသင်းက ထွက်ခွာခွင့်ပြုမယ်ဆိုရင်တော့ သူတို ့ဟာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်သွားပါလိမ့်မယ်။"
" ကျွန်တော် ဘယ်အသင်းကိုသွားချင်လည်း ခင်ဗျားတို ့သိပါတယ်။"
ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းဖို ့ စိတ်အားထက်သန်နေတဲ့ အသက် ၂၇ အရွယ်ဘယ်လ်ဂျီယံစတားဟာ ဂျူဗင်တပ်စ်ကိုထွက်ခွာသွားတဲ့ စီရော်နယ်ဒို ရဲ့ နေရာရေရှည်အစားထိုးဖို ့ ရည်ရွယ်ခြင်းခံထားရတဲ့သူလည်းဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ စာချုပ်သက်တမ်း ၂နှစ်အထိကျန်နေသေးတဲ့ ဟာဇက် ကို ပေါင် သန်း ၁၅၀ အထိ အလိုရှိနေတာလည်းဖြစ်ပါတယ်။
သူ ့ကို ပရီးမီးယားလိပ်ပြိုင်ဘက် မန်စီးတီးအသင်းကလည်း အလိုရှိနေတာဖြစ်ပြီး ဘာနေဗျူးကို ချစ်ခင်မြတ်နိုးနေတဲ့ အင်ဒီဟာဇက်ကို ချဲလ်ဆီးအသင်းက ပြည်တွင်းပြိုင်ဘက်ထံ ဘယ်တော့မှရောင်းချမှာမဟုတ်ကြောင်းသိရပါတယ်။
အင်ဒီဟာဇက် ဟာ အင်္ဂလန်အသင်းကို ၂-၀ ဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး တတိယနေရာ နဲ့ ဘယ်လ်ဂျီယံ အသင်းကို အဆုံးသတ်စေခဲ့တာပဲဖြစ်ပါတယ်။
Post a Comment