သူ ့ရဲ႕ အနာဂတ္အစီအစဥ္အေၾကာင္းေျပာၾကားခဲ့တဲ့ ဘာေပး
ျပင္သစ္အသင္းရဲ႕ တိုက္စစ္မွဴး ဘာေပးဟာ ၂၀၁၈ ကမာၻ ့ဖလားၿပိဳင္ပြဲရဲ႕ အေကာင္းဆံုးလူငယ္ကစားသမားဆုကို ရရွိခဲ့ၿပီးေနာက္ သူ ့ရဲ႕ အနာဂတ္အစီအစဥ္အေၾကာင္းကို အခုလို ဖြင့္ဟေျပာၾကားသြားပါတယ္။
" ကၽြန္ေတာ္ PSG မွာပဲဆက္ရွိေနမွာပါ။ ကစားေဖာ္ေတြနဲ႔ ေရွ ့ဆက္သြားမွာပါ။" လို ့ေမာ္စကိုၿမိဳ ့ရဲ႕ သတင္းေထာက္မ်ားကို ေျပာၾကားသြားပါတယ္။
PSG အသင္းဟာ အသင္းဘ႑ာေရးမွ်ေခ်စည္းမ်ဥ္းအရ ေပါင္သန္း ၆၀ တန္ ကစားသမား တစ္ဦးကို ေရာင္းခ်ရမွာျဖစ္ၿပီး ဘာေပးကို ေရာင္းထုတ္ဖို ့ရွိေနတယ္လို ့သတင္းေတြ ထြက္ေပၚေနတာပဲျဖစ္ပါတယ္။
" ကၽြန္ေတာ့္ ရဲ႕ ကစားသမားဘဝ ကအခုမွ အစပဲရွိပါေသးတယ္။"
ခ႐ိုေအးရွားအသင္းကို ၄-၂ ျဖင့္အႏိုင္ရတဲ့ပြဲမွာ ေနာက္ဆံုးအပိတ္ဂိုးကို သြင္းယူႏိုင္ခဲ့တဲ့ ဘာေပးက ဆက္လက္ၿပီးေျပာၾကားခဲ့ပါေသးတယ္။
" ကၽြန္ေတာ္အၿမဲတမ္းကစားေနၾကတဲ့အတိုင္း ကစားခဲ့တာပါ။ ဖိုင္နယ္မွာ ဂိုးသြင္းခြင့္ရတာဟာ ထူးထူးျခားျခားပါပဲ။"
" ဒီလို ေပ်ာ္ရႊင္စရာ အခိုက္အတန္ ့ေတြကို ရရွိဖို ့ကၽြန္ေတာ္အရမ္းႀကိဳးစားခဲ့ပါတယ္။ဒါဟာ အဆံုးတစ္ခုမဟုတ္ပါဘူး။ ကၽြန္ေတာ္တို ့ဆက္သြားမွာပါ။ ဒီထက္အမ်ားႀကီး သြားႏိုင္ဖို ့ကၽြန္ေတာ့္မွာ ရည္မွန္းခ်က္ရွိပါတယ္။"
" ဒီလိုမ်ိဴးျဖစ္လာေအာင္ကၽြန္ေတာ္ျပင္ဆင္ခဲ့ပါတယ္။ဒါပင္မယ့္ ကြင္းထဲမွာသက္ေသျပဖို ့ေတာ့လိုအပ္ပါတယ္။"
" ႏိုင္ငံတကာ ပြဲေတြက ဖိအားအမ်ားႀကီးေပးပါတယ္။ဒါပင္မယ့္ ခင္ဗ်ား ေဘးမွာ တကယ့္ကစားသမားေကာင္းေတြရွိၿပီး ကိုယ့္ကိုယ္ကို ေသခ်ာတယ္ဆိုရင္ ေတာ့ ဒီလိုမ်ိဳးေတြ လုပ္ျပႏိုင္ပါတယ္။" လို ့ေျပာၾကားသြားပါတယ္။
(Unicode)
ပြင်သစ်အသင်းရဲ့ တိုက်စစ်မှူး ဘာပေးဟာ ၂၀၁၈ ကမ္ဘာ ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့ပြီးနောက် သူ ့ရဲ့ အနာဂတ်အစီအစဉ်အကြောင်းကို အခုလို ဖွင့်ဟပြောကြားသွားပါတယ်။
" ကျွန်တော် PSG မှာပဲဆက်ရှိနေမှာပါ။ ကစားဖော်တွေနဲ့ ရှေ ့ဆက်သွားမှာပါ။" လို ့မော်စကိုမြို ့ရဲ့ သတင်းထောက်များကို ပြောကြားသွားပါတယ်။
PSG အသင်းဟာ အသင်းဘဏ္ဍာရေးမျှချေစည်းမျဉ်းအရ ပေါင်သန်း ၆၀ တန် ကစားသမား တစ်ဦးကို ရောင်းချရမှာဖြစ်ပြီး ဘာပေးကို ရောင်းထုတ်ဖို ့ရှိနေတယ်လို ့သတင်းတွေ ထွက်ပေါ်နေတာပဲဖြစ်ပါတယ်။
" ကျွန်တော့် ရဲ့ ကစားသမားဘဝ ကအခုမှ အစပဲရှိပါသေးတယ်။"
ခရိုအေးရှားအသင်းကို ၄-၂ ဖြင့်အနိုင်ရတဲ့ပွဲမှာ နောက်ဆုံးအပိတ်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဘာပေးက ဆက်လက်ပြီးပြောကြားခဲ့ပါသေးတယ်။
" ကျွန်တော်အမြဲတမ်းကစားနေကြတဲ့အတိုင်း ကစားခဲ့တာပါ။ ဖိုင်နယ်မှာ ဂိုးသွင်းခွင့်ရတာဟာ ထူးထူးခြားခြားပါပဲ။"
" ဒီလို ပျော်ရွှင်စရာ အခိုက်အတန် ့တွေကို ရရှိဖို ့ကျွန်တော်အရမ်းကြိုးစားခဲ့ပါတယ်။ဒါဟာ အဆုံးတစ်ခုမဟုတ်ပါဘူး။ ကျွန်တော်တို ့ဆက်သွားမှာပါ။ ဒီထက်အများကြီး သွားနိုင်ဖို ့ကျွန်တော့်မှာ ရည်မှန်းချက်ရှိပါတယ်။"
" ဒီလိုမျိူးဖြစ်လာအောင်ကျွန်တော်ပြင်ဆင်ခဲ့ပါတယ်။ဒါပင်မယ့် ကွင်းထဲမှာသက်သေပြဖို ့တော့လိုအပ်ပါတယ်။"
" နိုင်ငံတကာ ပွဲတွေက ဖိအားအများကြီးပေးပါတယ်။ဒါပင်မယ့် ခင်ဗျား ဘေးမှာ တကယ့်ကစားသမားကောင်းတွေရှိပြီး ကိုယ့်ကိုယ်ကို သေချာတယ်ဆိုရင် တော့ ဒီလိုမျိုးတွေ လုပ်ပြနိုင်ပါတယ်။" လို ့ပြောကြားသွားပါတယ်။
Post a Comment