အဂၤလန္ ကစားသမားေတြဟာ ႏိုင္ငံဂုဏ္ေဆာင္ကစားသမားေတြ ျဖစ္လိုေနၾကပါတယ္။-ကိန္း
အဂၤလန္ အသင္းေခါင္းေဆာင္ဟာရီကိန္းကေတာ့ ဆြီဒင္အသင္း ကို ၂-၀ ျဖင့္ အႏိုင္ရရွိခဲ့ၿပီး ဆီမီးဖိုင္နယ္ အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ အခုလို ေျပာၾကားသြားပါတယ္။
" ဆီမီးအဆင့္မွာ ပြဲႀကီးတစ္ပြဲကို ကၽြန္ေတာ္တို ့ရင္ဆိုင္ကစားရဖို ့ရွိပါေသးတယ္။ဒါပင္မယ့္ ကၽြန္ေတာ္တို ့ယံုၾကည္မႈ အျပည့္နဲ႔ ခံစားမႈက အလြန္ေကာင္းလြန္းေနပါတယ္။" လို ့ ေျပာၾကားသြားပါတယ္။
နည္းျပေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္းဟာ ၁၉၉၀ ေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္ ဆီမီးဖိုင္နယ္တက္ေရာက္ႏိုင္ခဲ့တာပဲျဖစ္ပါတယ္။
" ကၽြန္ေတာ္တို ့ေနာက္ထပ္အေကာင္းဆံုး လုပ္ျပစရာေတြ က်န္ပါေသးတယ္။ ကၽြန္ေတာ္တို ့လုပ္ေဆာင္ႏိုင္တာကို ဆက္လက္လုပ္ေဆာင္သြားမွာ ျဖစ္ၿပီး ႏိုင္ငံ့ဂုဏ္ေဆာင္ေအာင္ ႀကိဳးစားသြားမွာပါ။"
စပါး အသင္းနဲ႔ အဂၤလန္ကြင္းလယ္လူ ဒယ္လီအလီကလည္း အဂၤလန္ကစားသမားေတြဟာ သူတို ့ပံုခံုးေပၚမွာ ထမ္းထားတဲ့ ေမွ်ာ္လင့္ခ်က္ေတြ နဲ႔ အတူ လိုအပ္တဲ့ စြမ္းေဆာင္ရည္ေကာင္းေတြကို ထုတ္ျပႏိုင္ခဲ့ေၾကာင္းသိရပါတယ္။
" ဒါဟာ ကၽြန္ေတာ္တို ့ရဲ႕ တကယ့္ေအာင္ျမင္မႈပါပဲ။ပရိတ္သတ္ေတြ ကၽြန္ေတာ္တို ့အေပၚဘယ္ေလာက္အထိ အားေပးယံုၾကည္ၾကသလဲ ကၽြန္ေတာ္တို ့ျမင္ေတြ ့ခဲ့ရပါတယ္။ဒါဟာ ကၽြန္ေတာ္တို ့ရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ရည္ျပသႏိုင္တဲ့ ပြဲပါပဲ။" လို ့ေျပာၾကားသြားပါတယ္။
ဒါ့အျပင္ ဆြီဒင္ နဲ႔ ပြဲမွာ အပိုင္အခြင့္အေရး ၃ ႀကိမ္ကို အမိအရ ကာကြယ္ေပးခဲ့တဲ့ ဂိုးသမား ပစ္ဖို ့ဒ္နဲ႔ ပတ္သတ္ၿပီး ခ်ီးက်ဴးဂုဏ္ျပဳခဲ့ပါတယ္။
ပစ္ဖို ့ဒ္ ဟာ ၁၆ သင္းအဆင့္မွာ ကိုလံဘီယာ နဲ႔ ေတြ ့ဆံုစဥ္ ပယ္နယ္တီ အဆံုးအျဖတ္ မွာ အေကာင္းဆံုးလက္စြမ္းျပ ကာကြယ္ေပးခဲ့သူ ျဖစ္ပါတယ္။
" ေဂ်ာ္ဒန္ဟာ အရင္ပြဲမွာ သူ ဘယ္ေလာက္အထိ အေရးပါလဲ အသင္းမွာ သက္ေသျပခဲ့ၿပီးပါၿပီ။ အခု ပြဲမွာ လည္း ထပ္မံသက္ေသျပခဲ့ပါတယ္။ ကၽြန္ေတာ္တို ့အတူတူ ေအာင္ပြဲခံၾကဖို ့ပဲရွိပါေတာ့တယ္။" လို BBC နဲ ့အင္တာဗ်ဴး မွာ ေျပာျကားသြားပါတယ္။
(Unicode)
အင်္ဂလန် ကစားသမားတွေဟာ နိုင်ငံဂုဏ်ဆောင်ကစားသမားတွေ ဖြစ်လိုနေကြပါတယ်။-ကိန်း
အင်္ဂလန် အသင်းခေါင်းဆောင်ဟာရီကိန်းကတော့ ဆွီဒင်အသင်း ကို ၂-၀ ဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် အခုလို ပြောကြားသွားပါတယ်။
" ဆီမီးအဆင့်မှာ ပွဲကြီးတစ်ပွဲကို ကျွန်တော်တို ့ရင်ဆိုင်ကစားရဖို ့ရှိပါသေးတယ်။ဒါပင်မယ့် ကျွန်တော်တို ့ယုံကြည်မှု အပြည့်နဲ့ ခံစားမှုက အလွန်ကောင်းလွန်းနေပါတယ်။" လို ့ ပြောကြားသွားပါတယ်။
နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
" ကျွန်တော်တို ့နောက်ထပ်အကောင်းဆုံး လုပ်ပြစရာတွေ ကျန်ပါသေးတယ်။ ကျွန်တော်တို ့လုပ်ဆောင်နိုင်တာကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပြီး နိုင်ငံ့ဂုဏ်ဆောင်အောင် ကြိုးစားသွားမှာပါ။"
စပါး အသင်းနဲ့ အင်္ဂလန်ကွင်းလယ်လူ ဒယ်လီအလီကလည်း အင်္ဂလန်ကစားသမားတွေဟာ သူတို ့ပုံခုံးပေါ်မှာ ထမ်းထားတဲ့ မျှော်လင့်ချက်တွေ နဲ့ အတူ လိုအပ်တဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ထုတ်ပြနိုင်ခဲ့ကြောင်းသိရပါတယ်။
" ဒါဟာ ကျွန်တော်တို ့ရဲ့ တကယ့်အောင်မြင်မှုပါပဲ။ပရိတ်သတ်တွေ ကျွန်တော်တို ့အပေါ်ဘယ်လောက်အထိ အားပေးယုံကြည်ကြသလဲ ကျွန်တော်တို ့မြင်တွေ ့ခဲ့ရပါတယ်။ဒါဟာ ကျွန်တော်တို ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ပြသနိုင်တဲ့ ပွဲပါပဲ။" လို ့ပြောကြားသွားပါတယ်။
ဒါ့အပြင် ဆွီဒင် နဲ့ ပွဲမှာ အပိုင်အခွင့်အရေး ၃ ကြိမ်ကို အမိအရ ကာကွယ်ပေးခဲ့တဲ့ ဂိုးသမား ပစ်ဖို ့ဒ်နဲ့ ပတ်သတ်ပြီး ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ပစ်ဖို ့ဒ် ဟာ ၁၆ သင်းအဆင့်မှာ ကိုလံဘီယာ နဲ့ တွေ ့ဆုံစဉ် ပယ်နယ်တီ အဆုံးအဖြတ် မှာ အကောင်းဆုံးလက်စွမ်းပြ ကာကွယ်ပေးခဲ့သူ ဖြစ်ပါတယ်။
" ဂျော်ဒန်ဟာ အရင်ပွဲမှာ သူ ဘယ်လောက်အထိ အရေးပါလဲ အသင်းမှာ သက်သေပြခဲ့ပြီးပါပြီ။ အခု ပွဲမှာ လည်း ထပ်မံသက်သေပြခဲ့ပါတယ်။ ကျွန်တော်တို ့အတူတူ အောင်ပွဲခံကြဖို ့ပဲရှိပါတော့တယ်။" လို BBC နဲ ့အင်တာဗျူး မှာ ပြောကြားသွားပါတယ်။
Post a Comment