လီဗာပူးအသင္းလို မျဖစ္ေစနဲ႔ - ဘို႔စ္နခ်္
မန္ခ်က္စတာယူႏိုက္တက္ဂိုးသမားေဟာင္း ဘို ့စ္နခ်္က အသင္းအေန နဲ႔ နည္းျပေမာ္ရင္ဟို ကိုစိတ္ရွည္သင့္ေၾကာင္း အၾကံေပးလိုက္ၿပီး လီဗာပူး အသင္းလို နည္းျပအေျပာင္းအလဲေတြ ျမန္ျမန္ဆန္ဆန္လုပ္ခဲ့ေသာ္လည္း ပရီးမီးယားလိပ္ဖလား ရဖို ့ခက္ခဲေနတာကို သတိထားမိသင့္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။
ေမာ္ရင္ကို ကို အိုထရက္ဖို ့ဒ္မွာ ေကာင္းေကာင္းအခ်ိန္ေပးပါက ၂၀၁၃ ခုႏွစ္ေနာက္ပိုင္း ေဝကြားခဲ့တဲ့ ပရီးမီးယားလိပ္ခ်န္ပီယံ ကို ျပန္လည္ရရွိႏိုင္တယ္လို ့လည္းဆိုလိုက္ပါတယ္။
ဒါ့အျပင္ ယူႏိုက္တက္ဂိုးသမားေဟာင္းႀကီး က လီဗာပူးအသင္းလို နည္းျပေနရာကို ပံုမွန္လဲလည္ေနသလို မလုပ္သင့္ပဲ လက္ရွိနည္းျပေမာ္ရင္ဟို ရဲ႕ နည္းစနစ္ေတြကို အခ်ိန္ေပးေစာင့္ၾကည့္သင့္ေၾကာင္းေျပာၾကားလိုက္ပါတယ္။
နည္းျပေမာ္ရင္ဟိုရဲ႕ ဒုတိယရာသီမွာေတာ့ ၿမိဳ ့ခံၿပိဳင္ဘက္မန္စီးတီး အသင္းဟာ စံခ်ိန္တင္ အမွတ္ျဖင့္ ပရီးမီးယားလိပ္ဖလားရယူခဲ့ၿပီး ယူႏိုက္တက္ကေတာ့ အဆင့္၂ ေနရာနဲ႔ ပဲေက်နပ္ခဲ့ရပါတယ္။
ေမာ္ရင္ဟို ရဲ႕ ယူႏိုက္တက္ ပထမရာသီ ခရီးစဥ္မွာေတာ့ ယူ႐ိုပါလိပ္ဖလား ၊ EFL လိပ္ဖလားတို ့ကို ရယူေပးထားပါတယ္။
ယူႏိုက္တက္အသင္းမွာ ၂ႏွစ္ၾကာကစားခဲ့တဲ့ ဂိုးသမားေဟာင္းႀကီး ဘို ့စ္နခ်္က
" ေမာ္ရင္ဟို ့ေဘးမွာ ရပ္တည္ေပးၾကပါ။သူ ့ကို အခြင့္အေရးေပးလိုက္ပါ။သူဟာ မန္စီးတီးအသင္းကိုယွဥ္ကစားႏိုင္ခဲ့တဲ့ ဒုတိယအသင္းပါ။သူဟာ ေအာင္ႏိုင္သူ တစ္ေယာက္ပါ။ သူနဲ႔ အတူစည္းလံုးၾကပါ။သူသာလွ်င္ ယူႏိုက္တက္အတြက္ေအာင္ႏိုင္ခ်ိန္ေတြကို ျပန္လည္ယူေဆာင္ေပးပါလိမ့္မယ္။" လို ့ေျပာၾကားသြားပါတယ္။
" တစ္ခါတစ္ေလမွာ ဒီလိုအလႊမ္းမိုးခဲ့ၿပီးတဲ့အခ်ိန္မ်ိဳးမွာေတာင္မွ စိတ္ရွည္တတ္ရပါမယ္။"
"လီဗာပူးအသင္းလို ပံုစံမ်ိဴးျဖစ္မသြားပါေနဲ႔။ သူတို ့အသင္းဟာ ႏွစ္ေပါင္းမ်ားစြာ ပရီးမီးယားလိပ္မွာလႊမ္းမိုးလာခဲ့ၿပီးေနာက္ပိုင္းမွာ နည္းျပအေျပာင္းအလဲေတြကို စိတ္တိုင္းက်လုပ္ခဲ့တဲ့အတြက္ အခုလို ဖလားလက္မဲ့နဲ႔ ၾကံဳေတြ ့ေနရတာပဲျဖစ္ပါတယ္။"
ဆက္လက္ၿပီး ဘို႔စ္နခ်္က ဂႏၲဝင္နည္းျပႀကီး ဖာဂူဆန္အေပၚ ယူႏိုက္တက္အသင္းဟာ စိတ္ရွည္ရွည္ထားကာ ကိုင္တြယ္ေစခဲ့တာေၾကာင့္ ၂၇ ခုႏွစ္အတြင္း ပရီးမီးယားလိပ္ ဆုဖလား ၁၃ ခုထိရရွိခဲ့တာကိုလည္း ျပန္ေျပာင္းေျပာဆိုခဲ့ပါတယ္။
" လူတိုင္းသိရမွာက ဒါဟာေမာ္ရင္ဟို အတြက္ေနာက္ဆံုးရာသီ မဟုတ္ပါဘူး။ လြန္ခဲ့တဲ့ ၁ ႏွစ္က သူဟာ ယူႏိုက္တက္အတြက္ ဆုဖလား ၃လံုးဆြတ္ခူးေပးခဲ့ပါတယ္။အဲ့ဒါဟာ မင္းဘယ္ေနရာမွာပဲေရာက္ေနေရာက္ေန အေကာင္းဆံုးစြမ္းေဆာင္ျပမႈပါပဲ။"
"ဒီႏွစ္လား? ဆုဖလားတစ္ခုမွမရတာ ဟုတ္ပါတယ္။ဒါပင္မယ့္ မႏွစ္ကရာသီထက္ အမွတ္ေတြ ပိုထြက္ခဲ့ၿပီး အဆင့္၂ ဝင္ခဲ့တယ္ေလ။ အခ်ိန္ယူရတယ္ဗ်။"
" လူေတြ မွတ္မိၾကဦးမယ္ထင္ပါတယ္။ ၁၉၉၀ မွာတုန္းက ကၽြန္ေတာ္ ဟာ ဖာဂီ(ဖာဂူဆန္) ရဲ႕ ကစားသမားတစ္ေယာက္ေပါ့။ ကၽြန္ေတာ့္အထင္ဖာဂီ ဟာ ပရိတ္သတ္ေတြ က အလိုမရွိေတာ့တဲ့ နည္းျပ အျဖစ္ ၄ႏွစ္ေလာက္ရွိခဲ့ဖူးမယ္။ မွတ္မွတ္ရရခရစ္စတယ္ပဲေလ့စ္နဲ႔ ပြဲမွာ သူဟာမာ့ခ္ဟုခ်္ကို အရံခံုမွာ ထားခဲ့တယ္။ အဲ့ေတာ့ပရိတ္သတ္ေတြ က " ဖာဂီထြက္" လို ့ေအာ္ၾကတာေပါ့။"
"ဒါပင္မယ့္ အဲ့ႏွစ္မွာပဲ သူက FA ဖလားခ်န္ပီယံျဖစ္ေအာင္လုပ္ေပးခဲ့တယ္။ ျဖစ္ခ်င္ေတာ့ ခရစ္စတယ္ပဲေလ့စ္ကို ပဲႏိုင္ၿပီး ရခဲ့တာ။ေနာက္ဆံုး သူတို ့အားလံုးေျပာၾကတာကေတာ့ ဒါဟာသမိုင္းမွတ္တိုင္ပါပဲတဲ့။"
(Unicode)
လီဗာပူးအသင်းလို မဖြစ်စေနဲ့ - ဘို့စ်နချ်
မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်း ဘို ့စ်နချ်က အသင်းအနေ နဲ့ နည်းပြမော်ရင်ဟို ကိုစိတ်ရှည်သင့်ကြောင်း အကြံပေးလိုက်ပြီး လီဗာပူး အသင်းလို နည်းပြအပြောင်းအလဲတွေ မြန်မြန်ဆန်ဆန်လုပ်ခဲ့သော်လည်း ပရီးမီးယားလိပ်ဖလား ရဖို ့ခက်ခဲနေတာကို သတိထားမိသင့်ကြောင်း ပြောကြားလိုက်ပါတယ်။
မော်ရင်ကို ကို အိုထရက်ဖို ့ဒ်မှာ ကောင်းကောင်းအချိန်ပေးပါက ၂၀၁၃ ခုနှစ်နောက်ပိုင်း ဝေကွားခဲ့တဲ့ ပရီးမီးယားလိပ်ချန်ပီယံ ကို ပြန်လည်ရရှိနိုင်တယ်လို ့လည်းဆိုလိုက်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဂိုးသမားဟောင်းကြီး က လီဗာပူးအသင်းလို နည်းပြနေရာကို ပုံမှန်လဲလည်နေသလို မလုပ်သင့်ပဲ လက်ရှိနည်းပြမော်ရင်ဟို ရဲ့ နည်းစနစ်တွေကို အချိန်ပေးစောင့်ကြည့်သင့်ကြောင်းပြောကြားလိုက်ပါတယ်။
နည်းပြမော်ရင်ဟိုရဲ့ ဒုတိယရာသီမှာတော့ မြို ့ခံပြိုင်ဘက်မန်စီးတီး အသင်းဟာ စံချိန်တင် အမှတ်ဖြင့် ပရီးမီးယားလိပ်ဖလားရယူခဲ့ပြီး ယူနိုက်တက်ကတော့ အဆင့်၂ နေရာနဲ့ ပဲကျေနပ်ခဲ့ရပါတယ်။
မော်ရင်ဟို ရဲ့ ယူနိုက်တက် ပထမရာသီ ခရီးစဉ်မှာတော့ ယူရိုပါလိပ်ဖလား ၊ EFL လိပ်ဖလားတို ့ကို ရယူပေးထားပါတယ်။
ယူနိုက်တက်အသင်းမှာ ၂နှစ်ကြာကစားခဲ့တဲ့ ဂိုးသမားဟောင်းကြီး ဘို ့စ်နချ်က
" မော်ရင်ဟို ့ဘေးမှာ ရပ်တည်ပေးကြပါ။သူ ့ကို အခွင့်အရေးပေးလိုက်ပါ။သူဟာ မန်စီးတီးအသင်းကိုယှဉ်ကစားနိုင်ခဲ့တဲ့ ဒုတိယအသင်းပါ။သူဟာ အောင်နိုင်သူ တစ်ယောက်ပါ။ သူနဲ့ အတူစည်းလုံးကြပါ။သူသာလျှင် ယူနိုက်တက်အတွက်အောင်နိုင်ချိန်တွေကို ပြန်လည်ယူဆောင်ပေးပါလိမ့်မယ်။" လို ့ပြောကြားသွားပါတယ်။
" တစ်ခါတစ်လေမှာ ဒီလိုအလွှမ်းမိုးခဲ့ပြီးတဲ့အချိန်မျိုးမှာတောင်မှ စိတ်ရှည်တတ်ရပါမယ်။"
"လီဗာပူးအသင်းလို ပုံစံမျိူးဖြစ်မသွားပါနေဲ့။ သူတို ့အသင်းဟာ နှစ်ပေါင်းများစွာ ပရီးမီးယားလိပ်မှာလွှမ်းမိုးလာခဲ့ပြီးနောက်ပိုင်းမှာ နည်းပြအပြောင်းအလဲတွေကို စိတ်တိုင်းကျလုပ်ခဲ့တဲ့အတွက် အခုလို ဖလားလက်မဲ့နဲ့ ကြုံတွေ ့နေရတာပဲဖြစ်ပါတယ်။"
ဆက်လက်ပြီး ဘို့စ်နချ်က ဂန္တဝင်နည်းပြကြီး ဖာဂူဆန်အပေါ် ယူနိုက်တက်အသင်းဟာ စိတ်ရှည်ရှည်ထားကာ ကိုင်တွယ်စေခဲ့တာကြောင့် ၂၇ ခုနှစ်အတွင်း ပရီးမီးယားလိပ် ဆုဖလား ၁၃ ခုထိရရှိခဲ့တာကိုလည်း ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။
" လူတိုင်းသိရမှာက ဒါဟာမော်ရင်ဟို အတွက်နောက်ဆုံးရာသီ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁ နှစ်က သူဟာ ယူနိုက်တက်အတွက် ဆုဖလား ၃လုံးဆွတ်ခူးပေးခဲ့ပါတယ်။အဲ့ဒါဟာ မင်းဘယ်နေရာမှာပဲရောက်နေရောက်နေ အကောင်းဆုံးစွမ်းဆောင်ပြမှုပါပဲ။"
"ဒီနှစ်လား? ဆုဖလားတစ်ခုမှမရတာ ဟုတ်ပါတယ်။ဒါပင်မယ့် မနှစ်ကရာသီထက် အမှတ်တွေ ပိုထွက်ခဲ့ပြီး အဆင့်၂ ဝင်ခဲ့တယ်လေ။ အချိန်ယူရတယ်ဗျ။"
" လူတွေ မှတ်မိကြဦးမယ်ထင်ပါတယ်။ ၁၉၉၀ မှာတုန်းက ကျွန်တော် ဟာ ဖာဂီ(ဖာဂူဆန်) ရဲ့ ကစားသမားတစ်ယောက်ပေါ့။ ကျွန်တော့်အထင်ဖာဂီ ဟာ ပရိတ်သတ်တွေ က အလိုမရှိတော့တဲ့ နည်းပြ အဖြစ် ၄နှစ်လောက်ရှိခဲ့ဖူးမယ်။ မှတ်မှတ်ရရခရစ်စတယ်ပဲလေ့စ်နဲ့ ပွဲမှာ သူဟာမာ့ခ်ဟုချ်ကို အရံခုံမှာ ထားခဲ့တယ်။ အဲ့တော့ပရိတ်သတ်တွေ က " ဖာဂီထွက်" လို ့အော်ကြတာပေါ့။"
"ဒါပင်မယ့် အဲ့နှစ်မှာပဲ သူက FA ဖလားချန်ပီယံဖြစ်အောင်လုပ်ပေးခဲ့တယ်။ ဖြစ်ချင်တော့ ခရစ်စတယ်ပဲလေ့စ်ကို ပဲနိုင်ပြီး ရခဲ့တာ။နောက်ဆုံး သူတို ့အားလုံးပြောကြတာကတော့ ဒါဟာသမိုင်းမှတ်တိုင်ပါပဲတဲ့။"













Post a Comment