"ေနာက္တစ္ဆင့္ကို ခ်ီတက္ၾကရေအာင္" -ဂ်ာဂန္ကေလာ့
လီဗားပူးလ္အသင္းရဲ႕ မန္ေနဂ်ာ ဂ်ာဂန္ကေလာ့ဟာ လာမည့္ရာသီမွာ လီဗာပူးလ္အသင္း ေနာက္တစ္ဆင့္ကိုတက္လွမ္းမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ဒီရာသီအေျပာင္းအေ႐ႊ့မွာ လိုအပ္ေနတဲ့ေနရာေတြကို ျဖည့္တင္းနိုင္ခဲ့လို႔ အခုလိုေမ်ွာ္လင့္ေနတာလည္းျဖစ္ပါတယ္။
ဒီရာသီအေျပာင္းအေ႐ႊ့မွာ ေတာင့္တင္းတဲ့လူအင္အားျဖည့္တင္းနိုင္ခဲ့လို႔ လာမည့္ရာသီမွာ ပရီးမီယားလိဂ္ဖလားကို စိမ္ေခၚနိုင္ဖို႔ ကေလာ့က ေမွ်ာ္လင့္ေနတာလည္းျဖစ္ပါတယ္။ ကစားသမားေကာင္းေတြကို လ်ွင္လွ်င္ျမန္ျမန္ေခၚယူၿပီးတဲ့ေနာက္မွာ သူတို႔အသင္းဟာ ပရီးမီယားလိဂ္ကိုစိန္ေခၚႏုိုင္တဲ့အဆင့္ကို ေရာက္ၿပီလို႔ နည္းျပ ကေလာ့က ယံုၾကည္ေနတာလည္းျဖစ္ပါတယ္။
ယခုနွစ္အေျပာင္းအေ႐ႊ့မွာ လီဗာပူးလ္အသင္းဟာ နဘီကီတာ၊ ဖာဘင္ဟို၊ ရွကြီရီ အပါအဝင္ အခုေနာက္ဆံုးအျဖစ္ ရိုးမားဂိုးသမား အဲလီဆန္ကိုပါ ထပ္မံစာခ်ဳပ္ခ်ဳပ္ေခၚယူဖို႔ အသင့္ျဖစ္ေနခဲ့ၿပီျဖစ္ပါတယ္။ ဒါ့အျပင္ၿပီးခဲ့တဲ့ ရာသီက အထူးေျခစြမ္းေတြ ျပသထားတဲ့ မုိဟမဒ္ဆာလာ နဲ႔ ဖာမီနိုတို႔ကိုလည္း စာခ်ဳပ္သက္တမ္းေတြ တိုးထားနိုင္ခဲ့လို႔ လီဗာပူးလ္အသင္းဟာ အမွန္တကယ္အင္အားေတာင့္တင္းေနၿပီျဖစ္ပါတယ္။
နည္းျပ ကေလာ့ရဲ႕ အသင္းဟာ လာမည့္ August 12 ရက္ေန႔မွာ ဝက္ဟမ္းအသင္းနဲ႔ ပရီးမီယားလိဂ္အဖြင့္ပြဲကို စတင္ကစားရမွာျဖစ္ၿပီး ကေလာ့ကေတာ့" က်ေနာ္ဖက္က ၁၀၀ % ေသခ်ာတယ္လို႔ေတာမေျပာနိုင္ပါဖူး။ဒါေပမဲ့ အထူးေျခစြမ္းျပခဲ့တဲ့ key player ကစားသမားေတြကို က်ေနာ္တို႔မေရာင္းခ်ခဲ့တာကေတာ့ လီဗာပူးလ္အသင္းရဲ႕ ပထမဆံုးအႀကိမ္ (ပထမဆံုးနွစ္) ဘဲေလ။
အေျပာင္းအလဲေတြကေတာ့ အၿမဲတန္းရွိေနမွာပါ။ ကစားသမားဝင္တာေရာ၊ ထြက္တာေရာေပါ့။ ဒါေပမဲ့ ဒီနွစ္ကေတာ့ သိသိသာသာ ကစားသမားေကာင္းေတြ ေရာက္လာပါၿပီ။ဒါေၾကာင့္ ေအာင္ျမင္တဲ့ အသင္း ၊ ႀကီးက်ယ္တဲ့ အသင္းတစ္ခုျဖစ္ဖို႔လူမဝယ္နိုင္ရင္ ရွိတဲ့လူနဲ႔တည္ေဆာက္ရမွာျဖစ္ပါတယ္။ဒါဘာကို ဆိုလိုသလဲဆိုေတာ့ အတူတကြပူးေပါင္းလုပ္ေဆာင္ဖို႔ပါ။ လုိတဲ့ေနရာေလးေတြ ျဖည့္မယ္။ ဒီထက္ျမင့္မားေနရာေတြကို အေရာက္လွမ္းမယ္။" ဟု ေျပာဆိုသြားပါတယ္။
ယခုနွစ္မွာ လီဗာပူးလ္အသင္းက ႀကီးႀကီးမားမားအသင္းက ထြက္ခြာမႈအျဖစ္ ကြင္းလယ္လူ အမ္မရီခ်န္ရဲ႕ ဂ်ဴပင္တပ္စ္သုိ႔ ေျပာင္းေ႐ႊ့သြားတာတစ္ခုဘဲရွိေနပါတယ္။ဒါေၾကာင့္ ကေလာ့က
"အခုခ်ိန္မွာ ကစားသမားေတြေရာ ၊ အသင္းရဲ႕ အားကစားအဖြဲ႕ေတြ အားလံုးပါ အေကာင္းဆံုးအေျခအေနမွာ ရွိေနပါတယ္။မနွစ္က က်ေနာ္တို႔မွာ တကယ္ေကာင္းေကာင္းကစားနိုင္တဲ့ ကစားသမား ၁၂ ေယာက္ဘဲရွိခဲ့ပါတယ္။ အခုက်ေနာ္တို႔ လူသစ္ေတြေခၚမယ္ဆိုေတာ့ အသင္းရဲ႕ မူလကစားသမားေတြရဲ႕ စိတ္ထဲမွာ"ငါတို႔ရွိေနတာဘဲ ။ ဘာလို႔ ေခၚရမွာလဲ" လို႔ ေတြးေကာင္းေတြးၾကမွာပါ။
ဒါေပမဲ့ ေအာင္ျမင္မႈတစ္ခုယူခ်င္ဆိုရင္ေတာ့ ေကာင္းမြန္တဲ့ အရည္အေသြးလိုပါတယ္။ က်ေနာ္တို႔ဟာ အရည္အေသြးရွိတဲ့ ကစားသမားေကာင္း ၂၅ ေယာက္နဲ႔မွသာလ်ွင္ ေအာင္ျမင္မႈၿကီးႀကီးမားမားဆြတ္ခူးနိုင္မွာျဖစ္ပါတယ္။ဒါဟာ က်ေနာ္တို႔ခံစားခ်က္အမွန္ဘဲ။ " ဟု ကစားသမားသစ္ေခၚယူမႈနဲ႔ ပတ္သက္လို႔ ေျပာဆိုသြားပါတယ္။
ဒီနွစ္ လီဗာပူးလ္ရဲ႕ ျပင္ဆင္မႈေတြဟာဘယ္အဆင့္ထိေရာက္မလဲဆိုတာေတာ့ စိတ္ဝင္စားစြာ ေစာင့္ၾကည့္ခ်င္စရာပါ။ျမက္ခင္းျပင္ေတြက သက္ေသျဖစ္မွာပါ။ေစာင့္ၾကည့္ၾကပါစို႔...။
(Unicode)
လီဗားပူးလ်အသင်းရဲ့ မန်နေဂျာ ဂျာဂန်ကလော့ဟာ လာမည့်ရာသီမှာ လီဗာပူးလ်အသင်း နောက်တစ်ဆင့်ကိုတက်လှမ်းမယ်လို့ မျှော်လင့်နေပါတယ်။ဒီရာသီအပြောင်းအရွှေ့မှာ လိုအပ်နေတဲ့နေရာတွေကို ဖြည့်တင်းနိုင်ခဲ့လို့ အခုလိုမျှော်လင့်နေတာလည်းဖြစ်ပါတယ်။
ဒီရာသီအပြောင်းအရွှေ့မှာ တောင့်တင်းတဲ့လူအင်အားဖြည့်တင်းနိုင်ခဲ့လို့ လာမည့်ရာသီမှာ ပရီးမီယားလိဂ်ဖလားကို စိမ်ခေါ်နိုင်ဖို့ ကလော့က မျှော်လင့်နေတာလည်းဖြစ်ပါတယ်။ ကစားသမားကောင်းတွေကို လျှင်လျှင်မြန်မြန်ခေါ်ယူပြီးတဲ့နောက်မှာ သူတို့အသင်းဟာ ပရီးမီယားလိဂ်ကိုစိန်ခေါ်နိုုင်တဲ့အဆင့်ကို ရောက်ပြီလို့ နည်းပြ ကလော့က ယုံကြည်နေတာလည်းဖြစ်ပါတယ်။
ယခုနှစ်အပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းဟာ နဘီကီတာ၊ ဖာဘင်ဟို၊ ရှကွီရီ အပါအဝင် အခုနောက်ဆုံးအဖြစ် ရိုးမားဂိုးသမား အဲလီဆန်ကိုပါ ထပ်မံစာချုပ်ချုပ်ခေါ်ယူဖို့ အသင့်ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင်ပြီးခဲ့တဲ့ ရာသီက အထူးခြေစွမ်းတွေ ပြသထားတဲ့ မိုဟမဒ်ဆာလာ နဲ့ ဖာမီနိုတို့ကိုလည်း စာချုပ်သက်တမ်းတွေ တိုးထားနိုင်ခဲ့လို့ လီဗာပူးလ်အသင်းဟာ အမှန်တကယ်အင်အားတောင့်တင်းနေပြီဖြစ်ပါတယ်။
နည်းပြ ကလော့ရဲ့ အသင်းဟာ လာမည့် August 12 ရက်နေ့မှာ ဝက်ဟမ်းအသင်းနဲ့ ပရီးမီယားလိဂ်အဖွင့်ပွဲကို စတင်ကစားရမှာဖြစ်ပြီး ကလော့ကတော့" ကျနော်ဖက်က ၁၀၀ % သေချာတယ်လို့တောမပြောနိုင်ပါဖူး။ဒါပေမဲ့ အထူးခြေစွမ်းပြခဲ့တဲ့ key player ကစားသမားတွေကို ကျနော်တို့မရောင်းချခဲ့တာကတော့ လီဗာပူးလ်အသင်းရဲ့ ပထမဆုံးအကြိမ် (ပထမဆုံးနှစ်) ဘဲလေ။
အပြောင်းအလဲတွေကတော့ အမြဲတန်းရှိနေမှာပါ။ ကစားသမားဝင်တာရော၊ ထွက်တာရောပေါ့။ ဒါပေမဲ့ ဒီနှစ်ကတော့ သိသိသာသာ ကစားသမားကောင်းတွေ ရောက်လာပါပြီ။ဒါကြောင့် အောင်မြင်တဲ့ အသင်း ၊ ကြီးကျယ်တဲ့ အသင်းတစ်ခုဖြစ်ဖို့လူမဝယ်နိုင်ရင် ရှိတဲ့လူနဲ့တည်ဆောက်ရမှာဖြစ်ပါတယ်။ဒါဘာကို ဆိုလိုသလဲဆိုတော့ အတူတကွပူးပေါင်းလုပ်ဆောင်ဖို့ပါ။ လိုတဲ့နေရာလေးတွေ ဖြည့်မယ်။ ဒီထက်မြင့်မားနေရာတွေကို အရောက်လှမ်းမယ်။" ဟု ပြောဆိုသွားပါတယ်။
ယခုနှစ်မှာ လီဗာပူးလ်အသင်းက ကြီးကြီးမားမားအသင်းက ထွက်ခွာမှုအဖြစ် ကွင်းလယ်လူ အမ်မရီချန်ရဲ့ ဂျူပင်တပ်စ်သို့ ပြောင်းရွှေ့သွားတာတစ်ခုဘဲရှိနေပါတယ်။ဒါကြောင့် ကလော့က
"အခုချိန်မှာ ကစားသမားတွေရော ၊ အသင်းရဲ့ အားကစားအဖွဲ့တွေ အားလုံးပါ အကောင်းဆုံးအခြေအနေမှာ ရှိနေပါတယ်။မနှစ်က ကျနော်တို့မှာ တကယ်ကောင်းကောင်းကစားနိုင်တဲ့ ကစားသမား ၁၂ ယောက်ဘဲရှိခဲ့ပါတယ်။ အခုကျနော်တို့ လူသစ်တွေခေါ်မယ်ဆိုတော့ အသင်းရဲ့ မူလကစားသမားတွေရဲ့ စိတ်ထဲမှာ"ငါတို့ရှိနေတာဘဲ ။ ဘာလို့ ခေါ်ရမှာလဲ" လို့ တွေးကောင်းတွေးကြမှာပါ။
ဒါပေမဲ့ အောင်မြင်မှုတစ်ခုယူချင်ဆိုရင်တော့ ကောင်းမွန်တဲ့ အရည်အသွေးလိုပါတယ်။ ကျနော်တို့ဟာ အရည်အသွေးရှိတဲ့ ကစားသမားကောင်း ၂၅ ယောက်နဲ့မှသာလျှင် အောင်မြင်မှုကြီးကြီးမားမားဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။ဒါဟာ ကျနော်တို့ခံစားချက်အမှန်ဘဲ။ " ဟု ကစားသမားသစ်ခေါ်ယူမှုနဲ့ ပတ်သက်လို့ ပြောဆိုသွားပါတယ်။
ဒီနှစ် လီဗာပူးလ်ရဲ့ ပြင်ဆင်မှုတွေဟာဘယ်အဆင့်ထိရောက်မလဲဆိုတာတော့ စိတ်ဝင်စားစွာ စောင့်ကြည့်ချင်စရာပါ။မြက်ခင်းပြင်တွေက သက်သေဖြစ်မှာပါ။စောင့်ကြည့်ကြပါစို့...။
Post a Comment