သံသယျဖစ္ဖြယ္ေမးခြန္းေတြကိုု အေျဖေပးမယ့္ ယေန ့ညကြာတားဖိုုင္နယ္ပြဲစဥ္မ်ား
ယေန ့ညမွာ ေတာ့ ၂၀၁၈ ကမာၻ ့ဖလားၿပိဳင္ပြဲရဲ႕ ကြာတားပြဲစဥ္ေတြထဲက ၂ပြဲ ကို ယွဥ္ၿပိဳင္ကစားၾကမွာပဲျဖစ္ပါတယ္။
ည ၈:၃၀ မွာ ဥ႐ုေဂြး နဲ႔ ျပင္သစ္ ၊ ည ၁၂:၃၀ မွာ ဘရာဇီး နဲ႔ ဘယ္လ္ဂ်ီယံ အသင္းတို ့ ယွဥ္ၿပိဳင္ကစားၾကမွာပဲျဖစ္ပါတယ္။
အဆိုပါ ပြဲ ေတြက သင့္ အတြက္ သံသယ ေမးခြန္းေကာင္းတစ္ခ်ိဳ ့ကို အလိုအေလ်ာက္ေျဖသြားပါလိမ့္မယ္။
ျပင္သစ္: ဂရစ္ဇမန္းတစ္ေယာက္ သူ ့ရဲ႕ အသင္းေဖာ္ေတြကို ဂိုးသြင္းႏိုင္မွာလား?
ဥ႐ုေဂြး ရဲ႕ အက္တလက္တီကို ေနာက္တန္းလူေတြ ျဖစ္ၾကတဲ့ ဂိုဒင္နဲ႔ ဂ်ာမီးနက္ဇ္ တို ့အတြဲဟာ လက္ရွိမွာ အတြဲညီညီေျခစြမ္းျပေနပါတယ္။ စီေရာ္နယ္ဒိုဟာ သူတို ့၂ေယာက္ရဲ႕ ရင္ဆိုင္ရာမွာ ဂိုးမသြင္းႏိုင္တဲ့ မွတ္တမ္းဆိုးကို ေပၚတူဂီ နဲ ့ပြဲမွာဆက္ထိန္းသြားခဲ့ၿပီး ၄ပြဲ ေတြ ့ဆံုရာမွာ ၃ပြဲ အထိ ရံႈးနိမ့္ခဲ့ပါတယ္။
ဒါဟာ ဥ႐ုေဂြး အသင္း ေပၚတူဂီ အသင္းကို ၁၆ သင္းအဆင့္မွာေကာင္းေကာင္းျဖဳတ္ခ်ႏိုင္ခဲ့တဲ့ အခ်က္ျဖစ္ခဲ့ပါတယ္။ဒါပင္မယ့္ အခုတစ္ႀကိမ္ေတြ ့ဆံုရာမွာေတာ့ ဂိုဒင္ နဲ႔ ဂ်ာမီနက္ဇ္ တို ့ရဲ႕ အသင္းေဖာ္ သူ ငယ္ခ်င္း ဂရစ္ဇမန္းနဲ႔ ပဲျဖစ္ပါတယ္။
ဂရစ္ဇမန္း အတြက္ ဂိုဒင္ ဟာ သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ ေရာ အကိုတစ္ေယာက္လို အေနနဲ႔ ပါခင္မင္ခဲ့ၾကပါတယ္။ဂရစ္ဇမန္းဟာ အက္တလက္တီကို အသင္းကို ေျပာင္းေရႊ ့ခဲ့စဥ္က ဂိုဒင္ဟာ အစစအရာရာကူညီခဲ့တာျဖစ္ၿပီး သူတို ့၂ဦးစလံုးဟာ အက္တလက္တီကိုအသင္းမွာ လြန္ခဲ့တဲ့ ၄ႏွစ္ထဲက အတူတူေလ့က်င့္ကစားခဲ့တာပဲျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဂရစ္ဇမန္းကို ရပ္တန္ ့ဖို ့ ဂိုဒင္ေလာက္ေတာ့ ဘယ္သူမွ ေကာင္းေကာင္းမသိႏ္ုင္တာေသခ်ာၿပီး အကယ္၍ ဂိုဒင္မွာ အားနည္းခ်က္ရွိမယ္ဆို ဂရစ္ဇမန္း ကလည္း ေကာင္းေကာင္းအသံုးခ်သြားႏိုင္ပါတယ္။ယူ႐ို ၂၀၁၆ ရဲ႕ ဂိုးသြင္းဘုရင္ဟာ ဒီပြဲမွာ ဂိုးသြင္းႏိုင္မလား ပြဲၿပီးတဲ့ အထိ ေစာင့္ၾကည့္ၾကတာေပါ့ဗ်ာ။
ဥ႐ုေဂြး : ကာဗာနီ ေနရာ ေကာင္းေကာင္းအစားထိုး ႏိုင္ပါ့မလား??
ေပၚတူဂီ နဲ႔ ပြဲမွာ အဆင့္တန္း ျမင့္သြင္းဂိုး သြင္းယူျပခဲ့တဲ့ ကာဗာနီဟာ ကံမေကာင္းစြာနဲ႔ ပဲအဆိုပါပြဲမွာ ဒဏ္ရာရရွိသြားခဲ့ပါတယ္။ နည္းျပတာဘာရက္ကေတာ့ တိုက္စစ္မွာ လူးဝစ္ဆြာရက္ဇ္နဲ႔ အတြဲညီညီကစားေနတဲ့ ကာဗာနီ ေနရာမွာ အစားထိုးဖို ့ ေခါင္းေျခာက္ဖြယ္ရွိေနပါတယ္။
ၿပီးခဲ့ တဲ့ ရာသီက ဂ်ီႏိုအာ အသင္းအတြက္ ၂၁ ဂိုးအထိ သြင္းယူေပးခဲ့တဲ့ အသက္ ၃၁ ႏွစ္အရြယ္တိုက္စစ္မွဴး ခရစ္စတိန္းစတူရီနာ ကို ကာဗာနီ ေနရာအသံုးျပဳသြားဖြယ္ရွိေနပါတယ္။ဒါဟာ ဂ်ီႏိုအာတိုက္စစ္မွဴးအတြက္ ထိုက္တန္တဲ့ေနရာရခဲ့တဲ့အေပၚသက္ေသျပဖို ့အခြင့္အေရး ေကာင္းပါပဲ။
ဘရာဇီး : ကက္စ္မဲ႐ိုး မပါတဲ့ ဘရာဇီး အသင္းခံစစ္ကို ဘယ္လို ကစားသြားမွာလား?
ဘရာဇီး အသင္းဟာ တစ္ဘက္အသင္းရဲ႕ တန္ျပန္တိုက္စစ္ေတြကို ျဖတ္ေတာက္ရာမွာ ကြင္းလယ္ခံစစ္လူ ကက္စမဲ႐ိုး ကို ေကာင္းေကာင္း အသံုးျပဳခဲ့ပါတယ္။ရီးရဲယ္ နည္းျပေဟာင္းဇီဒန္း ရဲ႕ အႀကိဳက္ကစားသမားျဖစ္တဲ့ ကက္စမဲ႐ိုးဟာ တစ္ခါတစ္ရံမွာ ေဘာလံုးကို အမိအရ ျဖတ္ထုတ္ဖို ့အားနည္းပင္မယ့္ အသင္းေဖာ္ကြင္းလယ္လူ ျဖစ္တဲ့ ေပၚလင္ဟို တိုက္စစ္မွာ လြတ္လြတ္လပ္လပ္ ပံုေဖာ္ပါဝင္ႏိုင္ဖို ့ ေနာက္တန္းလူ ၄ေယာက္ရဲ႕ ေရွ ့မွာ အေကာင္းဆံုး ခံစစ္ကို ကစားေပးထားပါတယ္။
ဒါပင္မယ့္ အဝါကဒ္ ကို ၂ပြဲဆက္တိုက္ ျပခံရတဲ့ ကက္စမဲ႐ိုးဟာ ဘယ္လ္ဂ်ီယံနဲ႔ ပြဲကို ကံမေကာင္းစြာ လြဲေခ်ာ္ခဲ့ပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ ကက္စမဲ႐ိုးေနရာမွာေတာ့ ေဘာလံုး အျဖန္ ့မွာပါ ပို ေကာင္းတဲ့ ဖာနန္ဒင္ဟို နဲ႔ အစားထိုး အသံုးျပဳဖြယ္ရွိၿပီး မန္စီးတီး မွာ အသင္းေဖာ္သူငယ္ခ်င္းျဖစ္တဲ့ ဘယ္လ္ဂ်ီယံ ကြင္းလယ္လူ ဒီဘ႐ိုင္းကို ဘယ္လို ရပ္တန္ ့ျပမလဲ ေစာင့္ၾကည့္ရပါေတာ့မယ္။
ဘယ္လ္ဂ်ီယံ : ႏိုင္ဂိုလန္ ကို မေရြးခဲ့တဲ့ မာတီနက္ဇ္ ေနာင္တရသြားမွာလား??
ကမာၻ ့ဖလားလူစာရင္းကို နည္းျပေတြဟာ ေသခ်ာေရြးခ်ယ္ရပါတယ္။ ကြင္းလယ္မွာ Box to Box ကစားႏိုင္ၿပီး ခံစစ္တိုက္စစ္ မွ်မွ်တတကစားႏိုင္တဲ့ ႏိုင္ဂိုလန္လို ကစားသမားမ်ိဳး ကို ဘာလို ့မေရြးခ်ယ္ခဲ့တာလဲ နည္းျပ မာတီနက္ဇ္ ကို ေမးခြန္းထုတ္ခဲ့ၾကပါတယ္။
ရာႏႈန္းျပည့္ႏိုင္ပြဲေတြ ရယူထားခဲ့ပင္မယ့္ ဘယ္လ္ဂ်ီယံ ရဲ႕ ကြင္းလယ္မွာ ေနရာလြတ္ေတြ အမ်ားႀကီး ေပၚခဲ့တာေတြ ့ရၿပီး ရင္ဆိုင္ခဲ့ရတဲ့ အသင္းေတြဟာ ဒီအခြင့္အေရးကို အသံုးခ်ဖို ့အရည္အေသြး နည္းလြန္းလြန္ေနလို ့ျဖစ္ပါတယ္။
အာရွ အသင္းျဖစ္တဲ့ ဂ်ပန္ အသင္းဟာ ဘယ္လ္ဂ်ီယံ ရဲ႕ ဟာကြက္ ကို ေဖာ္ထုတ္ခဲ့တဲ့ အသင္းျဖစ္ၿပီး ဘယ္လ္ဂ်ီယံ ရဲ႕ ကြင္းလယ္မွာ လြတ္ေနတဲ့ ေနရာလြတ္ေတြ ကို ေကာင္းေကာင္း အသံုးခ်ျပခဲ့ပါတယ္။
တစ္ဦးခ်င္း စြမ္းရည္ေရာ၊ ကြင္းလယ္စုဖြဲ႕ မႈ မွာပါ ထိပ္တန္းအဆင့္ရွိတဲ့ ဘရာဇီး အသင္းကို မာတီနက္ဇ္ ဘယ္လို ရင္ဆိုင္မလဲ စိတ္ဝင္စားဖြယ္ေကာင္းေနပါၿပီ။
#FridayFlavors
ယနေ ့ညမှာ တော့ ၂၀၁၈ ကမ္ဘာ ့ဖလားပြိုင်ပွဲရဲ့ ကွာတားပွဲစဉ်တွေထဲက ၂ပွဲ ကို ယှဉ်ပြိုင်ကစားကြမှာပဲဖြစ်ပါတယ်။
ည ၈:၃၀ မှာ ဥရုဂွေး နဲ့ ပြင်သစ် ၊ ည ၁၂:၃၀ မှာ ဘရာဇီး နဲ့ ဘယ်လ်ဂျီယံ အသင်းတို ့ ယှဉ်ပြိုင်ကစားကြမှာပဲဖြစ်ပါတယ်။
အဆိုပါ ပွဲ တွေက သင့် အတွက် သံသယ မေးခွန်းကောင်းတစ်ချို ့ကို အလိုအလျောက်ဖြေသွားပါလိမ့်မယ်။
ပြင်သစ်: ဂရစ်ဇမန်းတစ်ယောက် သူ ့ရဲ့ အသင်းဖော်တွေကို ဂိုးသွင်းနိုင်မှာလား?
ဥရုဂွေး ရဲ့ အက်တလက်တီကို နောက်တန်းလူတွေ ဖြစ်ကြတဲ့ ဂိုဒင်နဲ့ ဂျာမီးနက်ဇ် တို ့အတွဲဟာ လက်ရှိမှာ အတွဲညီညီခြေစွမ်းပြနေပါတယ်။ စီရော်နယ်ဒိုဟာ သူတို ့၂ယောက်ရဲ့ ရင်ဆိုင်ရာမှာ ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုးကို ပေါ်တူဂီ နဲ ့ပွဲမှာဆက်ထိန်းသွားခဲ့ပြီး ၄ပွဲ တွေ ့ဆုံရာမှာ ၃ပွဲ အထိ ရှုံးနိမ့်ခဲ့ပါတယ်။
ဒါဟာ ဥရုဂွေး အသင်း ပေါ်တူဂီ အသင်းကို ၁၆ သင်းအဆင့်မှာကောင်းကောင်းဖြုတ်ချနိုင်ခဲ့တဲ့ အချက်ဖြစ်ခဲ့ပါတယ်။ဒါပင်မယ့် အခုတစ်ကြိမ်တွေ ့ဆုံရာမှာတော့ ဂိုဒင် နဲ့ ဂျာမီနက်ဇ် တို ့ရဲ့ အသင်းဖော် သူ ငယ်ချင်း ဂရစ်ဇမန်းနဲ့ ပဲဖြစ်ပါတယ်။
ဂရစ်ဇမန်း အတွက် ဂိုဒင် ဟာ သူငယ်ချင်းတစ်ယောက်အနေနဲ့ ရော အကိုတစ်ယောက်လို အနေနဲ့ ပါခင်မင်ခဲ့ကြပါတယ်။ဂရစ်ဇမန်းဟာ အက်တလက်တီကို အသင်းကို ပြောင်းရွှေ ့ခဲ့စဉ်က ဂိုဒင်ဟာ အစစအရာရာကူညီခဲ့တာဖြစ်ပြီး သူတို ့၂ဦးစလုံးဟာ အက်တလက်တီကိုအသင်းမှာ လွန်ခဲ့တဲ့ ၄နှစ်ထဲက အတူတူလေ့ကျင့်ကစားခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဂရစ်ဇမန်းကို ရပ်တန် ့ဖို ့ ဂိုဒင်လောက်တော့ ဘယ်သူမှ ကောင်းကောင်းမသိန်ုင်တာသေချာပြီး အကယ်၍ ဂိုဒင်မှာ အားနည်းချက်ရှိမယ်ဆို ဂရစ်ဇမန်း ကလည်း ကောင်းကောင်းအသုံးချသွားနိုင်ပါတယ်။ယူရို ၂၀၁၆ ရဲ့ ဂိုးသွင်းဘုရင်ဟာ ဒီပွဲမှာ ဂိုးသွင်းနိုင်မလား ပွဲပြီးတဲ့ အထိ စောင့်ကြည့်ကြတာပေါ့ဗျာ။
ဥရုဂွေး : ကာဗာနီ နေရာ ကောင်းကောင်းအစားထိုး နိုင်ပါ့မလား??
ပေါ်တူဂီ နဲ့ ပွဲမှာ အဆင့်တန်း မြင့်သွင်းဂိုး သွင်းယူပြခဲ့တဲ့ ကာဗာနီဟာ ကံမကောင်းစွာနဲ့ ပဲအဆိုပါပွဲမှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။ နည်းပြတာဘာရက်ကတော့ တိုက်စစ်မှာ လူးဝစ်ဆွာရက်ဇ်နဲ့ အတွဲညီညီကစားနေတဲ့ ကာဗာနီ နေရာမှာ အစားထိုးဖို ့ ခေါင်းခြောက်ဖွယ်ရှိနေပါတယ်။
ပြီးခဲ့ တဲ့ ရာသီက ဂျီနိုအာ အသင်းအတွက် ၂၁ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ အသက် ၃၁ နှစ်အရွယ်တိုက်စစ်မှူး ခရစ်စတိန်းစတူရီနာ ကို ကာဗာနီ နေရာအသုံးပြုသွားဖွယ်ရှိနေပါတယ်။ဒါဟာ ဂျီနိုအာတိုက်စစ်မှူးအတွက် ထိုက်တန်တဲ့နေရာရခဲ့တဲ့အပေါ်သက်သေပြဖို ့အခွင့်အရေး ကောင်းပါပဲ။
ဘရာဇီး : ကက်စ်မဲရိုး မပါတဲ့ ဘရာဇီး အသင်းခံစစ်ကို ဘယ်လို ကစားသွားမှာလား?
ဘရာဇီး အသင်းဟာ တစ်ဘက်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကို ဖြတ်တောက်ရာမှာ ကွင်းလယ်ခံစစ်လူ ကက်စမဲရိုး ကို ကောင်းကောင်း အသုံးပြုခဲ့ပါတယ်။ရီးရဲယ် နည်းပြဟောင်းဇီဒန်း ရဲ့ အကြိုက်ကစားသမားဖြစ်တဲ့ ကက်စမဲရိုးဟာ တစ်ခါတစ်ရံမှာ ဘောလုံးကို အမိအရ ဖြတ်ထုတ်ဖို ့အားနည်းပင်မယ့် အသင်းဖော်ကွင်းလယ်လူ ဖြစ်တဲ့ ပေါ်လင်ဟို တိုက်စစ်မှာ လွတ်လွတ်လပ်လပ် ပုံဖော်ပါဝင်နိုင်ဖို ့ နောက်တန်းလူ ၄ယောက်ရဲ့ ရှေ ့မှာ အကောင်းဆုံး ခံစစ်ကို ကစားပေးထားပါတယ်။
ဒါပင်မယ့် အဝါကဒ် ကို ၂ပွဲဆက်တိုက် ပြခံရတဲ့ ကက်စမဲရိုးဟာ ဘယ်လ်ဂျီယံနဲ့ ပွဲကို ကံမကောင်းစွာ လွဲချော်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကက်စမဲရိုးနေရာမှာတော့ ဘောလုံး အဖြန် ့မှာပါ ပို ကောင်းတဲ့ ဖာနန်ဒင်ဟို နဲ့ အစားထိုး အသုံးပြုဖွယ်ရှိပြီး မန်စီးတီး မှာ အသင်းဖော်သူငယ်ချင်းဖြစ်တဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ ဒီဘရိုင်းကို ဘယ်လို ရပ်တန် ့ပြမလဲ စောင့်ကြည့်ရပါတော့မယ်။
ဘယ်လ်ဂျီယံ : နိုင်ဂိုလန် ကို မရွေးခဲ့တဲ့ မာတီနက်ဇ် နောင်တရသွားမှာလား??
ကမ္ဘာ ့ဖလားလူစာရင်းကို နည်းပြတွေဟာ သေချာရွေးချယ်ရပါတယ်။ ကွင်းလယ်မှာ Box to Box ကစားနိုင်ပြီး ခံစစ်တိုက်စစ် မျှမျှတတကစားနိုင်တဲ့ နိုင်ဂိုလန်လို ကစားသမားမျိုး ကို ဘာလို ့မရွေးချယ်ခဲ့တာလဲ နည်းပြ မာတီနက်ဇ် ကို မေးခွန်းထုတ်ခဲ့ကြပါတယ်။
ရာနှုန်းပြည့်နိုင်ပွဲတွေ ရယူထားခဲ့ပင်မယ့် ဘယ်လ်ဂျီယံ ရဲ့ ကွင်းလယ်မှာ နေရာလွတ်တွေ အများကြီး ပေါ်ခဲ့တာတွေ ့ရပြီး ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေဟာ ဒီအခွင့်အရေးကို အသုံးချဖို ့အရည်အသွေး နည်းလွန်းလွန်နေလို ့ဖြစ်ပါတယ်။
အာရှ အသင်းဖြစ်တဲ့ ဂျပန် အသင်းဟာ ဘယ်လ်ဂျီယံ ရဲ့ ဟာကွက် ကို ဖော်ထုတ်ခဲ့တဲ့ အသင်းဖြစ်ပြီး ဘယ်လ်ဂျီယံ ရဲ့ ကွင်းလယ်မှာ လွတ်နေတဲ့ နေရာလွတ်တွေ ကို ကောင်းကောင်း အသုံးချပြခဲ့ပါတယ်။
တစ်ဦးချင်း စွမ်းရည်ရော၊ ကွင်းလယ်စုဖွဲ့ မှု မှာပါ ထိပ်တန်းအဆင့်ရှိတဲ့ ဘရာဇီး အသင်းကို မာတီနက်ဇ် ဘယ်လို ရင်ဆိုင်မလဲ စိတ်ဝင်စားဖွယ်ကောင်းနေပါပြီ။
#FridayFlavors
Post a Comment