Header Ads
အာဆင်နယ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ဝဲလ်ဘတ်နဲ့ အော့စပန်နာ
အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ဒန်နီရယ်ဝဲလ်ဘတ်နဲ့ ဂိုးသမား ဒေးဗစ်အော့စပန်နာ တို့ ဟာ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ ကာလမှာ အသင်းကနေထွက်ခွာတော့မယ်လို Telegraph ကဖော်ပြထားပါတယ်။
အာဆင်နယ် အသင်းဟာ အပြောင်းအရွှေ့ ရာသီစတင်ဖွင့်လှစ်တဲ့အချိန်ထဲက အခုထိ ကစားသမားသစ်ခေါ်ယူမှုတွေ အမြောက်အမြားပြုလုပ်နေခဲ့တာဖြစ်ပြီး ဘာ့ဒ်လီနို၊ လစ်ခ်ျစတိုင်နာ၊ ဆိုကရက်တီးစ်၊ တော်ရီရား၊ဂွယ်ဒရိုဇီ တို့ ကို ဝယ်ယူအားဖြည့်ကာ ပြောင်းရွှေ့ ကြေးပေါင် သန်း၇၀ အသုံးပြုထားပြီးဖြစ်ပါတယ်။
Daily Telegraph ရဲ့ ဖော်ပြချက်အရ အာဆင်နယ်နည်းပြသစ် အမ်မရီဟာ အသင်းရဲ့ လူစားရင်းကို သွေးသစ်လောင်းဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဝဲလ်ဘတ် နဲ့ အော့စပန်နာ တို့ ရဲ့ အနာဂတ်ဟာ အာဆင်နယ် အသင်းမှာဆက်လက်ရှိနေတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
၂ယောက်စလုံး ဟာ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် ပါဝင်ယှဉ်ပြိုင်နေရတာဖြစ်ပြီး ဝဲလ်ဘတ် က အင်္ဂလန် အသင်းရဲ့ ကမ္ဘာ့ ဖလားလူစာရင်းမှာ အရံလူဖြစ်သာ ပါဝင်ခဲ့ပြီး အော့စပန်နာကတော့ ကိုလံဘီယာ အသင်းရဲ့ ပထမဦးစားပေးဂိုးသမားဖြစ်ခဲ့ပါတယ်။
စာချုပ်သက်တမ်း ၁နှစ်သာကျန်ရှိတော့တယ့် ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝဲလ်ဘတ်ကို အသင်းရဲ့ အခြားတိုက်စစ်မှူးတွေဖြစ်ကြတဲ့ လာကာဇက်၊ အူဘားမီယန်း တို့ ထက်အသင်းမှာ ပွဲထွက်တစ်နေရာ ရဖို့ ရုန်းကန်နေခဲ့ရပါတယ်။
အာဆင်နယ်အသင်းအတွက် ၄၃ ပွဲ အထိပွဲထွက်ကစားတဲ့ ဝဲလ်ဘတ် ဟာ  လာမယ့်ရာသီမှာ သာ ပရီးမီးယားလိပ်မှာ ဆက်ရှိနေမည်ဆိုပါက  ၁၂ ရာသီ မြောက် ကစားနိုင်မယ့် သူဖြစ်လာမှာပါ။ဒါပင်မယ့် လည်း ပရီးမီးယားလိပ်မှာ သူ့ ရဲ့ ပွဲထွက်ခွင့်ကတော့ အကန့် အသတ်သာရှိနေပါတယ်။
ဘိုင်ယန်လီဗာဂူဆင် ဂိုးသမား ဘာ့ဒ်လီနို ဟာ အာဆင်နယ် အသင်းကို ရောက်ရှိလာခဲ့ပြီးနောက်  ဂိုးသမား အော့စပန်နာ ဟာ လည်း အသင်းကနေ ထွက်ခွာဖို့ အကြောင်းဖန်လာပြီ ဖြစ်ပါတယ်။  
ဒါ့အပြင် အသင်းရဲ့ အခြားကစားသမားတွေ ဖြစ်ကြတဲ့ ဂျိုလ်ကမ်းဘဲလ်၊ လူးကပ်စ်ပီးရက်ဇ် နဲ့ ဂျက်ကင်ဆန် တို့ ဟာ လည်း အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ်။
(Unicode)
အာဆင်နယ်အသင်းရဲ့ တိုက်စစ်မူး ဒန်နီရယ်ဝဲလ်ဘတ်နဲ့ ဂိုးသမား ဒေးဗစ်အော့စပန်နာ တို ့ဟာ ယခုနစ်နွေရာသီ အပြောင်းအရွေ ့ကာလမာ အသင်းကနေထွက်ခွာတော့မယ်လို ့ Telegraph ကဖော်ပြထားပါတယ်။
အာဆင်နယ် အသင်းဟာ အပြောင်းအရွေ ့ရာသီစတင်ဖွင့်လစ်တဲ့အချိန်ထဲက အခုထိ ကစားသမားသစ်ခေါ်ယူမုတွေ အမြောက်အမြားပြုလုပ်နေခဲ့တာဖြစ်ပြီး ဘာ့ဒ်လီနို၊ လစ်ချ်စတိုင်နာ၊ ဆိုကရက်တီးစ်၊ တော်ရီရား၊ဂွယ်ဒရိုဇီ တို ့ကို ဝယ်ယူအားဖြည့်ကာ ပြောင်းရွေ ့ကြေးပေါင် သန်းရ၀ အသုံးပြုထားပြီးဖြစ်ပါတယ်။
Daily Telegraph ရဲ့ ဖော်ပြချက်အရ အာဆင်နယ်နည်းပြသစ် အမ်မရီဟာ အသင်းရဲ့ လူစားရင်းကို သွေးသစ်လောင်းဖို ့ပြင်ဆင်နေတာဖြစ်ပြီး ဝဲလ်ဘတ် နဲ့ အော့စပန်နာ တို ့ရဲ့ အနာဂတ်ဟာ အာဆင်နယ် အသင်းမာဆက်လက်ရိနေတော့မာ မဟုတ်ဘူးလို ့သိရပါတယ်။
၂ယောက်စလုံး ဟာ ကမ္ဘာ ့ဖလားပြိုင်ပွဲမာ နိုင်ငံအသင်းအတွက် ပါဝင်ယဉ်ပြိုင်နေရတာဖြစ်ပြီး ဝဲလ်ဘတ် က အင်္ဂလန် အသင်းရဲ့ ကမ္ဘာ ့ဖလားလူစာရင်းမာ အရံလူဖြစ်သာ ပါဝင်ခဲ့ပြီး အော့စပန်နာကတော့ ကိုလံဘီယာ အသင်းရဲ့ ပထမဦးစားပေးဂိုးသမားဖြစ်ခဲ့ပါတယ်။
စာချုပ်သက်တမ်း ၁နစ်သာကျန်ရိတော့တယ့် ယူနိုက်တက်တိုက်စစ်မူးဟောင်း ဝဲလ်ဘတ်ကို အသင်းရဲ့ အခြားတိုက်စစ်မူးတွေဖြစ်ကြတဲ့ လာကာဇက်၊ အူဘားမီယန်း တို ့ထက်အသင်းမာ ပွဲထွက်တစ်နေရာ ရဖို ့ရုန်းကန်နေခဲ့ရပါတယ်။
အာဆင်နယ်အသင်းအတွက် ၄၃ ပွဲ အထိပွဲထွက်ကစားတဲ့ ဝဲလ်ဘတ် ဟာ  လာမယ့်ရာသီမာ သာ ပရီးမီးယားလိပ်မာ ဆက်ရိနေမည်ဆိုပါက  ၁၂ ရာသီ မြောက် ကစားနိုင်မယ့် သူဖြစ်လာမာပါ။ဒါပင်မယ့် လည်း ပရီးမီးယားလိပ်မာ သူ ့ရဲ့ ပွဲထွက်ခွင့်ကတော့ အကန် ့အသတ်သာရိနေပါတယ်။
ဘိုင်ယန်လီဗာဂူဆင် ဂိုးသမား ဘာ့ဒ်လီနို ဟာ အာဆင်နယ် အသင်းကို ရောက်ရိလာခဲ့ပြီးနောက်  ဂိုးသမား အော့စပန်နာ ဟာ လည်း အသင်းကနေ ထွက်ခွာဖို ့အကြောင်းဖန်လာပြီ ဖြစ်ပါတယ်။  
မနစ်ရာသီက အာဆင်နယ် အသင်းရဲ့ ယူရိုပါလိပ်ပြိုင်ပွဲမာ ပွဲထွက်ဂိုးသမားဖြစ်ခဲ့တဲ့ အော့စပန်နာဟာ လိပ်ပွဲတွေမာ ၅ ပွဲသာ ပါဝင်ကစားခဲ့ရတာပဲဖြစ်ပါတယ်။ဒီအချက် တွေဟာ သူ ့ကို အသင်းကနေ ထွက်ခွာစေဖို ့အကြောင်းအရင်းဖြစ်လာခဲ့ပါပြီ။
ဒါ့အပြင် အသင်းရဲ့ အခြားကစားသမားတွေ ဖြစ်ကြတဲ့ ဂျိုလ်ကမ်းဘဲလ်၊ လူးကပ်စ်ပီးရက်ဇ် နဲ့ ဂျက်ကင်ဆန် တို ့ဟာ လည်း အာဆင်နယ်အသင်းကနေ ထွက်ခွာဖို ့ရိနေပါတယ်။
ဝဲလ်ဘတ်နည်းတူ စာချုပ်၁နစ်သာကျန်တော့တယ့် ဝေးလ် ကွင်းလယ်လူ အာရွန်ရမ်ဆေးကို တော့ နည်းပြအမ်မရီ က အသင်းမာဆက်ရိနေစေဖို  ့စာချုပ်သက်တမ်းတိုးကမ်းလမ်းမာ ဖြစ်တယ်လို ့သိရပါတယ်။
No comments
Powered by Blogger.