ရော်နယ်ဒို ပုံစံအတိုင်းအောင်ပွဲခံခဲ့တဲ့ ပစ်ဖို့ ဒ် -FridayFlavors
အခြားတစ်ယောက်ကလည်း “ သူအောင်ပွဲခံပုံကို ကြည်မိတာ ကျွန်တော်တော့ ရယ်လို့ မဆုံးဘူးဗျာ” လို့ ရေးသားခဲ့ပါတယ်။
ဂျော်ဒန်ပစ်ဖို့ဒ်ဟာ ကိုလံဘီယာအသင်းနဲ့ပွဲစဉ်မှာ ဂိုးကာကွယ်မှု ၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ၄ ပွဲ ပါဝင်ကစားပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။ ပစ်ဖို့ဒ် ပွဲထွက် ကစားပေး ခဲ့တဲ့ အုပ်စုပွဲစဉ်တွေကို ပြန်လည်ကြည့်ရှုမယ်ဆိုရင် ၃ ဂိုးသာ ပေးခဲ့ရတာကို တွေ့ရပြီး အင်္ဂလန်အသင်းရဲ့ပထမဂိုးသမားဖြစ်ဖို့ ထိုက်တန် တဲ့လက်စွမ်းကို ပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
#TheSun
ယနေ့နံနက် ၁၂ နာရီ ၃၀ မိနစ်အချိန်မှာ ၁၆ သင်းရှုံးထွက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ကိုလံဘီယာအသင်းနဲ့ အင်္ဂလန်အသင်း တို့ရဲ့ပွဲစဉ်မှာ တစ်ဖက် ၁ ဂိုးစီသရေရလဒ်နဲ့ပွဲပြီးဆုံးခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ အင်္ဂလန်အသင်းက ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အင်္ဂလန်အသင်းရဲ့ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ဟာ ကိုလံဘီယာအသင်းရဲ့ပင်နယ်တီနှစ်လုံးကို ဆက်တိုက် ကာကွယ်နိုင် ခဲ့ပြီး အဲရစ်ဒိုင်ယာက အင်္ဂလန်အသင်းကို အနိုင်ရရှိစေမယ့် ပင်နယ်တီကို ကန်သွင်းယူနိုင်ခဲ့ပါတယ်။
ပစ်ဖို့ဒ်ဟာ ဘက်ကာရဲ့ပင်နယ်တီ ကို ကာကွယ်ပြီးနောက် အဲရစ်ဒိုင်ယာရဲ့ပင်နယ်တီ ဂိုးပိုက်ထဲဝင်သွားပြီးချိန်မှာ အသင်းဖော်တွေဆီ အပြေးအလွှားသွားရောက်ခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်အတိုင်း အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
ဂျော်ဒန်ပစ်ဖို့ဒ်ရဲ့ အောင်ပွဲခံဟန်ကြောင့် ပရိသတ်တွေအားလုံး အံ့အားသင့်ခဲ့ကြပြီး ယင်းကဲ့သို့အောင်ပွဲခံဟန်ကို ပရိသတ်အများစုက နှစ်သက်ကြတယ်လို့ သိရပါတယ်။
လူမှုကွန်ရက်မှာတွေမှာလည်း ပစ်ဖို့ဒ်ရဲ့အောင်ပွဲခံပုံ တွေဟာ ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်တွေက သူတို့ရဲ့အမြင်တွေကို ဝင်ရောက်ရေးသားခဲ့ကြပါတယ်။
ပရိသတ်တစ်ဦးက “ဒီပွဲစဉ်တစ်ပွဲလုံးမှာ ကျွန်တော် အနှစ်သက်ဆုံးအရာက အသင်းဖော်တွေဆီ ပစ်ဖို့ဒ် ပြေးလာပြီး ရော်နယ်ဒိုရဲ့အောင်ပွဲခံပုံအတိုင်း လုပ်ခဲ့တာပါပဲ”လို့ ရေးသားထားပါတယ်။နောက်ထပ်တစ််ဦးကလည်း “ပစ်ဖို့ဒ် ပင်နယ်တီ ကာကွယ်ပြီးတော့ ရော်နယ်ဒိုအတိုင်း အောင်ပွဲခံခဲ့တာ မြင်လိုက်ကြတယ်မလား”
အခြားတစ်ဦးကလည်း “ပစ်ဖို့ဒ် ရော်နယ်ဒိုအတိုင်း အောင်ပွဲခံခဲ့တဲ့အဓိပ္ပာယ်က အိမ်ပြန်လာတော့မယ်ဆိုတဲ့သဘောပေါ့။ ဟုတ်တယ် မလား”လို့ နောက်ပြောင်ရေးသားခဲ့ပါတယ်။
အခြားတစ်ယောက်ကလည်း “ သူအောင်ပွဲခံပုုံကိုု ကြည်မိတာ ကျွန်တော်တော့ ရယ်လို ့မဆုံးဘူးဗျာ” လိုု ့ရေးသားခဲ့ပါတယ်။
ဂျော်ဒန်ပစ်ဖို့ဒ်ဟာ ကိုလံဘီယာအသင်းနဲ့ပွဲစဉ်မှာ ဂိုးကာကွယ်မှု ၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ၄ ပွဲ ပါဝင်ကစားပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။ ပစ်ဖို့ဒ် ပွဲထွက် ကစားပေး ခဲ့တဲ့ အုပ်စုပွဲစဉ်တွေကို ပြန်လည်ကြည့်ရှုမယ်ဆိုရင် ၃ ဂိုးသာ ပေးခဲ့ရတာကို တွေ့ရပြီး အင်္ဂလန်အသင်းရဲဲ့ပထမဂိုးသမားဖြစ်ဖို့ ထိုက်တန် တဲ့လက်စွမ်းကို ပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
#TheSun
Post a Comment