Hala Madrid!! ရီးရဲလ္ပရိတ္သတ္ေတြအတြက္ေရာ္နယ္ဒိုုေရးသားခဲ့တဲ့ႏႈတ္ဆက္စာ
ဒီဘက္ႏွစ္ေတြမွာ ရီးရဲလ္ အသင္းမွာ ျဖစ္သန္းခဲ့ရတဲ့ အခ်ိန္ေတြ၊ မက္ဒရစ္ ျမိဳ႕ၾကီးမွာ ျဖတ္သန္းခဲ့ရတဲ့ အခ်ိန္ေတြဟာ ကၽြန္ေတာ့္ဘ၀ရဲ႕ ေပ်ာ္ရႊင္ခဲ့ရဆံုး အခ်ိန္ေတြ ျဖစ္မွာပါ။
ကၽြန္ေတာ္ကိုယ္တိုင္လဲ တစ္လံုးျမိဳ႕လံုးကေရာ၊ ကလပ္တစ္ခုလံုးကပါ အားလံုးက ဂရုစိုက္မႈေတြ အမ်ားၾကီးေပးခဲ့တယ္လို႔ ခံစားခဲ့ရပါတယ္။ ဒီအခ်ိန္မွာ ကၽြန္ေတာ္ ေျပာခ်င္တာက အဲဒီလို ့ကၽြန္ေတာ့္အေပၚ ေမတၱာေတြ၊ ေစတနာေတြ ထားေပးခဲ့ၾကတဲ့ သူေတြ အားလံုးကို ေက်းဇူးတင္ပါတယ္။
ဒါေပမယ့္ ကၽြန္ေတာ့္ဘ၀မွာလဲ စိန္ေခၚမႈအသစ္ေတြ ရင္ဆိုင္ဖို႔ အခ်ိန္တစ္ခုကို ေရာက္လာေနျပီ လို ့ခံစားမိခဲ့တာမို႔ အသင္းေျပာင္းခြင့္ေပးဖို႔ အသင္းကို ကၽြန္ေတာ့္ကိုယ္တိုင္ပဲ ေမတၱာရပ္ခံခဲ့တာပါ။ အခုလဲ ကၽြန္ေတာ့္ရဲ႕ ေလးစားရတဲ့ပရိသတ္ၾကီးကို နားလည္မႈေပးၾကဖို႔ ထပ္ျပီး ေတာင္းဆိုခ်င္ပါတယ္။
ဒီမွာ ျဖတ္သန္းခဲ့ရတဲ့ 9 ႏွစ္ တာကာလလံုးဟာ လံုး၀ကို အံၾသဖြယ္ရာေတြနဲ႔ ျပည့္ႏွက္ေနခဲ့တာပါ။ ဘယ္အရာနဲ႔မွ ႏိႈင္းယွဥ္လို႔ မရတဲ့ အခ်ိန္ေတြလို႔လဲ ေျပာလို႔ရပါတယ္။ ကၽြန္ေတာ္ကိုယ္တိုင္လဲ အဲဒီလို ျဖတ္သန္းခြင့္ရခဲ့လို႔ အျမဲတမ္း စိတ္လႈပ္ရွားေနမိခဲ့သလို၊ ေပးဆပ္မႈအျပည့္နဲ႔ ကစားေပးခဲ့တာပါ။
ဒါေပမယ့္ ခက္ခဲတဲ့ အခိုက္အတန္႔တစ္ခ်ိဳ ့ေတြလဲ ရွိခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ရီးရဲလ္မက္ဒရစ္ ကစားသမားဘ၀ဆိုတာ လြယ္ကူတဲ့ အရာမဟုတ္ဘူးေလ။ ေသခ်ာတာကေတာ့ ကၽြန္ေတာ္ဟာ ဒီမွာ ျဖတ္သန္းရင္း ေပ်ာ္ရႊင္ခဲ့ရတဲ့ အခိုက္အတန္႔ေတြကို ဘယ္ေတာ့မွ ေမ့ပစ္မွာ မဟုတ္ပါဘူး။
ကၽြန္ေတာ့္မွာ အရမ္းကို ခင္မင္ရတဲ့ ကစားေဖာ္ေတြ ကြင္းထဲမွာေရာ၊ အ၀တ္လဲခန္းမွာပါ အမ်ားၾကီး ရခဲ့တယ္။ ကိုယ့္ရဲ႕ ေနာက္မွာ အျမဲ ရပ္တည္အားေပးေနတဲ့ မက္ထရစ္စီတာ ပရိသတ္ၾကီး ရွိခဲ့တယ္။ ကၽြန္ေတာ္တို႔ေတြ အတူတူ ခ်န္ပီယံလိဂ္ ဖလားကို 3 ႏွစ္ ဆက္တိုက္ရယူႏိုင္ခဲ့သလို၊ 5 ႏွစ္အတြင္း 4 ၾကိမ္အထိ ရယူျပႏိုင္ခဲ့တယ္ေလ။ တစ္ဦးခ်င္း ေအာင္ျမင္မႈကို ျပန္ၾကည့္ရင္လည္း ဘလြန္းဒီေအာ္ဆု 4 ၾကိမ္ နဲ႔ ေရႊဖိနပ္ဆု 3 ၾကိမ္အထိဆိုေတာ့ တကယ္ကို ေက်နပ္စရာပါ။
ရီးရဲလ္မက္ဒရစ္ဟာ ကၽြန္ေတာ့္ရဲ႕ ႏွလံုးသားေတြေရာ၊ ကၽြန္ေတာ့္မိသားစုရဲ႕ ႏွလံုးသား၀ိညဥ္ေတြကိုပါ သိမ္းပိုက္ထားျပီးပါျပီ။ ကလပ္အသင္းတစ္ခု လံုးကိုလဲ ေက်းဇူးတင္တယ္ဆိုတဲ့ စကားလံုးမ်ိဳးထက္ ပိုမို နက္ရႈိင္းတဲ့ စကားေတြ ေျပာလိုက္ခ်င္သလို၊ ဥကၠဌၾကီး၊ ဒါရိုက္တာေတြ၊ အသင္းေဖာ္ေတြ၊ ပညာရွင္ေတြ၊ ေဆးအဖြဲ႔ နဲ႔ ၾက႔ံခိုင္ေရး အဖြဲ႕၀င္ေတြ၊ ရွိသမွ် ၀န္ထမ္းေတြအားလံုး ေန႔စဥ္နဲ႔အမွ် ကၽြန္ေတာ့္ကို ကူညီေပးခဲ့ၾကတဲ့အတြက္ ေက်းဇူးတင္လိုု ့ကုုန္မွာ မဟုုတ္ေတာ့ပါဘူး။
ပရိသတ္ၾကီးကိုလဲ ေနာက္ထပ္တစ္ၾကိမ္ ေက်းဇူးတင္ေၾကာင္း ေျပာခ်င္ပါတယ္။ စပိန္ေဘာလံုး အဖြဲ႔ခ်ဳပ္ကိုလဲ ေက်းဇူးတင္ပါတယ္။ အားလံုးကို အစဥ္ ထာစရ ေလးစားေနမွာ ျဖစ္သလို၊ ကၽြန္ေတာ့္ရဲ႕ ေအာင္ျမင္မႈေတြ အားလံုးကလဲ သူတို႔ေၾကာင့္ပဲ ျဖစ္တည္လာခဲ့ရတာပါ။
အခုေတာ့ ဘ၀ အလွည့္အေျပာင္းတစ္ခုကို ရင္ဆိုင္ရပါေတာ့မယ္၊ ဒါေပမယ့္ ရီးရဲလ္ဂ်ာစီနဲ႔ ဘာေနဗ်ဴး ကြင္းၾကီးကေတာ့ ကၽြန္ေတာ္ဘယ္ကုိပဲ သြားသြား ႏွလံုးသားထဲမွာ အျမဲတမ္း ကိ္န္း၀ပ္ေနမွာပါ။ အားလံုးကို ေက်းဇူးတင္ပါတယ္။
ကၽြန္ေတာ္ ဘာေနဗ်ဴးကြင္းၾကီးထဲကို လြန္ခဲ့တဲ့ ၉ ႏွစ္ ပထမဆံုး ေရာက္ရွိလာခဲ့တဲ့ အခ်ိန္က အရင္ဆံုး ေျပာခဲ့တဲ့ စကားတစ္ခြန္းနဲ႔ပဲ ျပန္ျပီး ႏႈတ္ဆက္ပါရေစ…………Hala Madrid!
(Unicode)
ဒီဘက်နှစ်တွေမှာ ရီးရဲလ် အသင်းမှာ ဖြစ်သန်းခဲ့ရတဲ့ အချိန်တွေ၊ မက်ဒရစ် မြို့ကြီးမှာ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေဟာ ကျွန်တော့်ဘဝရဲ့ ပျော်ရွှင်ခဲ့ရဆုံး အချိန်တွေ ဖြစ်မှာပါ။
ကျွန်တော်ကိုယ်တိုင်လဲ တစ်လုံးမြို့လုံးကရော၊ ကလပ်တစ်ခုလုံးကပါ အားလုံးက ဂရုစိုက်မှုတွေ အများကြီးပေးခဲ့တယ်လို့ ခံစားခဲ့ရပါတယ်။ ဒီအချိန်မှာ ကျွန်တော် ပြောချင်တာက အဲဒီလို ့ကျွန်တော့်အပေါ် မေတ္တာတွေ၊ စေတနာတွေ ထားပေးခဲ့ကြတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒါပေမယ့် ကျွန်တော့်ဘဝမှာလဲ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ အချိန်တစ်ခုကို ရောက်လာနေပြီ လို ့ခံစားမိခဲ့တာမို့ အသင်းပြောင်းခွင့်ပေးဖို့ အသင်းကို ကျွန်တော့်ကိုယ်တိုင်ပဲ မေတ္တာရပ်ခံခဲ့တာပါ။ အခုလဲ ကျွန်တော့်ရဲ့ လေးစားရတဲ့ပရိသတ်ကြီးကို နားလည်မှုပေးကြဖို့ ထပ်ပြီး တောင်းဆိုချင်ပါတယ်။
ဒီမှာ ဖြတ်သန်းခဲ့ရတဲ့ 9 နှစ် တာကာလလုံးဟာ လုံးဝကို အံသြဖွယ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့ မရတဲ့ အချိန်တွေလို့လဲ ပြောလို့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အဲဒီလို ဖြတ်သန်းခွင့်ရခဲ့လို့ အမြဲတမ်း စိတ်လှုပ်ရှားနေမိခဲ့သလို၊ ပေးဆပ်မှုအပြည့်နဲ့ ကစားပေးခဲ့တာပါ။
ဒါပေမယ့် ခက်ခဲတဲ့ အခိုက်အတန့်တစ်ချို ့တွေလဲ ရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝဆိုတာ လွယ်ကူတဲ့ အရာမဟုတ်ဘူးလေ။ သေချာတာကတော့ ကျွန်တော်ဟာ ဒီမှာ ဖြတ်သန်းရင်း ပျော်ရွှင်ခဲ့ရတဲ့ အခိုက်အတန့်တွေကို ဘယ်တော့မှ မေ့ပစ်မှာ မဟုတ်ပါဘူး။
ကျွန်တော့်မှာ အရမ်းကို ခင်မင်ရတဲ့ ကစားဖော်တွေ ကွင်းထဲမှာရော၊ အဝတ်လဲခန်းမှာပါ အများကြီး ရခဲ့တယ်။ ကိုယ့်ရဲ့ နောက်မှာ အမြဲ ရပ်တည်အားပေးနေတဲ့ မက်ထရစ်စီတာ ပရိသတ်ကြီး ရှိခဲ့တယ်။ ကျွန်တော်တို့တွေ အတူတူ ချန်ပီယံလိဂ် ဖလားကို 3 နှစ် ဆက်တိုက်ရယူနိုင်ခဲ့သလို၊ 5 နှစ်အတွင်း 4 ကြိမ်အထိ ရယူပြနိုင်ခဲ့တယ်လေ။ တစ်ဦးချင်း အောင်မြင်မှုကို ပြန်ကြည့်ရင်လည်း ဘလွန်းဒီအော်ဆု 4 ကြိမ် နဲ့ ရွှေဖိနပ်ဆု 3 ကြိမ်အထိဆိုတော့ တကယ်ကို ကျေနပ်စရာပါ။
ရီးရဲလ်မက်ဒရစ်ဟာ ကျွန်တော့်ရဲ့ နှလုံးသားတွေရော၊ ကျွန်တော့်မိသားစုရဲ့ နှလုံးသားဝိညဉ်တွေကိုပါ သိမ်းပိုက်ထားပြီးပါပြီ။ ကလပ်အသင်းတစ်ခု လုံးကိုလဲ ကျေးဇူးတင်တယ်ဆိုတဲ့ စကားလုံးမျိုးထက် ပိုမို နက်ရှိုင်းတဲ့ စကားတွေ ပြောလိုက်ချင်သလို၊ ဥက္ကဌကြီး၊ ဒါရိုက်တာတွေ၊ အသင်းဖော်တွေ၊ ပညာရှင်တွေ၊ ဆေးအဖွဲ့ နဲ့ ကြ့ံခိုင်ရေး အဖွဲ့ဝင်တွေ၊ ရှိသမျှ ဝန်ထမ်းတွေအားလုံး နေ့စဉ်နဲ့အမျှ ကျွန်တော့်ကို ကူညီပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်လိုု ့ကုုန်မှာ မဟုုတ်တော့ပါဘူး။
ပရိသတ်ကြီးကိုလဲ နောက်ထပ်တစ်ကြိမ် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ စပိန်ဘောလုံး အဖွဲ့ချုပ်ကိုလဲ ကျေးဇူးတင်ပါတယ်။ အားလုံးကို အစဉ် ထာစရ လေးစားနေမှာ ဖြစ်သလို၊ ကျွန်တော့်ရဲ့ အောင်မြင်မှုတွေ အားလုံးကလဲ သူတို့ကြောင့်ပဲ ဖြစ်တည်လာခဲ့ရတာပါ။
အခုတော့ ဘဝ အလှည့်အပြောင်းတစ်ခုကို ရင်ဆိုင်ရပါတော့မယ်၊ ဒါပေမယ့် ရီးရဲလ်ဂျာစီနဲ့ ဘာနေဗျူး ကွင်းကြီးကတော့ ကျွန်တော်ဘယ်ကိုပဲ သွားသွား နှလုံးသားထဲမှာ အမြဲတမ်း ကိ်န်းဝပ်နေမှာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ကျွန်တော် ဘာနေဗျူးကွင်းကြီးထဲကို လွန်ခဲ့တဲ့ ၉ နှစ် ပထမဆုံး ရောက်ရှိလာခဲ့တဲ့ အချိန်က အရင်ဆုံး ပြောခဲ့တဲ့ စကားတစ်ခွန်းနဲ့ပဲ ပြန်ပြီး နှုတ်ဆက်ပါရစေ…………Hala Madrid!
Post a Comment