(Unicode)
2022 ကာတာကမ္ဘာ့ဖလားစတင်မယ့်အချိန်ကိုအတည်ပြုပြောကြားလိုက်တဲ့FIFA
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်FIFA ရဲ့ဥက္ကဋ္ဌဖြစ်သူဂိုင်နီအင်ဖာတီနိုကလာမယ့်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကိုကာတာနိုင်ငံရဲ့ဆောင်းရာသီကာလမှ ကျင်းပမှာ ဖြစ်ပြီးပြိုင်ပွဲချိန်တွေကိုနိုဝင်ဘာ၂၁မှာဖွင့်ပွဲစတင်မှာဖြစ်ပြီးဒီဇင်ဘာ၁၈ရက်နေ့မှာ ဗိုလ်လုပွဲကျင်းပမယ်လို့အတည်ပြုကြေညာလိုက်ပါတယ်။
" ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကိုနိုဝင်ဘာ၂၁နဲ့ဒီဇင်ဘာ၁၈ရက်နေ့ကျမှာ ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်။အသင်းပေါင်း၄၈သင်းပါဝင်မယ်လို့စိတ်ကူးထားပါတယ်။"
" ကာတာနိုင်ငံနဲ့လည်းဆောင်းရာသီမှာ ကျင်းပဖို့သဘောတူညီချက်ရထားပါတယ်။ဒါပင့်မယ့်၃၈သင်းထက်ပိုများလားမလားမလာဘူးလားတော့သေချာမဆုံးဖြတ်ရသေးပါဘူး"
" အခုအချိန်မှာ တော့အရာအားလုံးဖြစ်နိုင်ပါတယ်။၄၈သင်းသာပါမယ်ဆိုရင်တော့နိုင်ငံအချင်းချင်းတင်းမာမှုတွေကိုအလိုအလျောက်ဖြေရှင်းသွားနိုင်မယ်ထင်ပါတယ်။ဒီအခွင့်အလမ်းတံခါးကိုကျွန်တော်မပိတ်လိုက်ချင်ပါဘူး။" လို့ပြောကြားသွားပါတယ်။
ကာတာနိုင်ငံရဲ့ရာသီအပူအချိန်ဟာဂျွန်နဲ့ဂျွန်လိုင်လမှာတင်၄၁.၃C အထိရှိတဲ့အတွက်FIFA ကပြိုင်ပွဲချိန်ကိုပြောင်းလဲလိုက်ရတာပဲဖြစ်ပါတယ်။
Post a Comment