နောက်ထပ်လူငယ်အမျိုးသမီးလေး၇ယောက်ဟာလည်းသူတို့ရဲ့ငယ်ရွယ်တဲ့အချိန်တွေကိုအခြားအသင်းတစ်သင်းမှာကောင်းကောင်းအတွေ့အကြုံယူထားခဲ့ပြီးသားဖြစ်ပါတယ်။
(Unicode)
လာမယ့်၂၀၁၈/၂၀၁၉ရာသီအတွကိသရဲနီတို့ရဲ့အမျိုးသမီးအသင်းအကြောင်း
မန်ချက်စတာယူနိုက်တက်အသင်းဟာသူတို့အသင်းရဲ့၂၀၁၈/၂၀၁၉ရာသီအတွက်အမျိုးသမီးလူစာရင်းကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အမျိုးသမီးအသင်းဟာယခုနှစ်၂၀၁၈ခုနှစ်မှ အသင်းကိုစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့အခုအချိန်မှာ တော့ရာသီသစ်ပြိုင်ပွဲများအတွက်စိတ်လှုပ်ရှားနေကြကြောင်းကစားသမားများနဲ့နည်းပြကပြောကြားခဲ့ပါတယ်။
လီဗာပူးကစားသမားဟောင်းနဲ့အင်္ဂလန်အမျိုးသမီးလက်ရွေးစင်တစ်ယောက်ဖြစ်တဲ့စတုန်နီဟာယူနိုက်တက်ကိုကိုင်တွယ်မှာ ဖြစ်ပြီးစတုန်နီဟာမန်ချက်စတာယူနိုက်တက်အသင်းကိုလီဗာပူးကစားသမားဒါဇင်ဝက်နဲ့ဖွဲ့စည်းတည်ဆောက်ခဲ့ပါတယ်။
စတုန်နီဟာကစားသမားဘဝမှာ အနားယူပြီးနောက်သူ့ရဲ့အသင်းဟောင်းလီဗာပူးအသင်းကကစားသမားတွေဖြစ်တဲ့ဂရင်းဝုဒ်၊ဂိုးသမားချန်ဘာလိန်၊မာသာဟာရစ်၊ဟာတ်တလေ၊အီမလီရမ်ဆေး၊လူစီရော့ဘတ်၊အေမီတာနာတို့ကိုယူနိုက်တက်ဆီခေါ်ယူခဲ့ပါတယ်။
နောက်ထပ်ဝါရင့်ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ဇီလမ်ကတော့ဂျူဗင်တပ်စ်အသင်းနဲ့မနှစ်ရာသီကစီးရီးအေဖလားရယူပြီးမန်ချက်အမျိုးသမီးအသင်းဆီပြောင်းရွှေ့လာခဲ့ပါတယ်။
နောက်ထပ်လူငယ်အမျိုးသမီးလေးရယောက်ဟာလည်းသူတို့ရဲ့ငယ်ရွယ်တဲ့အချိန်တွေကိုအခြားအသင်းတစ်သင်းမှာ ကောင်းကောင်းအတွေ့အကြုံယူထားခဲ့ပြီးသားဖြစ်ပါတယ်။
" ကျွန်မာတို့ငယ်ရွယ်သေးပြီးစိတ်လည်းအရမ်းလှုပ်ရှားနေကြပါတယ်။ကျွန်မာတို့အသင်းကကောင်းကောင်းဖျော်ဖြေမှုပေးမှာပါ။" လို့စတုန်လေကသူ့ရဲ့အသင်းသားတွေကိုချီးကျူးခဲ့ပါတယ်။
" ဒီလူသစ်၂၁ယောက်ရဲ့ပေါင်းစည်းထားမှုကိုကျွန်မကောင်းကောင်းသိပါတယ်။ဒီအသင်းရဲ့အနာဂတ်နဲ့ပတ်သတ်ပြီးအရမ်းကိုစိတ်လှုပ်ရှားနေပါတယ်။" လို့ဆိုသွားပါတယ်။a
အင်္ဂလန်ဂိုးသမားလေးချန်ဘာလိန်ကလည်းသူ့ရဲ့တွစ်တာစာမျက်နှာမှာ
" ကမ္ဘာ့အကြီးဆုံးကလပ်ဆီလာရောက်ပူးပေါင်းခွင့်ရတာအရမ်းကိုဂုဏ်ယူမိပါတယ်။"
"ဒါဟာတကယ့်သမိုင်းဝင်စိတ်လှုပ်ရှားစရာစတင်မှုပါပဲ။အရမ်းကောင်းတဲ့ကစားသမားတွေ၊နည်းပြအဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးဒီအသင်းအကျႌဝတ်ကန်ရမှာကိုမစောင့်နိုင်တော့ပါဘူး။" လို့ရေးသားသွားပါတယ်။
ယူနိုက်တက်အမျိုးသမီးအသင်းဟာလာမယ့်တနင်္ဂနွေနေ့မှာ ချစ်ကြည်ရေးပွဲအဖြစ်လီဗာပူးအမျိုးသမီးအသင်းနဲ့ကစားရမှာပဲဖြစ်ပါတယ်။
Post a Comment