အဂၤလန္အသင္းက်ရံႈးခဲ့ရတဲ့ လူေျပာမ်ားေသာအေၾကာင္းအရင္း၅ခ်က္
ခ႐ိုေအးရွား အသင္းဟာ အဂၤလန္ အသင္းကို ၁-၂ ျဖင့္အႏိုင္ယူခဲ့ၿပီးေနာက္ နာမည္ႀကီး ျပင္သစ္ အသင္းနဲ႔ ၂၀၁၈ ကမာၻ ့ဖလားၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲမွာ ေတြ ့ဆံုယွဥ္ၿပိဳင္ရေတာ့မွာပဲျဖစ္ပါတယ္။ ဆီမီးဖိုင္နယ္အဆင့္မွာ အဂၤလန္အသင္း ကို၂-၁ အႏိုင္ယူခဲ့တဲ့ လူေျပာမ်ားတဲ့ အေၾကာင္းအရင္း ၅ ခ်က္ရွိပါတယ္။
အာရံုစူးစိုက္မႈမရွိခဲ့တဲ့ေနာက္ခံလူေတြ
အဂၤလန္ေနာက္ခံလူေတြရဲ႕ စည္းစနစ္မရွိမႈနဲ႔အတူ လူကပ္ပံု အားနည္းမႈေတြဟာ ခ႐ိုေအးရွားအသင္းအတြက္အေျခအေန၂ ရပ္ကို ခြင့္ျပဳေပးလိုက္ရသလို ျဖစ္ခဲ့ပါတယ္။ ဒါေတြေၾကာင့္ အဂၤလန္အသင္းဟာ ၁၉၆၆ ေနာက္ပိုင္း ကမာၻ ့ဖလားကိုင္ေျမာက္ႏိုင္မယ့္အခြင့္အေရးကို လက္လႊတ္ခဲ့ရပါတယ္။ေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္းဟာ ခ႐ိုေအးရွားရဲ႕ တိုက္စစ္ကို တြန္းလွန္ဖို ့ႀကိဳးစားရင္းနဲ႔ မွ ေခ်ပဂိုး အႏိုင္ဂိုးေတြ ေပးခဲ့ရပါတယ္။အဆိုပါ ဂိုး၂ဂိုး စလံုးဟာ အဂၤလန္ေနာက္ခံလူေတြရဲ႕ အာရံုစူးစိုက္မႈအားနည္းတဲ့အတြက္ေၾကာင့္ ေပးခဲ့ရတာပဲျဖစ္ပါတယ္။
အဂၤလန္ဟာ Set Piece ဘုရင္လား??
အဂၤလန္ အသင္းဟာ ယခုလက္ရွိကမာၻ ့ဖလားၿပိဳင္ပြဲမွာ တည္ကန္ေဘာေတြကေန ၉ဂိုးအထိရယူႏိုင္ခဲ့ပါတယ္။ပြဲကစားခ်ိန္ ၅ မိနစ္မွာ ထရစ္ပီယာ ရဲ႕ အလြတ္တည္ကန္ေဘာကေန ဦးေဆာင္ဂိုးရရွိခဲ့တဲ့ အဂၤလန္ အသင္းဟာ ၁၉၆၆ က တည္ကန္ေဘာကေန ၈ဂိုးအထိ ရယူခဲ့တဲ့ ေပၚတူဂီ အသင္းထက္ ၁ဂိုးသာခဲ့ပါတယ္။ ကစားကြက္ပံုေဖာ္မႈကေန ဂိုးရရွိဖို ့ခက္ခဲတဲ့ အဂၤလန္အသင္းကို Set Piece ေတြကလည္း မကယ္တင္ႏိုင္ခဲ့ပါဘူး။
အဂၤလန္အသင္းဟာ အေမ့ခံ အသင္းျဖစ္သင့္ပါတယ္။
အဂၤလန္ အသင္းဟာ ဆီမီးဖိုင္နယ္အဆင့္ထိ တက္ေရာက္လာႏိုင္ခဲ့တာ အသင္းေျခစြမ္းထက္ ယွဥ္ၿပိဳင္ကစားခဲ့ရတဲ့ အသင္းေတြ ဟာ သူတို ့အသင္းထက္ေျခစြမ္း တစ္ဆင့္နိမ့္ခဲ့တာကို အားလံုးကေမ့ေလ်ာ့ထားခဲ့ၾကၿပီး အဂၤလန္ရဲ႕ စြမ္းေဆာင္ရည္ေတြကို ဝိုင္းဝန္းဂုဏ္ျပဳ ခ်ီးက်ဴးေနခဲ့ၾကပါတယ္။ ခ႐ိုေအးရွား နဲ ပြဲမွာေတာ့ ဒုတိယပိုင္းမေရာက္ခင္အထိ အဆိုပါခ်ီးက်ဴးမႈမ်ားဟာ မွန္သင့္သေလာက္မွန္ခဲ့ေသာ္လည္း ဒုတိယပိုင္းေရာက္မွာေတာ့ အသင္းေခါင္းေဆာင္ျဖစ္တဲ့ ဟာရီကိန္း လည္း ေဘာလံုးသာ ထိရၿပီး ဘာမွ ျဖစ္မလာခဲ့ပါဘူး။ ဟာရီကိန္းဟာ ၂-၀ ျဖင့္ပြဲကို ျဖတ္လိုက္ႏိုင္မယ့္ အခြင့္အေရးကို ရရွိခဲ့ေသာ္လည္း ခ႐ိုေအးရွား ဂိုးသမား ဆူဘာဆစ္နဲ႔ ရင္ဆိုင္အေတြ ့မွာ ဂိုးဝင္ေအာင္မကန္ႏိုင္ခဲ့ပါဘူး။
ကန္တင္ေျပးအက်င့္ေပၚလာခဲ့တဲ့အဂၤလန္
အဂၤလန္ အသင္းဟာ အုပ္စုပြဲစဥ္ေတြနဲ႔ ကြားတာပြဲအထိ ေဘာလံုးေပးပို ့မႈကို အမ်ားဆံုးလုပ္တဲ့ အသင္းအျဖစ္ အသင္းကစားဟန္ကို နည္းျပေဆာက္ဂိတ္က ပံုေဖာ္ထားေပးခဲ့ပါတယ္။ ဒါပင္မယ္ ့လည္း ခ႐ိုေအးရွား အသင္းနဲ႔ ဒုတိယ ပိုင္း မွာ ေတာ့ အဂၤလန္အသင္းရဲ႕ ေရွးစြဲအက်င့္ျဖစ္တဲ့ ကန္တင္ေျပးစနစ္ျပန္ေပၚလာခဲ့ပါတယ္။
အဂၤလန္ေနာက္ခံလူေတြ ေဘာလံုးကိုင္ထားခ်ိန္မွာ ခ႐ိုေအးရွား အသင္းရဲ႕ တိုက္စစ္မွဴးေတြ နဲ႔ ကြင္းလယ္လူေတြဟာ အေရွ ့ထိတက္ၿပီး ဖိအားေပးကစားခဲ့တာေၾကာင့္ ေနာက္ခံလူေတြဟာ ေဘာလံုးကို အေရွ ့ကို ကန္ထုတ္ပစ္ဖို ့ႀကိဳးစားခဲ့ပါေတာ့တယ္။ ၿပီးေနာက္ အဂၤလန္ေနာက္ခံလူေတြဟာေနာက္တန္းမွာ အေသထိုင္လိုက္ၾကၿပီး တိုက္စစ္မွဴးေတြ ျဖစ္ၾကတဲ့ ဟာရီကိန္းနဲ႔ ရပ္ဖို ့ဒ္ တို ့ဆီေဘာလံုးေရာက္ဖို ့ ေဘာလံုးေတြကို ကန္တင္ေပးခဲ့ပါေတာ့တယ္။
သူ ့ရဲ႕ အရည္အေသြးကို ျပခဲ့တဲ့ ပါရီဆစ္
ခ႐ိုေအးရွား အသင္းအတြက္ လိုအပ္လာတဲ့ အခ်ိန္မွာ စြမ္းစြမ္းတမံ ႀကိဳးစားျပခဲ့တဲ့ အင္တာေတာင္ပံကစားသမား ပါရီဆစ္ဟာ ယခုလက္ရွိကမာၻ ့ဖလားၿပိဳင္ပြဲမွာ သူ ့ရဲ႕ အရည္အေသြးကို သပ္ေသျပေနခဲ့ပါတယ္။
ပြဲခ်ိ္န္ ၆၈ မိနစ္ မွာ ပါးနပ္တဲ့ ေခ်ပဂိုးကို သြင္းယူေပးခဲ့တဲ့ ပါရီဆစ္ဟာ အခ်ိန္ပို ေရာက္လို ့၁၁၀ မိနစ္မွာ လည္း မန္ဇူကစ္ရဲ႕ အႏိုင္ဂိုးကို ဖန္တီးေပးခဲ့ပါတယ္။ပါရီဆစ္ကို ထိန္းခ်ဳပ္ဖို ့႐ုန္းကန္ခဲ့ရတဲ့ အဂၤလန္ေနာက္ခံလူ ကိုင္လီေဝါလ္ကာတစ္ေယာက္ေတာ့ အခုအခ်ိန္မွာ အိမ္ျပန္ခဲ့ရၿပီျဖစ္ပါတယ္။
(Unicode)
ခရိုအေးရှား အသင်းဟာ အင်္ဂလန် အသင်းကို ၁-၂ ဖြင့်အနိုင်ယူခဲ့ပြီးနောက် နာမည်ကြီး ပြင်သစ် အသင်းနဲ့ ၂၀၁၈ ကမ္ဘာ ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ တွေ ့ဆုံယှဉ်ပြိုင်ရတော့မှာပဲဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာ အင်္ဂလန်အသင်း ကို၂-၁ အနိုင်ယူခဲ့တဲ့ လူပြောများတဲ့ အကြောင်းအရင်း ၅ ချက်ရှိပါတယ်။
အာရုံစူးစိုက်မှုမရှိခဲ့တဲ့နောက်ခံလူတွေ
အင်္ဂလန်နောက်ခံလူတွေရဲ့ စည်းစနစ်မရှိမှုနဲ့အတူ လူကပ်ပုံ အားနည်းမှုတွေဟာ ခရိုအေးရှားအသင်းအတွက်အခြေအနေ၂ ရပ်ကို ခွင့်ပြုပေးလိုက်ရသလို ဖြစ်ခဲ့ပါတယ်။ ဒါတွေကြောင့် အင်္ဂလန်အသင်းဟာ ၁၉၆၆ နောက်ပိုင်း ကမ္ဘာ ့ဖလားကိုင်မြောက်နိုင်မယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ ခရိုအေးရှားရဲ့ တိုက်စစ်ကို တွန်းလှန်ဖို ့ကြိုးစားရင်းနဲ့ မှ ချေပဂိုး အနိုင်ဂိုးတွေ ပေးခဲ့ရပါတယ်။အဆိုပါ ဂိုး၂ဂိုး စလုံးဟာ အင်္ဂလန်နောက်ခံလူတွေရဲ့ အာရုံစူးစိုက်မှုအားနည်းတဲ့အတွက်ကြောင့် ပေးခဲ့ရတာပဲဖြစ်ပါတယ်။
အင်္ဂလန်ဟာ Set Piece ဘုရင်လား??
အင်္ဂလန် အသင်းဟာ ယခုလက်ရှိကမ္ဘာ ့ဖလားပြိုင်ပွဲမှာ တည်ကန်ဘောတွေကနေ ၉ဂိုးအထိရယူနိုင်ခဲ့ပါတယ်။ပွဲကစားချိန် ၅ မိနစ်မှာ ထရစ်ပီယာ ရဲ့ အလွတ်တည်ကန်ဘောကနေ ဦးဆောင်ဂိုးရရှိခဲ့တဲ့ အင်္ဂလန် အသင်းဟာ ၁၉၆၆ က တည်ကန်ဘောကနေ ၈ဂိုးအထိ ရယူခဲ့တဲ့ ပေါ်တူဂီ အသင်းထက် ၁ဂိုးသာခဲ့ပါတယ်။ ကစားကွက်ပုံဖော်မှုကနေ ဂိုးရရှိဖို ့ခက်ခဲတဲ့ အင်္ဂလန်အသင်းကို Set Piece တွေကလည်း မကယ်တင်နိုင်ခဲ့ပါဘူး။
အင်္ဂလန်အသင်းဟာ အမေ့ခံ အသင်းဖြစ်သင့်ပါတယ်။
အင်္ဂလန် အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်လာနိုင်ခဲ့တာ အသင်းခြေစွမ်းထက် ယှဉ်ပြိုင်ကစားခဲ့ရတဲ့ အသင်းတွေ ဟာ သူတို ့အသင်းထက်ခြေစွမ်း တစ်ဆင့်နိမ့်ခဲ့တာကို အားလုံးကမေ့လျော့ထားခဲ့ကြပြီး အင်္ဂလန်ရဲ့ စွမ်းဆောင်ရည်တွေကို ဝိုင်းဝန်းဂုဏ်ပြု ချီးကျူးနေခဲ့ကြပါတယ်။ ခရိုအေးရှား နဲ ပွဲမှာတော့ ဒုတိယပိုင်းမရောက်ခင်အထိ အဆိုပါချီးကျူးမှုများဟာ မှန်သင့်သလောက်မှန်ခဲ့သော်လည်း ဒုတိယပိုင်းရောက်မှာတော့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ဟာရီကိန်း လည်း ဘောလုံးသာ ထိရပြီး ဘာမှ ဖြစ်မလာခဲ့ပါဘူး။ ဟာရီကိန်းဟာ ၂-၀ ဖြင့်ပွဲကို ဖြတ်လိုက်နိုင်မယ့် အခွင့်အရေးကို ရရှိခဲ့သော်လည်း ခရိုအေးရှား ဂိုးသမား ဆူဘာဆစ်နဲ့ ရင်ဆိုင်အတွေ ့မှာ ဂိုးဝင်အောင်မကန်နိုင်ခဲ့ပါဘူး။
ကန်တင်ပြေးအကျင့်ပေါ်လာခဲ့တဲ့အင်္ဂလန်
အင်္ဂလန် အသင်းဟာ အုပ်စုပွဲစဉ်တွေနဲ့ ကွားတာပွဲအထိ ဘောလုံးပေးပို ့မှုကို အများဆုံးလုပ်တဲ့ အသင်းအဖြစ် အသင်းကစားဟန်ကို နည်းပြဆောက်ဂိတ်က ပုံဖော်ထားပေးခဲ့ပါတယ်။ ဒါပင်မယ် ့လည်း ခရိုအေးရှား အသင်းနဲ့ ဒုတိယ ပိုင်း မှာ တော့ အင်္ဂလန်အသင်းရဲ့ ရှေးစွဲအကျင့်ဖြစ်တဲ့ ကန်တင်ပြေးစနစ်ပြန်ပေါ်လာခဲ့ပါတယ်။
အင်္ဂလန်နောက်ခံလူတွေ ဘောလုံးကိုင်ထားချိန်မှာ ခရိုအေးရှား အသင်းရဲ့ တိုက်စစ်မှူးတွေ နဲ့ ကွင်းလယ်လူတွေဟာ အရှေ ့ထိတက်ပြီး ဖိအားပေးကစားခဲ့တာကြောင့် နောက်ခံလူတွေဟာ ဘောလုံးကို အရှေ ့ကို ကန်ထုတ်ပစ်ဖို ့ကြိုးစားခဲ့ပါတော့တယ်။ ပြီးနောက် အင်္ဂလန်နောက်ခံလူတွေဟာနောက်တန်းမှာ အသေထိုင်လိုက်ကြပြီး တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဟာရီကိန်းနဲ့ ရပ်ဖို ့ဒ် တို ့ဆီဘောလုံးရောက်ဖို ့ ဘောလုံးတွေကို ကန်တင်ပေးခဲ့ပါတော့တယ်။
သူ ့ရဲ့ အရည်အသွေးကို ပြခဲ့တဲ့ ပါရီဆစ်
ခရိုအေးရှား အသင်းအတွက် လိုအပ်လာတဲ့ အချိန်မှာ စွမ်းစွမ်းတမံ ကြိုးစားပြခဲ့တဲ့ အင်တာတောင်ပံကစားသမား ပါရီဆစ်ဟာ ယခုလက်ရှိကမ္ဘာ ့ဖလားပြိုင်ပွဲမှာ သူ ့ရဲ့ အရည်အသွေးကို သပ်သေပြနေခဲ့ပါတယ်။
ပွဲချိ်န် ၆၈ မိနစ် မှာ ပါးနပ်တဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ ပါရီဆစ်ဟာ အချိန်ပို ရောက်လို ့၁၁၀ မိနစ်မှာ လည်း မန်ဇူကစ်ရဲ့ အနိုင်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ပါရီဆစ်ကို ထိန်းချုပ်ဖို ့ရုန်းကန်ခဲ့ရတဲ့ အင်္ဂလန်နောက်ခံလူ ကိုင်လီဝေါလ်ကာတစ်ယောက်တော့ အခုအချိန်မှာ အိမ်ပြန်ခဲ့ရပြီဖြစ်ပါတယ်။
Post a Comment