ဖိုင္နယ္ကိုေရာက္ဖို ့တစ္ပြဲပိုကစားခဲ့ရတဲ့ခ႐ိုေအးရွားအသင္း
ခ႐ိုေအးရွား အသင္းဟာ မေန ့ည ကအဂၤလန္အသင္းနဲ႔ ဆီမီးဖိုင္နယ္ပြဲမွာ အဂၤလန္ အသင္း ကို ၂-၁ ျဖင့္ အႏိုင္ရခဲ့ၿပီး သူတို ့အသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္ပထမဆံုးအႀကိမ္အျဖစ္ ကမာၻ ့ဖလားဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။
ဒါပင္မယ့္ ခ႐ိုေအးရွား အသင္းအတြက္ မန္ဇူကစ္ရဲ႕ အႏိုင္ဂိုးဟာ သာမန္ပြဲကစားခ်ိန္ၿပီးဆံုးလို ့ အခ်ိန္ပို မိနစ္ ၁၁၀ ေရာက္မွသာ သြင္းယူႏိုင္ခဲ့တာပဲျဖစ္ပါတယ္။
ခ႐ိုေအးရွားအသင္းဟာ တစ္ဖက္က ဖိုင္နယ္ေရာက္ရွိလာတဲ့ ျပင္သစ္အသင္းထက္ တစ္ရက္ေလ်ာ့ၿပီးသာ အနားရခဲ့ရသလို သူတို ့အသင္းဟာ ျပင္သစ္ ထက္ တစ္ပြဲပိုကစားရထားသလို ျဖစ္ေနပါတယ္။
ဘာေၾကာင့္လဲဆိုေတာ့ ခ႐ိုေအးရွား အသင္းဟာ ၁၆ သင္းအဆင့္မွာ ဆြစ္ဇာလန္ အသင္းနဲ႔ ေတြ ့ဆံုခဲ့ၿပီး သာမန္ပြဲကစားခ်ိန္အတြင္း ၁-၁ ျဖစ္ေနတာေၾကာင့္အခ်ိန္ပို မိနစ္ ၃၀ ဆက္ကစားၿပီး အေျဖမေပၚခဲ့တဲ့ အတြက္ ပယ္နယ္တီနဲ႔ အဆံုးအျဖတ္ခံယူခဲ့ရပါတယ္။
ကြာတားဖိုင္နယ္ေရာက္လာေတာ့လည္း အိမ္ရွင္႐ုရွားအသင္းနဲ႔ ကစားခဲ့ရကာသေရရလဒ္သာ ထြက္ေပၚခဲ့တာေၾကာင့္ အခ်ိန္ပို မိနစ္ ၃၀ နဲ႔ ပယ္နယ္တီ အဆံုးအျဖတ္ေတြ ကို ဆက္လက္ယွဥ္ၿပိဳင္ကစားခဲ့ရပါတယ္။
ျပင္သစ္အသင္းနဲ႔ ဖိုင္နယ္ပြဲမတိုင္ခင္ေတာ့ ခ႐ိုေအးရွား ကစားသမားေတြဟာ ျပန္လည္လန္းဆန္လာဖို ့နဲ႔ recovery ေလ့က်င့္ခန္းမ်ားကို အထူးလုပ္ေဆာင္သြားဖို ့လိုအပ္ေနၿပီျဖစ္ပါတယ္။
အခ်ိန္ပိုဘုရင္လို ့တင္စားျခင္းခံရတဲ့ ခ႐ိုေအးရွားအသင္း ဟာ ဖိုင္နယ္ေရာက္ဖို ့ျပင္သစ္အသင္းထက္ တစ္ပြဲပို ကစားခဲ့ရၿပီး ျပင္သစ္ အသင္းကေတာ့ ဗိုလ္လုပြဲ အထိတက္လွမ္းႏိုင္ဖို ့ အခ်ိန္ပို ကစားစရာမလိုခဲ့ေၾကာင္းေတြ ့ရပါတယ္။
(Unicode)
ဖိုင်နယ်ကိုရောက်ဖို ့တစ်ပွဲပိုကစားခဲ့ရတဲ့ခရိုအေးရှား
ခရိုအေးရှား အသင်းဟာ မနေ ့ည ကအင်္ဂလန်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲမှာ အင်္ဂလန် အသင်း ကို ၂-၁ ဖြင့် အနိုင်ရခဲ့ပြီး သူတို ့အသင်းရဲ့ သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ ့ဖလားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဒါပင်မယ့် ခရိုအေးရှား အသင်းအတွက် မန်ဇူကစ်ရဲ့ အနိုင်ဂိုးဟာ သာမန်ပွဲကစားချိန်ပြီးဆုံးလို ့ အချိန်ပို မိနစ် ၁၁၀ ရောက်မှသာ သွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ခရိုအေးရှားအသင်းဟာ တစ်ဖက်က ဖိုင်နယ်ရောက်ရှိလာတဲ့ ပြင်သစ်အသင်းထက် တစ်ရက်လျော့ပြီးသာ အနားရခဲ့ရသလို သူတို ့အသင်းဟာ ပြင်သစ် ထက် တစ်ပွဲပိုကစားရထားသလို ဖြစ်နေပါတယ်။
ဘာကြောင့်လဲဆိုတော့ ခရိုအေးရှား အသင်းဟာ ၁၆ သင်းအဆင့်မှာ ဆွစ်ဇာလန် အသင်းနဲ့ တွေ ့ဆုံခဲ့ပြီး သာမန်ပွဲကစားချိန်အတွင်း ၁-၁ ဖြစ်နေတာကြောင့်အချိန်ပို မိနစ် ၃၀ ဆက်ကစားပြီး အဖြေမပေါ်ခဲ့တဲ့ အတွက် ပယ်နယ်တီနဲ့ အဆုံးအဖြတ်ခံယူခဲ့ရပါတယ်။
ကွာတားဖိုင်နယ်ရောက်လာတော့လည်း အိမ်ရှင်ရုရှားအသင်းနဲ့ ကစားခဲ့ရကာသရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် အချိန်ပို မိနစ် ၃၀ နဲ့ ပယ်နယ်တီ အဆုံးအဖြတ်တွေ ကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။
ပြင်သစ်အသင်းနဲ့ ဖိုင်နယ်ပွဲမတိုင်ခင်တော့ ခရိုအေးရှား ကစားသမားတွေဟာ ပြန်လည်လန်းဆန်လာဖို ့နဲ့ recovery လေ့ကျင့်ခန်းများကို အထူးလုပ်ဆောင်သွားဖို ့လိုအပ်နေပြီဖြစ်ပါတယ်။
အချိန်ပိုဘုရင်လို ့တင်စားခြင်းခံရတဲ့ ခရိုအေးရှားအသင်း ဟာ ဖိုင်နယ်ရောက်ဖို ့ပြင်သစ်အသင်းထက် တစ်ပွဲပို ကစားခဲ့ရပြီး ပြင်သစ် အသင်းကတော့ ဗိုလ်လုပွဲ အထိတက်လှမ်းနိုင်ဖို ့ အချိန်ပို ကစားစရာမလိုခဲ့ကြောင်းတွေ ့ရပါတယ်။
Post a Comment