အေကာင္းဆံုးအသင္းဆိုတာအၿမဲအႏိုင္မရတတ္ပါဘူး-မိုဒရစ္
ခ႐ိုေအးရွားကြင္းလယ္လူလူကာမိုဒရစ္ကကမာၻ့ဖလားဖိုင္နယ္ပြဲမွာျပင္သစ္အသင္းကိုရံႈးနိမ့္ခဲ့ၿပီးေနာက္ပြဲအၿပီးမွာအခုလိုေျပာၾကားသြားပါတယ္။
လူကာမိုဒရစ္ဟာ2018 ကမာၻ့ဖလားၿပိဳင္ပြဲရဲ႕အေကာင္းဆံုးကစားသမားဆုကိုရရွိသြားတဲ့သူလည္းျဖစ္ပါတယ္။
" ကၽြန္ေတာ္တို့လုပ္ေဆာင္ႏိုင္ခဲ့တဲ့အရာေတြအတြက္ဂုဏ္ယူရင္းနဲ႔အိမ္ျပန္ခဲ့ရပါၿပီ။ဒါပင္မယ့္ဒီဖိုင္နယ္ပြဲမွာလြယ္လြယ္ကူကူနဲ႔ရံႈးနိမ့္ခဲ့တာေတာ့မဟုတ္ပါဘူး။အဆံုးထိအရံႈးမေပးပဲတိုက္ပြဲဝင္ခဲ့ပါတယ္။၄-၀မဟုတ္ခဲ့ရင္ေတာင္ကၽြန္ေတာ္တို့ေတြတစ္ေယာက္ကိုတစ္ေယာက္အျပစ္တင္ေနစရာမလိုပါဘူး။"
ေရႊေဘာလံုးဆုရရွိခဲ့တာနဲ႔ပတ္သတ္ၿပီး
" ဟုတ္ကဲ့ဒီလိုအသိအမွတ္ျပဳခံရတာကိုေက်နပ္ပါတယ္။ဒါမယ့္ကၽြန္ေတာ္ကကမာၻ့ဖလားလိုခ်င္တာပါ။ဒါပင္မယ့္ျဖစ္မလာခဲ့ပါဘူး။လာမယ့္ရက္အနည္းငယ္အတြင္းေတာ့ကၽြန္ေတာ္တို့ေတြဒီလိုႀကီးမားတဲ့လုပ္ေဆာင္မႈအတြက္ေအာင္ပြဲခံၾကမွာပါ။အခုေတာ့ခံစားခ်က္ကခ်ိဳသက္သက္ႀကီးျဖစ္ေနပါတယ္ဗ်ာ"
ပယ္နယ္တီေပးခဲ့တဲ့ဒိုင္လူႀကီးနဲ႔ပတ္သတ္ၿပီး
" ကၽြန္ေတာ္ပယ္နယ္တီကို မျမင္လိုက္ပါဘူး။ပါရီဆစ္ကသူမရည္ရြယ္ဘူးလို့ေျပာတယ္။တျခားသူေတြကလည္းမဟုတ္ဘူးလို့ေျပာၾကတယ္။ပထမဂိုးကလည္းျပစ္ဒဏ္ေဘာမက်ဴးလြန္ခဲ့ပါဘူး။ကၽြန္ေတာ္တို့ျပင္သစ္ကိုေကာင္းေကာင္းထိန္းခ်ဳပ္ကစားေနတဲ့အခ်ိန္မွာပယ္နယ္တီေပးလိုက္ရပါတယ္။အဲ့ေတာ့ခင္ဗ်ားလုပ္ရမွာကတန္ျပန္တိုက္စစ္နဲ႔အလုပ္လုပ္ရေတာ့မွာပါ။ဒါပင္မယ့္ကၽြန္ေတာ္တို့ျဖစ္မလာခဲ့ပါဘူး။"
" ကၽြန္ေတာ္တို့အသင္းဟာဖိုင္နယ္မွာပိုၿပီးစိတ္အားထက္သန္ခဲ့တယ္လို ့ထင္ပါတယ္။ဒါပင္မယ့္ဒါဟာေဘာလံုးေလာကပါ။ကၽြန္ေတာ္ဘယ္ေတာ့မွအရံႈးမေပးခဲ့တဲ့အတြက္ကၽြန္ေတာ္တို့အားလံုးဂုဏ္ယူသင့္ပါတယ္။"
2022 ကမာၻ့ဖလားၿပိဳင္ပြဲနဲ႔ပတ္သတ္ၿပီး
" ဒါေျပာဖို့ေစာပါေသးတယ္။ကၽြန္ေတာ္အနားယူဖို့လိုအပ္ေနၿပီးဒီအေၾကာင္းကိုမိသားစုနဲ႔အတူေဆြးေႏြးရပါဦးမယ္။"
" ကၽြန္ေတာ္တို့ေခါင္းေမာ့ၿပီးၿပိဳင္ပြဲကထြက္ခဲ့ရတာပါ။လြယ္လြယ္ကူကူမဟုတ္ပင္မယ့္ကၽြန္ေတာ္တို့ခ်န္ပီယံနဲ႔နီးစပ္ခဲ့ပါတယ္။ကၽြန္ေတာ္တို့ကပိုၿပီးဆႏၵျပင္းျပခဲ့ပါတယ္။ဒါပင္မယ့္အေကာင္းဆံုးအသင္းဆိုတာအၿမဲအႏိုင္မရတတ္ပါဘူး။ခင္ဗ်ားရံႈးတဲ့အခ်ိန္မွာမလြယ္ကူေတာ့ပင္မယ့္ဒါေတြေၾကာင့္ပဲေဘာလံုးဆိုတာကမာၻေပၚမွာအေကာင္းဆံုးအားကစားတစ္ရပ္ျဖစ္ေနတာေပါ့။" လို့ေျပာၾကားသြားပါတယ္။
(Unicode)
ခရိုအေးရှားကွင်းလယ်လူလူကာမိုဒရစ်ကကမ္ဘာ့ဖလားဖိုင်နယ်ပွဲမှာပြင်သစ်အသင်းကိုရှုံးနိမ့်ခဲ့ပြီးနောက်ပွဲအပြီးမှာအခုလိုပြောကြားသွားပါတယ်။
လူကာမိုဒရစ်ဟာ2018 ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုရရှိသွားတဲ့သူလည်းဖြစ်ပါတယ်။
" ကျွန်တော်တို့လုပ်ဆောင်နိုင်ခဲ့တဲ့အရာတွေအတွက်ဂုဏ်ယူရင်းနဲ့အိမ်ပြန်ခဲ့ရပါပြီ။ဒါပင်မယ့်ဒီဖိုင်နယ်ပွဲမှာလွယ်လွယ်ကူကူနဲ့ရှုံးနိမ့်ခဲ့တာတော့မဟုတ်ပါဘူး။အဆုံးထိအရှုံးမပေးပဲတိုက်ပွဲဝင်ခဲ့ပါတယ်။၄-ဝမဟုတ်ခဲ့ရင်တောင်ကျွန်တော်တို့တွေတစ်ယောက်ကိုတစ်ယောက်အပြစ်တင်နေစရာမလိုပါဘူး။"
ရွှေဘောလုံးဆုရရှိခဲ့တာနဲ့ပတ်သတ်ပြီး
" ဟုတ်ကဲ့ဒီလိုအသိအမှတ်ပြုခံရတာကိုကျေနပ်ပါတယ်။ဒါမယ့်ကျွန်တော်ကကမ္ဘာ့ဖလားလိုချင်တာပါ။ဒါပင်မယ့်ဖြစ်မလာခဲ့ပါဘူး။လာမယ့်ရက်အနည်းငယ်အတွင်းတော့ကျွန်တော်တို့တွေဒီလိုကြီးမားတဲ့လုပ်ဆောင်မှုအတွက်အောင်ပွဲခံကြမှာပါ။အခုတော့ခံစားချက်ကချိုသက်သက်ကြီးဖြစ်နေပါတယ်ဗျာ"
ပယ်နယ်တီပေးခဲ့တဲ့ဒိုင်လူကြီးနဲ့ပတ်သတ်ပြီး
" ကျွန်တော်ပယ်နယ်တီကို မမြင်လိုက်ပါဘူး။ပါရီဆစ်ကသူမရည်ရွယ်ဘူးလို့ပြောတယ်။တခြားသူတွေကလည်းမဟုတ်ဘူးလို့ပြောကြတယ်။ပထမဂိုးကလည်းပြစ်ဒဏ်ဘောမကျူးလွန်ခဲ့ပါဘူး။ကျွန်တော်တို့ပြင်သစ်ကိုကောင်းကောင်းထိန်းချုပ်ကစားနေတဲ့အချိန်မှာပယ်နယ်တီပေးလိုက်ရပါတယ်။အဲ့တော့ခင်ဗျားလုပ်ရမှာကတန်ပြန်တိုက်စစ်နဲ့အလုပ်လုပ်ရတော့မှာပါ။ဒါပင်မယ့်ကျွန်တော်တို့ဖြစ်မလာခဲ့ပါဘူး။"
" ကျွန်တော်တို့အသင်းဟာဖိုင်နယ်မှာပိုပြီးစိတ်အားထက်သန်ခဲ့တယ်လို ့ထင်ပါတယ်။ဒါပင်မယ့်ဒါဟာဘောလုံးလောကပါ။ကျွန်တော်ဘယ်တော့မှအရှုံးမပေးခဲ့တဲ့အတွက်ကျွန်တော်တို့အားလုံးဂုဏ်ယူသင့်ပါတယ်။"
2022 ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သတ်ပြီး
" ဒါပြောဖို့စောပါသေးတယ်။ကျွန်တော်အနားယူဖို့လိုအပ်နေပြီးဒီအကြောင်းကိုမိသားစုနဲ့အတူဆွေးနွေးရပါဦးမယ်။"
" ကျွန်တော်တို့ခေါင်းမော့ပြီးပြိုင်ပွဲကထွက်ခဲ့ရတာပါ။လွယ်လွယ်ကူကူမဟုတ်ပင်မယ့်ကျွန်တော်တို့ချန်ပီယံနဲ့နီးစပ်ခဲ့ပါတယ်။ကျွန်တော်တို့ကပိုပြီးဆန္ဒပြင်းပြခဲ့ပါတယ်။ဒါပင်မယ့်အကောင်းဆုံးအသင်းဆိုတာအမြဲအနိုင်မရတတ်ပါဘူး။ခင်ဗျားရှုံးတဲ့အချိန်မှာမလွယ်ကူတော့ပင်မယ့်ဒါတွေကြောင့်ပဲဘောလုံးဆိုတာကမ္ဘာပေါ်မှာအကောင်းဆုံးအားကစားတစ်ရပ်ဖြစ်နေတာပေါ့။" လို့ပြောကြားသွားပါတယ်။
Post a Comment