ျပင္သစ္အသင္းဟာ ေဘာလံုးကိုေကာင္းေကာင္းမကစားခဲ့ၾကပါဘူး -ေလာဗရန္
ခ႐ိုေအးရွား ေနာက္ခံလူ ေလာဗရန္က ကမာၻ ့ဖလားဗိုလ္လုပြဲမွာ ျပင္သစ္အသင္းကို ၄-၂ ျဖင့္ရံႈး နိမ့္ခဲ့ၿပီးေနာက္ ျပင္သစ္အသင္းရဲ႕ ကစားဟန္ကို အခုလိုပဲေဝဖန္ေျပာၾကားလိုက္ပါတယ္။
" ကၽြန္ေတာ္တို ့အသင္းပိုေကာင္းပါတယ္။ အာလံုးျခံဳၾကည့္မယ္ဆို သူတို ့ထက္အမ်ားႀကီး ပိုေကာင္းပါတယ္။ ျပင္သစ္က ေဘာလံုးကို မကစားခဲ့တာပါ။ သူတို ့ဟာ အခြင့္အေရးကိုသာ ေစာင့္ေနၿပီး ဂိုးသြင္းသြားတာပါ။ သူတို ့မွာ ဒီဗ်ဴဟာ တစ္ခုပဲရွိပါတယ္။ၿပီးေတာ့ ခင္ဗ်ားတို ့ဒါကိုေတာ့ေလးစားရပါမယ္။ သူတို ့ၿပိဳင္ပြဲတစ္ေလွ်ာက္လံုးဒီလိုႀကီးပဲ ကန္သြားၾကတာပါ။"
" ကၽြန္ေတာ္တို ့ရံႈးနိမ့္တဲ့ အတြက္ စိတ္ပ်က္မိပါတယ္။ဒါပင္မယ့္ အဲ့ဒီ့အသင္းထက္ေတာ့ ကၽြန္ေတာ္တို ့ဟာ ေဘာလံုးကို ပိုမို ကစားခဲ့ပါတယ္။"
"ကမာၻေပၚမွာ ဒုတိယျဖစ္ခဲ့တဲ့အတြက္ ကၽြန္ေတာ္ဂုဏ္ယူပါတယ္။ ကၽြန္ေတာ္လူတိုင္းအတြက္ ဂုဏ္ယူၿပီး ႏိုင္ငံအတြက္လည္း ဂုဏ္ယူမိပါတယ္။ဆံုးျဖတ္ခ်က္ေတြကို ၾကည့္မယ္ဆိုရင္ေတာ့ ေနာင္တရစရာေတြႀကီးပါပဲ။ဒါကို ေဖာ္ျပဖို ့ခက္ခဲပါတယ္။ လအနည္းငယ္ၾကာၿပီးတဲ့ အခ်ိန္မွာေတာ့ ကၽြန္ေတာ္ ့အတြက္ အရာအားလံုး ျပန္လည္တည့္မတ္လိမ့္မယ္ထင္ပါတယ္။"
ပယ္နယ္တီ အေပးခံရမႈနဲ႔ ပတ္သတ္ၿပီး ေလာဗရန္က
" သူပယ္နယ္တီေပးမွာ မဟုတ္ဘူးလို ့ကၽြန္ေတာ္ေသခ်ာထင္ခဲ့တာ။ ကၽြန္ေတာ္တို ့ရဲ႕ကစားသမားလည္း ဘယ္လိုမွ တံု ့ျပန္လို ့မရဘူးေလ။ ေဘာလံုးက အရမ္းကို ကပ္ၿပီး က်လာေတာ့ လက္ကိုေရွာင္ဖို ့မျဖစ္ႏိုင္ဘူးေလ။ဒါဟာ ဆီလိုအေပါက္ရွာတတ္တဲ့ အျပစ္ျမင္တဲ့ အခိုုက္အတန္ ့ျဖစ္သြားပါတယ္။"
"VAR စနစ္ကို ဒီထက္ပိုတိုးတက္ေအာင္လုပ္ဖို ့လိုေနပါၿပီ။ တစ္ခါတစ္ေလ ပယ္နယ္တီရတယ္။ တစ္ခါတစ္ေလမရဘူး။ ကၽြန္ေတာ္တကယ္ကို နားမလည္တာပါ။လူေတြအားလံုးက ဒါဟာ ပယ္နယ္တီ မဟုတ္ဘူးလို ့ေျပာၾကတယ္။ဒါပင္မယ့္ အခုကၽြန္ေတာ္ တို ့ဘယ္တတ္ႏိုင္ပါ့မလဲ။ ဒီစည္းမ်ဥ္းကို ဘယ္သူမွ နားမလည္ၾကဘူး။" လို ့ ေျပာၾကားသြားပါတယ္။
(Unicode)
ခရိုအေးရှား နောက်ခံလူ လောဗရန်က ကမ္ဘာ ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို ၄-၂ ဖြင့်ရှုံး နိမ့်ခဲ့ပြီးနောက် ပြင်သစ်အသင်းရဲ့ ကစားဟန်ကို အခုလိုပဲဝေဖန်ပြောကြားလိုက်ပါတယ်။
" ကျွန်ဆော်တို ့အသင်းပိုကောင်းပါတယ်။ အာလုံးခြုံကြည့်မယ်ဆို သူတို ့ထက်အများကြီး ပိုကောင်းပါတယ်။ ပြင်သစ်က ဘောလုံးကို မကစားခဲ့တာပါ။ သူတို ့ဟာ အခွင့်အရေးကိုသာ စောင့်နေပြီး ဂိုးသွင်းသွားတာပါ။ သူတို ့မှာ ဒီဗျူဟာ တစ်ခုပဲရှိပါတယ်။ပြီးတော့ ခင်ဗျားတို ့ဒါကိုတော့လေးစားရပါမယ်။ သူတို ့ပြိုင်ပွဲတစ်လျှောက်လုံးဒီလိုကြီးပဲ ကန်သွားကြတာပါ။"
" ကျွန်တော်တို ့ရှုံးနိမ့်တဲ့ အတွက် စိတ်ပျက်မိပါတယ်။ဒါပင်မယ့် အဲ့ဒီ့အသင်းထက်တော့ ကျွန်တော်တို ့ဟာ ဘောလုံးကို ပိုမို ကစားခဲ့ပါတယ်။"
"ကမ္ဘာပေါ်မှာ ဒုတိယဖြစ်ခဲ့တဲ့အတွက် ကျွန်တော်ဂုဏ်ယူပါတယ်။ ကျွန်တော်လူတိုင်းအတွက် ဂုဏ်ယူပြီး နိုင်ငံအတွက်လည်း ဂုဏ်ယူမိပါတယ်။ဆုံးဖြတ်ချက်တွေကို ကြည့်မယ်ဆိုရင်တော့ နောင်တရစရာတွေကြီးပါပဲ။ဒါကို ဖော်ပြဖို ့ခက်ခဲပါတယ်။ လအနည်းငယ်ကြာပြီးတဲ့ အချိန်မှာတော့ ကျွန်တော် ့အတွက် အရာအားလုံး ပြန်လည်တည့်မတ်လိမ့်မယ်ထင်ပါတယ်။"
ပယ်နယ်တီ အပေးခံရမှုနဲ့ ပတ်သတ်ပြီး လောဗရန်က
" သူပယ်နယ်တီပေးမှာ မဟုတ်ဘူးလို ့ကျွန်တော်သေချာထင်ခဲ့တာ။ ကျွန်တော်တို ့ရဲ့ကစားသမားလည်း ဘယ်လိုမှ တုံ ့ပြန်လို ့မရဘူးလေ။ ဘောလုံးက အရမ်းကို ကပ်ပြီး ကျလာတော့ လက်ကိုရှောင်ဖို ့မဖြစ်နိုင်ဘူးလေ။ဒါဟာ ဆီလိုအပေါက်ရှာတတ်တဲ့ အပြစ်မြင်တဲ့ အခိုုက်အတန် ့ဖြစ်သွားပါတယ်။"
"VAR စနစ်ကို ဒီထက်ပိုတိုးတက်အောင်လုပ်ဖို ့လိုနေပါပြီ။ တစ်ခါတစ်လေ ပယ်နယ်တီရတယ်။ တစ်ခါတစ်လေမရဘူး။ ကျွန်တော်တကယ်ကို နားမလည်တာပါ။လူတွေအားလုံးက ဒါဟာ ပယ်နယ်တီ မဟုတ်ဘူးလို ့ပြောကြတယ်။ဒါပင်မယ့် အခုကျွန်တော် တို ့ဘယ်တတ်နိုင်ပါ့မလဲ။ ဒီစည်းမျဉ်းကို ဘယ်သူမှ နားမလည်ကြဘူး။" လို ့ ပြောကြားသွားပါတယ်။
Post a Comment