ဂျူဗင်တပ်စ်ကို ပြန်မှာလား ပေါလ်ပေါ့ဘာ
(Unicode)
မန်ချက်စတာယူနိုက်တက်အသင်း ရဲ့ ပြင်သစ် ကွင်းလယ်လူပေါလ်ပေါ့ဘာ ဟာ သူ ့ရဲ့ အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းဆီ ပြန်လည်ပြောင်းရွှေ ့ချင်နေကြောင်း Tutto Sports ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ပေါ့ဘာ ဟာ ၂၀၁၆ ခုနှစ်က ဂျူဗင်တပ်စ် အသင်း ကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီ ယူရို ၁၀၅ သန်းဖြင့်ပြောင်းရွှေ ့လာခဲ့သူဖြစ်ပြီး တူရင်းမြို ့အခြေစိုက် သတင်းစာရဲ့ ဖော်ပြချက်အရ ပေါ့ဘာ ဟာ နည်းပြမော်ရင်ဟို လက်အောက်မှာ မပျော်မရွှင်ဖြစ်နေတာကြောင့် အသင်းဟောင်းဆီ ပြန်သွားဖို ့ရှိနေတယ်လို ့သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းဆီ ကမ္ဘာ ့အကောင်းဆုံးတိုက်စစ်မှူး ရော်နယ်ဒို ရောက်ရှိလာသည့်နည်းတူ ဘောလုံးစောင့်ကြည့်သူ ဝါသနာရှင်များကတော့ ချန်ပီယံလိပ်ဖလားဟာ စီးရီးအေ ချန်ပီယံ ဆီရောက်ရှိလာလိမ့်မယ်လို ့ခန် ့မှန်းနေကြပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၂ က မန်ချက်စတာ ယူနိုက်တက်အသင်းက နေ ဂျူဗင်တပ်စ်အသင်းဆီ အလွတ်ပြောင်းရွှေ ့ကြေးဖြင့် သွားရောက်ကစားခဲ့ကာ ခြေစွမ်းတောက်ပြောင်လာခဲ့ပြီးနောက် ယခုတစ်ကြိမ် ဂျူဗင်တပ်စ်အသင်းဆီ ပြန်သွားဖို ့ပေါ့ဘာဟာ စဉ်းစားနေတယ်လို ့ Tutto Sports က ညွှန်းဆိုနေပါတယ်။
ပြီးခဲ့တဲ့ ကမ္ဘာ ့ဖလား ဗိုလ်လုပွဲမှာ ပြင်သစ် အသင်း က ခရိုအေးရှားကို ၄-၂ ဖြင့် အနိုင်ရခဲ့ပြီးနောက် ဂျူဗင်တပ်စ် နဲ့ ပြင်သစ်ကွင်းလယ်လူ မာတွာဒီ က အသင်းဖော် ပေါ့ဘာ ကို ဂျူဗင်တပ်စ် ကို ပြန်လာမှာလားလို ့မေးမြန်းခဲ့တဲ့ ရုပ်သံဗီဒီယို တစ်ခုကို တွေ ့ရပါတယ်။
အဆိုပါ video မှာတော့ ပေါ့ဘာဟာ ပြုံးရယ်လျက်
" အား!!! Old Lady ! Old lady !” ရယ်ရယ်မောမော ပြန်ဖြေသွားတယ် လို ့သိရပါတယ်။
Post a Comment