Header Ads
ချဲလ်ဆီးအသင်းဆီပြန်လာမယ့် ပီတာဆက်ခ်ျ
ချဲလ်ဆီ အသင်းရဲ့ ဂိုးသမား ကော်တိုရစ်ဟာ အသင်းကနေထွက်ခွာဖို့ ပြင်ဆင်နေတာကြောင့် အာဆင်နယ်ဂိုးသမား ပီးတာဆက်ခ်ျဟာ အသင်းဟောင်း ချဲလ်ဆီ ဆီပြန်လည်ရောက်ရှိလာဖို ရှိနေတယ်လို့ သိရပါတယ်။
Sky Sports ရဲ့ ဖော်ပြချက်အရ ကော်တိုရစ် ဟာ ရီးရဲလ်မက်ဒရစ် အသင်းဆီ ရောက်ရှိဖို့ နီးစပ်နေပြီး ပီတာဆက်ခ်ျဟာ အသင်းဟောင်းချဲလ်ဆီ ပြန်လည်ပူးပေါင်းဖို့ နီးစပ်နေတယ်လို့ လည်း ယုံကြည်နေပါတယ်။
အသက် ၃၆ နှစ်အရွယ် ဂိုးသမားကြီးဟာ ချဲလ်ဆီးအသင်းကို ၂၀၀၄ ခုနှစ်က ရောက်လာတာဖြစ်ပြီး ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိပ်ဆုဖလား ကြိမ် အထိဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
သူဟာ အာဆင်နယ်အသင်းမှာ ကစားနေစဉ် နည်းပြဟောင်း အာဆင်ဝင်ဂါး လက်အောက်မှာ နှစ်ကြာ ကောင်းကောင်းကစားပေးထားခဲ့သော်လည်း နည်းပြသစ် အမ်မရီ ရောက်ရှိလာခဲ့ပြီးနောက် အသင်းဂိုးသမားနေရာအတွက် လီဗာဂူဆင်ဂိုးသမား လီနို ကိုအားကိုးတကြီး ခေါ်ယူခဲ့ပြီးပါပြီ။
ချဲလ်ဆီးအသင်းဟာ ဂိုးသမား အယ်လီဆန်ကိုခေါ်ယူဖို့ ကြိုးစားနေသော်လည်း အဆိုပါ အသက် ၂၅ နှစ်အရွယ် ဘရာဇီး ဂိုးသမားကို လီဗာပူးအသင်းက ခေါ်ယူဖို့ အခြားအသင်းတွေထက် ခြေတစ်လှမ်းသာနေကြောင်းသိရပါတယ်။
(Unicode)
ချဲလ်ဆီ အသင်းရဲ့ ဂိုးသမား ကော်တိုရစ်ဟာ အသင်းကနေထွက်ခွာဖို ့ပြင်ဆင်နေတာကြောင့် အာဆင်နယ်ဂိုးသမား ပီးတာဆက်ချ်ဟာ အသင်းဟောင်း ချဲလ်ဆီ ဆီပြန်လည်ရောက်ရိလာဖို ့ ရိနေတယ်လို ့သိရပါတယ်။
ချဲလ်ဆီး အသင်းဟာ ၂၀၁၅  ခုနစ်ကအက်တလက်တီကို မာ အငားချထားတဲ့ ဂိုးသမား ကော်တိုရစ် ကို အသင်းဆီ ပြန်လည်ခေါ်ယူခဲ့ပြီးနောက် ဂိုးသမား ပီတာဆက်ချ်ဟာ လည်း အာဆင်နယ်အသင်းဆီ ပြောင်းရွေ  ့သွားခဲ့တာပဲဖြစ်ပါတယ်။
Sky Sports ရဲ့ ဖော်ပြချက်အရ ကော်တိုရစ် ဟာ ရီးရဲလ်မက်ဒရစ် အသင်းဆီ ရောက်ရိဖို ့နီးစပ်နေပြီး ပီတာဆက်ချ်ဟာ အသင်းဟောင်းချဲလ်ဆီ ပြန်လည်ပူးပေါင်းဖို ့နီးစပ်နေတယ်လို ့လည်း ယုံကြည်နေပါတယ်။
အသက် ၃၆ နစ်အရွယ် ဂိုးသမားကြီးဟာ ချဲလ်ဆီးအသင်းကို ၂၀၀၄ ခုနစ်က ရောက်လာတာဖြစ်ပြီး ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိပ်ဆုဖလား ၄ ကြိမ် အထိဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
သူဟာ အာဆင်နယ်အသင်းမာ ကစားနေစဉ် နည်းပြဟောင်း အာဆင်ဝင်ဂါး လက်အောက်မာ ၃ နစ်ကြာ ကောင်းကောင်းကစားပေးထားခဲ့သော်လည်း နည်းပြသစ် အမ်မရီ ရောက်ရိလာခဲ့ပြီးနောက် အသင်းဂိုးသမားနေရာအတွက် လီဗာဂူဆင်ဂိုးသမား လီနို ကိုအားကိုးတကြီး ခေါ်ယူခဲ့ပြီးပါပြီ။
ချဲလ်ဆီးအသင်းဟာ ဂိုးသမား အယ်လီဆန်ကိုခေါ်ယူဖို ့ကြိုးစားနေသော်လည်း အဆိုပါ အသက် ၂၅ နစ်အရွယ် ဘရာဇီး ဂိုးသမားကို လီဗာပူးအသင်းက ခေါ်ယူဖို ့အခြားအသင်းတွေထက် ခြေတစ်လမ်းသာနေကြောင်းသိရပါတယ်။
No comments
Powered by Blogger.