ဂ်ဴဗင္တပ္စ္ ကစားသမားသစ္စီေရာ္နယ္ဒိုုရဲ ့မိတ္ဆက္ပြဲအခမ္းအနား
ဂ်ဴဗင္တပ္စ္အသင္းဟာ သူတို ့အသင္းရဲ႕ ကလပ္စံခ်ိန္တင္ကစားသမားအျဖစ္ ေခၚယူမႈ လုပ္ခဲ့တဲ့ ရီးရဲလ္တိုက္စစ္မွဴးေဟာင္း စီေရာ္နယ္ဒို ကို တနလၤာေန ့ညမွာ မိတ္ဆက္ပြဲအခမ္းအနားျပဳလုပ္ခဲ့ပါတယ္။
အဆိုပါအခမ္းအနားမွာ Old Lady အသင္းရဲ႕ တိုက္စစ္မွဴး အသစ္စက္စက္ႀကီး ေရာ္နယ္ဒိုေျပာခဲ့တာကေတာ့ သူဟာ ဂ်ဴဗင္တပ္စ္အသင္းဆီေျပာင္းေရႊ ့ဖို ့အရင္ထဲက စိတ္ကူးထားတာျဖစ္ေၾကာင္း နဲ႔ ရီးရဲလ္က သူ ့ကိုဆြဲထားလို ့သာ မလာျဖစ္ေသးတာလို ့ေျပာၾကားသြားခဲ့ပါတယ္။
" ဒါဟာ ႐ိုးရွင္းတဲ့ ဆံုးျဖတ္ခ်က္ပါ။ဟိုးအရင္ထဲက ဆံုးျဖတ္ၿပီးသားပါ။" လို ့တရားဝင္မိတ္ဆက္ပြဲအခမ္းအနားမွာ သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။
" ကၽြန္ေတာ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႔ သူငယ္ခ်င္းေတြကေတာ့ ဒီအသင္းဟာ ကၽြန္ေတာ္ ကစားႏိုင္တဲ့ အသင္းလို ့ေျပာခဲ့ၾကပါတယ္။အဲ့ေလာက္မခက္ခဲပါဘူးဗ်ာ"
"ကၽြန္ေတာ့္ကစားသမားဘဝအတြက္ေတာ့ အေရးႀကီးတဲ့ ေျခလွမ္းတစ္ခုပါပဲ။ ဘာလို ့လဲဆိုေတာ့ ဒီကလပ္ဟာ ႀကီးက်ယ္ခမ္းနားတဲ့ အျပင္တကယ္ကိုေကာင္းမြန္တဲ့ ပရိတ္သတ္ေတြ ရယ္၊ အသင္းဥကၠ႒ ရယ္လည္း ရွိေနၾကလို ့ပါ။"
"ကၽြန္ေတာ္ အရင္က ဆြတ္ခူးခဲ့တဲ့ ေအာင္ျမင္မႈေတြကို ျပန္လည္းတမ္းတမွာ မဟုတ္ေတာ့ပါဘူး။အခု ကၽြန္ေတာ့္မွာ စိန္ေခၚမႈအသစ္ရွိေနပါၿပီ။ အဲ့ေတာ့ အတိတ္ကလိုပဲ အရာအားလံုးဟာ ဒီမွာ လည္း အဆင္ေျပေျပရွိေနမွာပါ။"
ရီးရဲလ္မက္ဒရစ္ အသင္းဟာ သူတို ့ရဲ႕ အဓိက ကစားသမားကို လက္လႊတ္ခဲ့ရတဲ့ အခ်ိန္မွာေတာ့ ေရာ္နယ္ဒို က ရီးရဲလ္ ဟာ သူ မရွိပဲနဲ႔ လည္း ေကာင္းေကာင္းရပ္တည္ႏိုင္ပါတယ္လို ့ေျပာၾကားသြားပါတယ္။
" သူတို ့ငိုေႂကြးေနၾကလိမ့္မယ္လို ့ကၽြန္ေတာ္မထင္ပါဘူး။ရီးရဲလ္မွာ ကၽြန္ေတာ္ရဲ႕ ကစားသမားဘဝအခ်ိန္ေတြဟာ အရမ္းကို ေတာက္ပထူးခၽြန္ခဲ့ပါတယ္။"
" ဒါဟာ ကၽြန္ေတာ့္ဘဝ ရဲ႕ မွတ္တိုင္သစ္တစ္ခုပါ။အရင္ဟာေတြ ၿပီးဆံုးခဲ့ပါၿပီ။ အခုအခ်ိန္မွာ အရမ္းေပ်ာ္ေနၿပီး စိတ္လည္းတက္ႂကြမႈ ရွိေနကာ ဒီအသင္းအတြက္ အျပည့္အဝအာရံုစိုက္ထားပါတယ္။ ကၽြန္ေတာ္ဟာ ထိပ္တန္းကစားသမားတစ္ေယာက္ျဖစ္ေၾကာင္း အီတလီသားေတြကို သက္ေသျပခ်င္ပါတယ္။"
"ကၽြန္ေတာ္ ေကာင္းေကာင္းျပင္ဆင္သြားမွာပါ။ ကၽြန္ေတာ္တစ္စံုတစ္ေယာက္ကို သက္ေသျပလိုစိတ္ေတာ့မရွိပါဘူး။ ကၽြန္ေတာ္ဟာ စိန္ေခၚမႈကို ႀကိဳက္ႏွစ္သက္ပါတယ္။ကၽြန္ေတာ္ သက္ေသာင့္သက္သာေနေနရတာကို မႀကိဳက္ပါဘူး။"
" မန္ခ်က္စတာယူႏိုက္တက္မွာေရာ၊ ရီးရဲလ္မက္ဒရစ္အသင္းမွာပါ သမိုင္းမွတ္တမ္းေကာင္းေတြ ျပဳလုပ္ခဲ့ၿပီးပါၿပီ။ ကၽြန္ေတာ္ဒီမွာလည္း အဲ့လိုမ်ိဳး လုပ္ခ်င္ပါတယ္။ကံတရားကိုေတာ့ ရွာရမွာပဲ။ အရာအားလံုးဟာ ေကာင္းေကာင္းျဖစ္သြားလိမ္ ့မယ္ဆိုတာဟာ ကၽြန္ေတာ့အတြက္ေတာ့ေသခ်ာေနပါတယ္။"
ရီးရဲလ္ပရိတ္သတ္မ်ားကို နႈတ္ဆက္စကား မေျပာၾကားခဲ့တဲ့ ေရာ္နယ္ဒို ဟာ သူ ့ရဲ႕ အစီအစဥ္သစ္ေတြအတြက္ ေပ်ာ္ရႊင္ေနသလို ႏိုင္ငံလက္ေရြးစင္ ကစားသမားဘဝကို လည္းစြန္ ့ခြာဦးမွာ မဟုတ္ေၾကာင္းဝန္ခံပါတယ္။
" ကၽြန္ေတာ္လံုးဝကို စိတ္မေကာင္းမျဖစ္ခဲ့ပါဘူး။" လို ့သူ ့အတြက္ နႈတ္ဆက္ပြဲ မလုပ္ေပးခဲ့တဲ့ အေပၚ ျပန္လည္တံု ့ျပန္လိုက္ပါတယ္။
" ကၽြန္ေတာ့္ အသက္အရြယ္ေလာက္ဆိုရင္ ေတာ့တာ္ေတာ္မ်ားမ်ားဟာကာတာ သို ့မဟုတ္ တ႐ုတ္သြားၿပီး ကစားေနၾကပါၿပီ။ ဂ်ဴဗင္ ရဲ႕ စိန္ေခၚမႈေတြဟာ ကၽြန္ေတာ့္ အတြက္ေတာ့ အရမ္းကို ေပ်ာ္စရာပါပဲဗ်ာ"
" ကၽြန္ေတာ့္ ႏိုင္ငံအသင္းကို ဘယ္ေတာ့မွ ေက်ာေပးထားမွာ မဟုတ္ပါဘူး။ေပၚတူဂီ အသင္းမွာ လည္း ကၽြန္ေတာ္ ေရွ ့ဆက္ကစားသြားဦးမွာပါ" လို ့ေျပာၾကားသြားခဲ့ပါတယ္။
(Unicode)
ဂျူဗင်တပ်စ်အသင်းဟာ သူတို ့အသင်းရဲ့ ကလပ်စံချိန်တင်ကစားသမားအဖြစ် ခေါ်ယူမှု လုပ်ခဲ့တဲ့ ရီးရဲလ်တိုက်စစ်မှူးဟောင်း စီရော်နယ်ဒို ကို တနင်္လာနေ ့ညမှာ မိတ်ဆက်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားမှာ Old Lady အသင်းရဲ့ တိုက်စစ်မှူး အသစ်စက်စက်ကြီး ရော်နယ်ဒိုပြောခဲ့တာကတော့ သူဟာ ဂျူဗင်တပ်စ်အသင်းဆီပြောင်းရွှေ ့ဖို ့အရင်ထဲက စိတ်ကူးထားတာဖြစ်ကြောင်း နဲ့ ရီးရဲလ်က သူ ့ကိုဆွဲထားလို ့သာ မလာဖြစ်သေးတာလို ့ပြောကြားသွားခဲ့ပါတယ်။
" ဒါဟာ ရိုးရှင်းတဲ့ ဆုံးဖြတ်ချက်ပါ။ဟိုးအရင်ထဲက ဆုံးဖြတ်ပြီးသားပါ။" လို ့တရားဝင်မိတ်ဆက်ပွဲအခမ်းအနားမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
" ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ သူငယ်ချင်းတွေကတော့ ဒီအသင်းဟာ ကျွန်တော် ကစားနိုင်တဲ့ အသင်းလို ့ပြောခဲ့ကြပါတယ်။အဲ့လောက်မခက်ခဲပါဘူးဗျာ"
"ကျွန်တော့်ကစားသမားဘဝအတွက်တော့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါပဲ။ ဘာလို ့လဲဆိုတော့ ဒီကလပ်ဟာ ကြီးကျယ်ခမ်းနားတဲ့ အပြင်တကယ်ကိုကောင်းမွန်တဲ့ ပရိတ်သတ်တွေ ရယ်၊ အသင်းဥက္ကဋ္ဌ ရယ်လည်း ရှိနေကြလို ့ပါ။"
"ကျွန်တော် အရင်က ဆွတ်ခူးခဲ့တဲ့ အောင်မြင်မှုတွေကို ပြန်လည်းတမ်းတမှာ မဟုတ်တော့ပါဘူး။အခု ကျွန်တော့်မှာ စိန်ခေါ်မှုအသစ်ရှိနေပါပြီ။ အဲ့တော့ အတိတ်ကလိုပဲ အရာအားလုံးဟာ ဒီမှာ လည်း အဆင်ပြေပြေရှိနေမှာပါ။"
" မန်ချက်စတာယူနိုက်တက်မှာရော၊ ရီးရဲလ်မက်ဒရစ်အသင်းမှာပါ သမိုင်းမှတ်တမ်းကောင်းတွေ ပြုလုပ်ခဲ့ပြီးပါပြီ။ ကျွန်တော်ဒီမှာလည်း အဲ့လိုမျိုး လုပ်ချင်ပါတယ်။ကံတရားကိုတော့ ရှာရမှာပဲ။ အရာအားလုံးဟာ ကောင်းကောင်းဖြစ်သွားလိမ် ့မယ်ဆိုတာဟာ ကျွန်တော့အတွက်တော့သေချာနေပါတယ်။"
ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို ့ရဲ့ အဓိက ကစားသမားကို လက်လွှတ်ခဲ့ရတဲ့ အချိန်မှာတော့ ရော်နယ်ဒို က ရီးရဲလ် ဟာ သူ မရှိပဲနဲ့ လည်း ကောင်းကောင်းရပ်တည်နိုင်ပါတယ်လို ့ပြောကြားသွားပါတယ်။
" သူတို ့ငိုကြွေးနေကြလိမ့်မယ်လို ့ကျွန်တော်မထင်ပါဘူး။ရီးရဲလ်မှာ ကျွန်တော်ရဲ့ ကစားသမားဘဝအချိန်တွေဟာ အရမ်းကို တောက်ပထူးချွန်ခဲ့ပါတယ်။"
" ဒါဟာ ကျွန်တော့်ဘဝ ရဲ့ မှတ်တိုင်သစ်တစ်ခုပါ။အရင်ဟာတွေ ပြီးဆုံးခဲ့ပါပြီ။ အခုအချိန်မှာ အရမ်းပျော်နေပြီး စိတ်လည်းတက်ကြွမှု ရှိနေကာ ဒီအသင်းအတွက် အပြည့်အဝအာရုံစိုက်ထားပါတယ်။ ကျွန်တော်ဟာ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ကြောင်း အီတလီသားတွေကို သက်သေပြချင်ပါတယ်။"
"ကျွန်တော် ကောင်းကောင်းပြင်ဆင်သွားမှာပါ။ ကျွန်တော်တစ်စုံတစ်ယောက်ကို သက်သေပြလိုစိတ်တော့မရှိပါဘူး။ ကျွန်တော်ဟာ စိန်ခေါ်မှုကို ကြိုက်နှစ်သက်ပါတယ်။ကျွန်တော် သက်သောင့်သက်သာနေနေရတာကို မကြိုက်ပါဘူး။"
ရီးရဲလ်ပရိတ်သတ်များကို နှုတ်ဆက်စကား မပြောကြားခဲ့တဲ့ ရော်နယ်ဒို ဟာ သူ ့ရဲ့ အစီအစဉ်သစ်တွေအတွက် ပျော်ရွှင်နေသလို နိုင်ငံလက်ရွေးစင် ကစားသမားဘဝကို လည်းစွန် ့ခွာဦးမှာ မဟုတ်ကြောင်းဝန်ခံပါတယ်။
" ကျွန်တော်လုံးဝကို စိတ်မကောင်းမဖြစ်ခဲ့ပါဘူး။" လို ့သူ ့အတွက် နှုတ်ဆက်ပွဲ မလုပ်ပေးခဲ့တဲ့ အပေါ် ပြန်လည်တုံ ့ပြန်လိုက်ပါတယ်။
" ကျွန်တော့် အသက်အရွယ်လောက်ဆိုရင် တော့တာ်တော်များများဟာကာတာ သို ့မဟုတ် တရုတ်သွားပြီး ကစားနေကြပါပြီ။ ဂျူဗင် ရဲ့ စိန်ခေါ်မှုတွေဟာ ကျွန်တော့် အတွက်တော့ အရမ်းကို ပျော်စရာပါပဲဗျာ"
" ကျွန်တော့် နိုင်ငံအသင်းကို ဘယ်တော့မှ ကျောပေးထားမှာ မဟုတ်ပါဘူး။ပေါ်တူဂီ အသင်းမှာ လည်း ကျွန်တော် ရှေ ့ဆက်ကစားသွားဦးမှာပါ" လို ့ပြောကြားသွားခဲ့ပါတယ်။
Post a Comment