ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ခ်န္ပီယံလိပ္ဖလားရယူမယ္လို ့ဆိုလိုက္တဲ့႐ိုနယ္ဒို
ဂ်ဴဗင္တပ္စ္ကစားသမားအသစ္႐ိုနယ္ဒို က ခ်န္ပီယံလိပ္ဖလား ဟာ ဂ်ဴဗင္တပ္တပ္စ္ လာမယ့္ရာသီအတြက္ ပစ္မွတ္ဖလားလို ့ဆိုလိုက္ၿပီး သူဟာ အားလပ္ရက္ေတြကို ယူမွာမဟုတ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။
မေန ့ည က ဂ်ဴဗင္တပ္စ္ဟာ ႐ိုနယ္ဒို ရဲ႕ တရားဝင္မိတ္ဆက္ပြဲအခမ္းအနားျပဳလုပ္ခဲ့ပါတယ္။
ခ်န္ပီယံလိပ္ဖလားကို ၅လံုးထိ ကိုင္ေျမာက္ဖူးတဲ့႐ိုနယ္ဒိုက သူ တူရင္းကို ေျပာင္းေရႊ ့လာတာဟာ Old Lady အသင္းအတြက္ ခ်န္ပီယံလိပ္ဖလားရယူေပးလို မႈေၾကာင့္ျဖစ္တယ္လို ့ေျပာဆိုသြားပါတယ္။
" ခ်န္ပီယံလိပ္ဖလားဆိုတာ အသင္းတိုင္းလိုခ်င္ၾကတဲ့ ဆုဖလားမွန္းကၽြန္ေတာ္သိပါတယ္။ အဲ့ဖလားက ပစ္မွတ္ဖလားပါပဲ။"
" ကၽြန္ေတာ္ တို ့ အဲ့ဖလားအတြက္ တိုက္ပြဲဝင္သြားမယ္။ ၿပီးေတာ့ ဖလားအားလံုးအတြက္လည္း ႀကိဳးစားသြားၾကမယ္။"
"ခ်န္ပီယံလိပ္ၿပိဳင္ပြဲဟာ ခက္ခဲမွန္း ကၽြန္ေတာ္သိပါတယ္။ အဲ့ေတာ့ စိတ္ရွည္ရတယ္။ အာရံုစူးစိုက္မႈထားထားရပါတယ္။ဘာလို ့လဲဆိုေတာ့ ခ်န္ပီယံလိပ္ဖလားကို ရယူဖို ့ဆိုတာ မလြယ္ကူလို ့ပါ။ဟုတ္ကဲ့။ ကၽြန္ေတာ္ အကူအညီေပးခ်င္ပါတယ္။"
" ဂ်ဴဗင္တပ္စ္အသင္းဟာ ခ်န္ပီယံလိပ္ဖလားနဲ ့ေျခတစ္လွမ္း အကြာမွာရွိေနတာေၾကာင့္ သူတို ့အႏိုင္မယူႏိုင္ေသးတာပါ။ အကယ္လို ့ဖိုင္နယ္အထိေတာင္ေရာက္ခဲ့ၿပီး ခ်န္ပီယံ မျဖစ္ခဲ့ေသးဘူးဆိုရင္ေတာ့ ကၽြန္ေတာ္ဟာ လဘ္ေကာင္း ျဖစ္ႏိုင္တယ္လို ့ေမွ်ာ္လင့္ပါတယ္။"
" ကၽြန္ေတာ္အားလပ္ရက္ကို ဒီမွာ ရွိမေနပါဘူး။ ကၽြန္ေတာ္ ဂ်ဴဗင္တပ္စ္နဲ႔ ခ်န္ပီယံလိပ္ဖလားရယူခ်င္ပါတယ္။"
႐ိုနယ္ဒိုဟာ ၿပီးခဲ့တဲ့ရာသီက ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ခ်န္ပီယံလိပ္ဖလားရယူႏိုင္ခဲ့ပါတယ္။
ခ်န္ပီယံလိပ္ဖိုင္နယ္ပြဲအၿပီးမွာေတာ့ရီးရဲလ္မွာ ကစားရတာဟာ အရမ္းကို ေကာင္းပါတယ္လို ့ေျပာၾကားခဲ့တဲ့ ႐ိုနယ္ဒို ဟာ အဲ့အခ်ိန္ထဲက ဂ်ဴဗင္တပ္စ္ကို ေျပာင္းဖို ့စိတ္ကူးေနခဲ့တာလားလို ့ေမးျမန္းခဲ့ရာ
" အဲ့အခ်ိန္တုန္းကေတာ့ ကၽြန္ေတာ္ ေျပာင္းလာဖို ့မဆံုးျဖတ္ရေသးပါဘူး။ ခက္ခဲတဲ့ ထိပ္တန္းစီမံခန္ ့ခြဲမႈကို လုပ္ခဲ့ရတဲ့ ရီးရဲလ္ဥကၠ႒ ကို ေက်းဇူးတင္ပါတယ္။သူတို ့ကၽြန္ေတာ့္ကို ေတြးေပးခဲ့ၾကပါတယ္။အရမ္းအေရးႀကီးတဲ့ အရာေတြရွိခဲ့ပါတယ္။" လို ့ေျပာၾကားသြားခဲ့ပါတယ္။
" ကၽြန္ေတာ္ဟာ စိတ္ခံစားမႈပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာေရာ အားလံုးပံုစံေကာင္းမွာရွိေနပါတယ္။အဲ့ေတာ့ ကၽြန္ေတာ္ဒီကို ေရာက္လာရတာဟာ အရမ္းကို ဂုဏ္ယူမိပါတယ္။"
(Unicode)
ဂျူဗင်တပ်စ်ကစားသမားအသစ်ရိုနယ်ဒို က ချန်ပီယံလိပ်ဖလား ဟာ ဂျူဗင်တပ်တပ်စ် လာမယ့်ရာသီအတွက် ပစ်မှတ်ဖလားလို ့ဆိုလိုက်ပြီး သူဟာ အားလပ်ရက်တွေကို ယူမှာမဟုတ်ကြောင်းပြောကြားလိုက်ပါတယ်။
မနေ ့ည က ဂျူဗင်တပ်စ်ဟာ ရိုနယ်ဒို ရဲ့ တရားဝင်မိတ်ဆက်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။
ချန်ပီယံလိပ်ဖလားကို ၅လုံးထိ ကိုင်မြောက်ဖူးတဲ့ရိုနယ်ဒိုက သူ တူရင်းကို ပြောင်းရွှေ ့လာတာဟာ Old Lady အသင်းအတွက် ချန်ပီယံလိပ်ဖလားရယူပေးလို မှုကြောင့်ဖြစ်တယ်လို ့ပြောဆိုသွားပါတယ်။
" ချန်ပီယံလိပ်ဖလားဆိုတာ အသင်းတိုင်းလိုချင်ကြတဲ့ ဆုဖလားမှန်းကျွန်တော်သိပါတယ်။ အဲ့ဖလားက ပစ်မှတ်ဖလားပါပဲ။"
" ကျွန်တော် တို ့ အဲ့ဖလားအတွက် တိုက်ပွဲဝင်သွားမယ်။ ပြီးတော့ ဖလားအားလုံးအတွက်လည်း ကြိုးစားသွားကြမယ်။"
"ချန်ပီယံလိပ်ပြိုင်ပွဲဟာ ခက်ခဲမှန်း ကျွန်တော်သိပါတယ်။ အဲ့တော့ စိတ်ရှည်ရတယ်။ အာရုံစူးစိုက်မှုထားထားရပါတယ်။ဘာလို ့လဲဆိုတော့ ချန်ပီယံလိပ်ဖလားကို ရယူဖို ့ဆိုတာ မလွယ်ကူလို ့ပါ။ဟုတ်ကဲ့။ ကျွန်တော် အကူအညီပေးချင်ပါတယ်။"
" ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိပ်ဖလားနဲ ့ခြေတစ်လှမ်း အကွာမှာရှိနေတာကြောင့် သူတို ့အနိုင်မယူနိုင်သေးတာပါ။ အကယ်လို ့ဖိုင်နယ်အထိတောင်ရောက်ခဲ့ပြီး ချန်ပီယံ မဖြစ်ခဲ့သေးဘူးဆိုရင်တော့ ကျွန်တော်ဟာ လဘ်ကောင်း ဖြစ်နိုင်တယ်လို ့မျှော်လင့်ပါတယ်။"
" ကျွန်တော်အားလပ်ရက်ကို ဒီမှာ ရှိမနေပါဘူး။ ကျွန်တော် ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိပ်ဖလားရယူချင်ပါတယ်။"
ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိပ်ဖလားရယူနိုင်ခဲ့ပါတယ်။
ချန်ပီယံလိပ်ဖိုင်နယ်ပွဲအပြီးမှာတော့ရီးရဲလ်မှာ ကစားရတာဟာ အရမ်းကို ကောင်းပါတယ်လို ့ပြောကြားခဲ့တဲ့ ရိုနယ်ဒို ဟာ အဲ့အချိန်ထဲက ဂျူဗင်တပ်စ်ကို ပြောင်းဖို ့စိတ်ကူးနေခဲ့တာလားလို ့မေးမြန်းခဲ့ရာ
" အဲ့အချိန်တုန်းကတော့ ကျွန်တော် ပြောင်းလာဖို ့မဆုံးဖြတ်ရသေးပါဘူး။ ခက်ခဲတဲ့ ထိပ်တန်းစီမံခန် ့ခွဲမှုကို လုပ်ခဲ့ရတဲ့ ရီးရဲလ်ဥက္ကဋ္ဌ ကို ကျေးဇူးတင်ပါတယ်။သူတို ့ကျွန်တော့်ကို တွေးပေးခဲ့ကြပါတယ်။အရမ်းအရေးကြီးတဲ့ အရာတွေရှိခဲ့ပါတယ်။" လို ့ပြောကြားသွားခဲ့ပါတယ်။
" ကျွန်တော်ဟာ စိတ်ခံစားမှုပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော အားလုံးပုံစံကောင်းမှာရှိနေပါတယ်။အဲ့တော့ ကျွန်တော်ဒီကို ရောက်လာရတာဟာ အရမ်းကို ဂုဏ်ယူမိပါတယ်။"
Post a Comment