Header Ads
ဘယ်လ်ဂျီယံနဲ့အင်္ဂလန်အသင်းတတိယနေရာကိုဘယ်အသင်းရသွားမှာလဲ??
ဆီမီးဖိုင်နယ်အဆင့်မှာပြင်သစ်ခရိုအေးရှားအသင်းတို့ရဲ့ဖြုတ်ချခြင်းခံခဲ့ရတဲ့ဘယ်လ်ဂျီယံအသင်းနဲ့အင်္ဂလန်အသင်းတို့ဟာတနင်္ဂနွေနေ့ရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုမေ့ထားပြီးယနေ့ည:၃၀မှာတတိယနေရာလုပွဲအတွက်ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။
ဒီပွဲဟာ၂သင်းစလုံးရဲ့ဒုတိယမြောက်ပြန်လည်တွေ့ဆုံပွဲဖြစ်ပြီးပထမတစ်ကြိမ်အုပ်စုတွင်းနောက်ဆုံးပွဲမှာတော့ဘယ်လ်ဂျီယံကအင်္ဂလန်ကို-ဖြင့်အနိုင်ယူထားပါတယ်။
Team News
အရေးကြီးအချက်များ
ဘယ်လ်ဂျီယံအသင်းဟာ၁၉၈၆ကကမ္ဘာ့ဖလားတတိယနေရာလုပွဲမှာပြင်သစ်အသင်းကို-ဖြင့်အရေးနိမ့်ခဲ့ဖူးပြီးစတုတ္ထနေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။
အင်္ဂလန်အသင်းဟာလည်း၁၉၉၀ကမ္ဘာ့ဖလားတတိယနေရာလုပွဲမှာအီတလီအသင်းကို-ဖြင့်အရေးနိမ့်ခဲ့ပြီးစတုတ္ထနေရာဖြင့်သာကျေနပ်ခဲ့ရပါတယ်။
သတိပြုစရာအချက်များ
(Unicode)
ဘယ်လ်ဂျီယံ နဲ့ အင်္ဂလန် အသင်း တတိယနေရာဘယ်အသင်းရသွားမှာလဲ??
ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ် ၊ ခရိုအေးရှား အသင်းတို ့ရဲ့ ဖြုတ်ချခြင်းခံခဲ့ရတဲ့ ဘယ်လ်ဂျီယံ အသင်းနဲ့ အင်္ဂလန်အသင်းတို ့ဟာ တနင်္ဂနွေနေ ့ရဲ့ ကမ္ဘာ ့ဖလားဗိုလ်လုပွဲကို မေ့ထားပြီး ယနေ ့ည ၈:၃၀ မှာ တတိယနေရာလုပွဲအတွက် ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။
ဒီပွဲဟာ ၂သင်းစလုံးရဲ့ ဒုတိယမြောက်ပြန်လည်တွေ ့ဆုံပွဲဖြစ်ပြီး ပထမတစ်ကြိမ် အုပ်စုတွင်းနောက်ဆုံးပွဲမှာတော့ ဘယ်လ်ဂျီယံက အင်္ဂလန်ကို ၁-၀ ဖြင့် အနိုင်ယူထားပါတယ်။
အခုတတိယနေရာလုပွဲ ရောက်လာမှာ တော့ အင်္ဂလန်အသင်းအတွက် ရှုံးကြွေး ကိုပြန်ဆပ်နိုင်မယ့်ပွဲဖြစ်လာပါပြီ။
၂သင်းစလုံးဟာ ဆီမီးဖိုင်နယ်ပွဲ ကနာကျင်ခံစားခဲ့ရမှုများကို ဒီပွဲမှာပေါက်ကွဲပြဖို ့အဆင်သင့်ရှိနေကြပါတယ်။
အင်္ဂလန်အသင်းရဲ့ နည်းပြဆောက်ဂိတ်ကတော့ ရုရှားကမ္ဘာ ့ဖလားပြိုင်ပွဲကို တတိယနေရာနဲ့ အဆုံးသတ်ချင်လိုကြောင်းပြောကြားသွားပါတယ်။
" စိတ်ပိုင်းဆိုင်ရာအရတော့ ကျွန်တော်တို ့ရက်အနည်းငယ်အကြာ အတော်လေးခံစားခဲ့ရပါတယ်။ဒါပင့်မယ့် ကစားသမားတွေဟာ အံမခန်းပါပဲ။ သူတို ့ဟာ ဒီပွဲအတွက်အတော်လေး စိတ်ချမ်းသာနေကြပါပြီ။ သူတို ့မှာ ဆန္ဒတွေရော၊ စွမ်းအားတွေရော အပြည့်ရှိနေပါတယ်။"
"ဒီပြိုင်ပွဲကို အဆင့်အတန်းမြင့်မြင့်နဲ့ အဆုံးသတ်သွားချင်ပါတယ်။ကျွန်တော်တို ့ကစားတဲ့ ပုံစံနဲ့ အဆင့်အတန်းကို ဒီပြိုင်ပွဲမှာ ပြသခဲ့ပြီးပါပြီ။"
" ကျွန်တော်တို ့ကမ္ဘာ ့ဖလားမှာ ဆုတံဆိပ်ရဖို ့ အခွင့်အရေးရှိနေပါတယ်။အရင်အင်္ဂလန် အသင်းတစ်သင်းသာ ရယူနိုင်ခဲ့ဖူးတဲ့ ဆုတံဆိပ်လိုမျိုးပေါ့။"
" ကျွန်တော်တို ့ကိုစိတ်ဓာတ်လှုံဆော်ပေးတဲ့ အရာတွေ အများကြီးပါပဲ။ ဘယ်လ်ဂျီယံ အသင်းဟာ ကျွန်တော်တို ့ကို အနိုင်ကန်ထားတယ်။ အဲ့တော့ သူတို ့ကို တဖန် ပြန်အနိုင်ယူနိုင်အောင် ကျွန်တော်တို ့လုပ်ကြမယ်။"
ပြင်သစ်အသင်းကို ရှုံးနိမ့်ခဲ့ပြီး စိတ်ပျက်လက်ပျက်ဖြစ်ခဲ့သော်လည်း ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်က တော့ သူ ့ရဲ့ အသင်းသားတွေဟာ တတိယနေရာအတွက် အသင့်ဖြစ်နေကြောင်းပြောကြားလိုက်ပါတယ်။
" စိတ်ရှုပ်စရာဖုန်တွေ အနည်ထိုင်သွားပါပြီ။( စိတ်ညစ်စရာတွေ ပြီးဆုံးသွားပြီကိုဆိုလို) ဒီပွဲဟာ အရေးပါတဲ့ ပွဲပါ။ နိုင်ငံအသင်းအတွက် ဆုတံဆိပ်တစ်ခုရယူဖို ့ဆိုတာ ခင်ဗျားတို ့ကျွန်တော်တို ့အတွက်တွန်းအားတစ်ရပ်ပါပဲ။"
" ကစားသမားတွေဟာ အကောင်းဆုံး ဘယ်လ်ဂျီယံ အသင်းတစ်သင်းကို ပြသလိုနေပြီး အကောင်းဆုံးလုပ်ဆောင်ဖို ့အဆင်သင့်ဖြစ်နေပါတယ်။" လို ့ပြောကြားသွားပါတယ်။
Team News
နည်းပြဆောက်ဂိတ်ဟာ အသင်းရဲ့ ပွဲထွက်လူစာရင်းကို အပြောင်းအလဲအများကြီး လုပ်သွားဖို ့မရည်ရွယ်ထားကြောင်းသိရပါတယ်။
" ကစားသမားတိုင်းဟာ ပါဝင်ကစားချင်ကြပါတယ်။ဒါပင်မယ့် တစ်ခါတစ်လေကြရင်တော့ အဲ့ကစားသမားရဲ့ ခွန်အားဟာ အဲ့ပွဲအတွက်မဟုတ်ဘူးဆို ရင်တော့ သူ ့ကို ကစားခိုင်းဖို ့ဆုံးဖြတ်ချက်မချသင့်ပါဘူး။"
" အရင် ပွဲထွက် ၁၁ယောက်ပဲဖြစ်လာဖို ့ရှိပါတယ်။ဒါပင်မယ့် အနည်းငယ်ပြောင်းလဲသွားဖို ့လည်းရှိနေပါတယ်။"
အင်္ဂလန်အသင်းရဲ့ အဓိက ကစားသမား ထရစ်ပီယာဟာ  ခရိုအေးရှား နဲ့ ပွဲမှာရရှိခဲ့တဲ့ ပေါင်ခြံအကြောဒဏ်ရာကြောင့် ယနေ ့ပွဲမှာ ပါဝင်နိုင်ဖွယ်မရှိပါဘူး။ဒါ့အပြင်နောက်ခံလူတွေဖြစ်တဲ့ ယန်းနဲ့ ဝေါလ်ကာတို ့ကို လည်း အနားပေးသွားဖွယ်ရှိနေပါတယ်။
မာတီနက်ဇ်က ရွှေ ဖိနပ်ဆုအတွက် ဟာရီကိန်း နဲ့ ၂ဂိုးလျော့အကွာနဲ့ အပြိုင်ဖြစ်နေတဲ့ လူကာကူ ကို အနားပေးသွားဖွယ်ရှိနေပါတယ်။
ဒါ့အပြင် အုပ်စုပွဲမှာ အင်္ဂလန်ကို အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဂျာနူဇက် ဒီပွဲမှာ ပြန်လည်ပါဝင်ဖွယ်ရှိနေပါတယ်။ကာရက်စကို နဲ့ မာတင်တို့ဟာ လည်း ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်ဖွယ်ရှိနေပါတယ်။
ဆီမီးဖိုင်နယ်ပွဲမှာ အဝါကဒ်ပြစ်ဒဏ်ကြောင့် ပွဲပယ်ထိခဲ့တဲ့ နောက်ခံလူ မူနီယာ ယခုညပွဲမှာ ပြန်လည်ပါဝင်လာတော့မှာပဲဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း
အရေးကြီးအချက်များ
၂၀၀၂ ကမ္ဘာ ့ဖလား မှာ တူရကီ နဲ့ ဘရာဇီးတို ့ပွဲပြီးနောက်ပိုင်း ဘယ်လ်ဂျီယံ နဲ့ အင်္ဂလန် ဟာ ပြိုင်ပွဲအတွင်း ၂ကြိမ်တိုင်တွေ ့ဆုံတဲ့ အသင်းတွေ ဖြစ်လာခဲ့ပါတယ်။
ဘယ်လ်ဂျီယံ အသင်းဟာ ၁၉၈၆ က ကမ္ဘာ ့ဖလားတတိယနေရာလုပွဲမှာ ပြင်သစ်အသင်းကို ၄-၂ ဖြင့်အရေးနိမ့်ခဲ့ဖူးပြီး စတုတ္ထ နေရာနဲ့ သာကျေနပ်ခဲ့ရပါတယ်။
ဘယ်လ်ဂျီယံ အသင်းဟာ နည်းပြမာတီနက်ဇ်လက်အောက်မှာ ၂၆ ပွဲကစားထားပြီး ၂ပွဲသာ ရှုံးနိမ့်ထားပါသေးတယ်။( ၂၀၁၆ စက်တင်ဘာ ၀-၁ စပိန်၊ ၂၀၁၈ ဂျူလိုုင် ၁-၂ ပြင်သစ် ဆီမီးဖိုင်နယ်)
အင်္ဂလန်အသင်းဟာလည်း ၁၉၉၀ ကမ္ဘာ ့ဖလားတတိယနေရာလုပွဲမှာ အီတလီ အသင်းကို ၂-၁ ဖြင့်အရေးနိမ့်ခဲ့ပြီး စတုတ္ထ နေရာဖြင့်သာကျေနပ်ခဲ့ရပါတယ်။
ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ နည်းပြမာတီးနက်ဇ်လက်အောက်မှာ ၂၃ ပွဲကစားထားပြီး ၂၃ ဂိုးသွင်းယူထားနိုင်ပါတယ်။ဒါပင်မယ့်သူဟာ ပြီးခဲ့တဲ့ ၃ပွဲမှာတော့ ဂိုးပေါက်ပျောက်နေခဲ့ပါတယ်။လူကာကူဟာ ၄ ပွဲဆက် ဂိုးပေါက်မပျောက်ဖူးတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် အင်္ဂလန်နဲ့ ပွဲမှာ သူဂိုးသွင်းနိုင်မလားစောင့်ကြည့်ချင်စရာကောင်းနေပါတယ်။
အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကတော့ ပြီးခဲ့တဲ့ ကမ္ဘာ ့ဖလားပြိုင်ပွဲ ၃ပွဲမှာ ဂိုးပေါက် ၁ကြိမ်သာ ကန်သွင်းနိုင်ခဲ့ပါတယ်။ အဲ့ဒါဟာ ၁၆ သင်းအဆင့်မှာ ကိုလံဘီယာနဲ့ ပွဲက ပယ်နယ်တီ ကန်သွင်းယူမှုပဲဖြစ်ပြီး ဂိုးပေါက်ကန်သွင်းမှု ပျောက်ဆုံးနေခဲ့တာဟာဂ၄ နာရီ နဲ့ ၃၃ မိနစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
သတိပြုစရာအချက်များ
အင်္ဂလန် အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို ့ဟာ လက်ရှိကမ္ဘာ ့ဖလားပြိုင်ပွဲ ၂ကြိမ်မြောက်တွေ ့ဆုံတဲ့ ပွဲဖြစ်ပြီး ၂ပွဲစလုံးဟာ သူတို ့အတွက် အဓိပ္ပာယ်မရှိခဲ့ပါဘူး။
ပထမပွဲ အုပ်စု နောက်ဆုံးပွဲဟာ အုပ်စု ဗိုလ်ဆုံးဖြတ်တဲ့ပွဲသာဖြစ်ခဲ့ပြီး အခုညပွဲဟာ လည်း ၂သင်းစလုံး မလိုလားခဲ့တဲ့ နေရာအတွက် တိုက်ယူရမယ့်ပွဲဖြစ်နေပါတယ်။
ဘယ်လ်ဂျီယံ အသင်းဟာ အင်္ဂလန်ကို အနိုင်ရပြီး ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ ဗိုလ်ဆွဲဖို ့ရေပန်းစားတဲ့ အသင်းဖြစ်လာခဲ့ပြီး ဖြတ်ကျော်ခဲ့တဲ့ အဆင့်တိုင်းမှာ အချိန်ပို မိနစ်တွေ မကစားလာခဲ့ရပါဘူး။ ဘယ်လ်ဂျီယံအသင်းဟာ အကောင်းဆုံးအသင်းပုံစံကို ပြသနေသော်လည်း အင်္ဂလန် အသင်းကတော့ ခရိုအေးရှားနဲ့ ပွဲရဲ့ ရလဒ်ကို ဒီပွဲမှာ ပြန်လည်ပြင်ဆင်နိုင်ဖို ့ကြိုးစားတော့မှာပဲဖြစ်ပါတယ်။
No comments
Powered by Blogger.