Header Ads


လီဗာပူးကစားသမားအသစ္ရွာကြီရီဆာလာအေၾကာင္းဘာေျပာခဲ့တာလဲ??



စတုတ္စီးတီးအသင္းကေနလီဗာပူးအသင္းကိုေျပာင္းေရႊ့လာတဲ့ဆြစ္ဇာလန္ကြင္းလယ္ေတာင္ပံကစားသမားရွာကြီရီကသူဟာလီဗာပူးအသင္းမွာဆာလာနဲ႔အတူကစားရမွာကိုေပ်ာ္ရႊင္ေနေၾကာင္းေျပာၾကားသြားခဲ့ပါတယ္။

ရွာကြီရီဟာေဘဆဲလ္အသင္းမွာကစားခဲ့စဥ္တုန္းကဆာလာကိုသိခဲ့သူျဖစ္ခဲ့ၾကေသာ္လည္းသူတို့၂ေယာက္ဟာအသင္းေဖာ္ေတြမျဖစ္ခဲ့ၾကပါဘူး။

ရွာကြီရီဟာေဘဆဲလ္အသင္းကေနထြက္ခြာၿပီးဘိုင္ယန္ျမဴးနစ္ဆီသြားေရာက္ကစားတဲ့အခ်ိန္ၾကမွဆာလာဟာေဘဆဲလ္အသင္းကိုေျပာင္းေရႊ့လာခဲ့တာျဖစ္ပါတယ္။

အသက္၂၆ႏွစ္အရြယ္ကြင္းလယ္ေတာင္ပံကစားသမားရွာကြီရီက

" ကၽြန္ေတာ္သူ့ကိုေကာင္းေကာင္းမသိပါဘူး။ဒါပင္မယ့္ကၽြန္ေတာ္ေဘဆဲလ္မွာတုန္းကသူဟာေလ့က်င့္ခန္းအစီအစဥ္မွာအစမ္းေလ့က်င့္ခန္းေတြ၂ႀကိမ္၃ႀကိမ္ေလာက္လာလုပ္ဖူးတာကိုေတြ့ခဲ့ရပါတယ္။ကၽြန္ေတာ္လည္းဘိုင္ယန္ဆီထြက္သြားေတာ့သူေဘဆဲလ္မွာဆက္ရွိေနတယ္လို့သိရပါတယ္။"


" သူဒီမွာရွိေနတာကိုေတြ့ရတာကၽြန္ေတာ္အရမ္းေပ်ာ္ပါတယ္။သူဟာမႏွစ္ကေကာင္းမြန္တဲ့ရာသီတစ္ခုကိုျဖတ္သန္းႏိုင္ခဲ့ပါတယ္။လာမယ့္ရာသီလည္းသူအဲ့လိုလုပ္ႏိုင္လိမ့္မယ္လို့ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္။"

" သူဟာအရမ္းကိုေတာ္ၿပီးေကာင္းတဲ့ေကာင္ေလးပါ။ကၽြန္ေတာ္သူ့အတြက္အရမ္းဝမ္းေျမာက္မိပါတယ္။အေရးႀကီးတာကအသင္းနဲ႔အတူူအလုပ္လုပ္သြားဖို့ပါပဲ။အသင္းေဖာ္ေတြဟာမႏွစ္ကဆုဖလားမရခဲ့လို့စိတ္မေကာင္းျဖစ္ေနၾကပါတယ္။ဒါပင္မယ့္ဒီႏွစ္မွာေတာ့ကၽြန္ေတာ္တို့လုပ္ႏိုင္လိမ့္မယ္ေမွ်ာ္လင့္ပါတယ္။"

ရွာကြီရီဟာဘိုင္ယန္အသင္းမွာကစားခဲ့စဥ္ခ်န္ပီယံလိပ္ဖလားဆြတ္ခူးႏိုင္ခဲ့ၿပီးေဘဆဲလ္အသင္းမွာကစားခဲ့စဥ္ကာလကလည္းဆြစ္စူပါလိပ္ဖလားကို၃ႀကိမ္တိုင္ရယူေပးထားႏိုင္ခဲ့သူျဖစ္ပါတယ္။ရွာကြီရီဟာအန္ဖီးမွာနည္းျပဂ်ာဂန္ကေလာ့နဲ႔အတူဆုဖလားေတြဆြတ္ခူးႏိုင္ဖို့ေမွ်ာ္မွန္းေနပါတယ္။

" ကၽြန္ေတာ္ပရီးမီးယားလိပ္ဖလားရယူခ်င္ပါတယ္။ဒါဟာကၽြန္ေတာ့္ရဲ႕ရည္မွန္းခ်က္ပါ။ဆုဖလားေတြဘယ္လိုယူရမလဲဘိုင္ယန္မွာကစားေနစဥ္ထဲကကၽြန္ေတာ္သိပါတယ္။ကၽြန္ေတာ္တို့၃ႀကိမ္တိုင္ရယူႏိုင္ခဲ့ဖူးၿပီးဒါဟာတကယ့္ကိုအံမခန္းပါပဲ။"


" ကၽြန္ေတာ္တို့ဆုဖလားေတြအမ်ားရလိမ့္မယ္လို့ယံုၾကည္ပါတယ္။အသင္းပရိတ္ေတြကလည္းကၽြန္ေတာ္တို့အသင္းဆုဖလားဆြတ္ခူးႏိုင္တာကိုေတြ့ခ်င္ေနပါတယ္။ကၽြန္ေတာ္တို့ဟာေအာင္ျမင္မႈကိုဆာေလာင္ေနတဲ့အသင္းျဖစ္ေအာင္ႀကိဳးစားရပါမယ္။"

" ကစားသမားတစ္ေယာက္အေနနဲ႔ေတာ့ေဘာလံုးေလာကမွာႀကီးမားတဲ့ေနာက္တစ္ဆင့္ကိုေရာက္ခ်င္ပါတယ္။လြန္ခဲ့တဲ့ႏွစ္ေတြကကၽြန္ေတာ္ဒီကိုလာခ်င္ခဲ့ပါတယ္။ဒါပင္မယ့္ဘာမွျဖစ္မလာခဲ့ပါဘူး။အခုဒီေရာက္ေနၿပီဆိုေတာ့အရမ္းေပ်ာ္တာေပါ့။ကၽြန္ေတာ္ဒီထက္မကတိုးတက္ခ်င္ၿပီးအသင္းနဲ႔ဖလားေတြအမ်ားႀကီးရယူခ်င္ပါတယ္။ဒါဟာဒီအသင္းမွာရွိေနတဲ့ကၽြန္ေတာ့္ရဲ႕အေၾကာင္းျပခ်က္ပဲ။"

" နည္းျပကိုေတာ့ဂ်ာမနီမွာထဲကသိခဲ့တာပါ။သူကိုင္တြယ္ခဲ့တဲ့ေဒါ့မြန္အသင္းနဲ႔ရင္ဆိုင္ကစားရတဲ့ပြဲတိုင္းအရမ္းကိုၾကည့္ေကာင္းတဲ့ပြဲႀကီးတစ္ပြဲျဖစ္ခဲ့ပါတယ္။သူဟာကၽြန္ေတာ္ဒီကိုေရာက္လာေစတဲ့အဓိကအေၾကာင္းအရင္းတစ္ရပ္ျဖစ္လာေစပါတယ္။ကေလာ့ေၾကာင့္ကၽြန္ေတာ္ဒီကိုေရာက္လာတာပါ။"

" ကေလာ့ရဲ႕ေဘာလံုးဒႆနကိုကၽြန္ေတာ္ႀကိဳက္ပါတယ္။သူဟာအသင္းကိုဘယ္လိုကစားေစသလဲ၊ဘယ္လိုအသင္းကိုစီမံခန့္ခြဲလဲစတာေတြကိုကၽြန္ေတာ္ႏွစ္သက္သေဘာက်မိပါတယ္။သူဟာဆႏၵျပင္းျပတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။သူနဲ႔ျပန္လည္းပူးေပါင္းခြင့္ရတဲ့အတြက္ကၽြန္ေတာ္ေက်နပ္မိပါတယ္။"လို့ေျပာၾကားသြားပါတယ္။
(Unicode)

လီဗာပူးကစားသမားအသစ်ရှာကွီရီဆာလာအကြောင်းဘာပြောခဲ့တာလဲ??


စတုတ်စီးတီးအသင်းကနေလီဗာပူးအသင်းကိုပြောင်းရွှေ ့လာတဲ့ဆွစ်ဇာလန်ကွင်းလယ်တောင်ပံကစားသမားရှာကွီရီကသူဟာလီဗာပူးအသင်းမှာဆာလာနဲ့အတူကစားရမှာကိုပျော်ရွှင်နေကြောင်းပြောကြားသွားခဲ့ပါတယ်။

ရှာကွီရီဟာဘေဆဲလ်အသင်းမှာ ကစားခဲ့စဉ်တုန်းကဆာလာကိုသိခဲ့သူဖြစ်ခဲ့ကြသော်လည်းသူတို့၂ယောက်ဟာအသင်းဖော်တွေမဖြစ်ခဲ့ကြပါဘူး။

ရှာကွီရီဟာဘေဆဲလ်အသင်းကနေထွက်ခွာပြီးဘိုင်ယန်မြူးနစ်ဆီသွားရောက်ကစားတဲ့အချိန်ကြမှ ဆာလာဟာဘေဆဲလ်အသင်းကိုပြောင်းရွှေ ့လာခဲ့တာဖြစ်ပါတယ်။

အသက်၂၆နှစ်အရွယ်ကွင်းလယ်တောင်ပံကစားသမားရှာကွီရီက

" ကျွန်တော်သူ့ကိုကောင်းကောင်းမသိပါဘူး။ဒါပင်မယ့်ကျွန်တော်ဘေဆဲလ်မှာတုန်းကသူဟာလေ့ကျင့်ခန်းအစီအစဉ်မှာ အစမ်းလေ့ကျင့်ခန်းတွေ၂ကြိမ်၃ကြိမ်လောက်လာလုပ်ဖူးတာကိုတွေ့ခဲ့ရပါတယ်။ကျွန်တော်လည်းဘိုင်ယန်ဆီထွက်သွားတော့သူဘေဆဲလ်မှာ ဆက်ရှိနေတယ်လို့သိရပါတယ်။"


" သူဒီမှာ ရှိနေတာကိုတွေ့ရတာကျွန်တော်အရမ်းပျော်ပါတယ်။သူဟာမနှစ်ကကောင်းမွန်တဲ့ရာသီတစ်ခုကိုဖြတ်သန်းနိုင်ခဲ့ပါတယ်။လာမယ့်ရာသီလည်းသူအဲ့လိုလုပ်နိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။"

" သူဟာအရမ်းကိုတော်ပြီးကောင်းတဲ့ကောင်လေးပါ။ကျွန်တော်သူ့အတွက်အရမ်းဝမ်းမြောက်မိပါတယ်။အရေးကြီးတာကအသင်းနဲ့အတူူအလုပ်လုပ်သွားဖို့ပါပဲ။အသင်းဖော်တွေဟာမနှစ်ကဆုဖလားမရခဲ့လို့စိတ်မကောင်းဖြစ်နေကြပါတယ်။ဒါပင်မယ့်ဒီနှစ်မှာတော့ကျွန်တော်တို့လုပ်နိုင်လိမ့်မယ်မျှော်လင့်ပါတယ်။"

ရှာကွီရီဟာဘိုင်ယန်အသင်းမှာ ကစားခဲ့စဉ်ချန်ပီယံလိပ်ဖလားဆွတ်ခူးနိုင်ခဲ့ပြီးဘေဆဲလ်အသင်းမှာ ကစားခဲ့စဉ်ကာလကလည်းဆွစ်စူပါလိပ်ဖလားကို၃ကြိမ်တိုင်ရယူပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။ရှာကွီရီဟာအန်ဖီးမှာ နည်းပြဂျာဂန်ကလော့နဲ့အတူဆုဖလားတွေဆွတ်ခူးနိုင်ဖို့မျှော်မှန်းနေပါတယ်။

" ကျွန်တော်ပရီးမီးယားလိပ်ဖလားရယူချင်ပါတယ်။ဒါဟာကျွန်တော့်ရဲ့ရည်မှန်းချက်ပါ။ဆုဖလားတွေဘယ်လိုယူရမလဲဘိုင်ယန်မှာ ကစားနေစဉ်ထဲကကျွန်တော်သိပါတယ်။ကျွန်တော်တို့၃ကြိမ်တိုင်ရယူနိုင်ခဲ့ဖူးပြီးဒါဟာတကယ့်ကိုအံမခန်းပါပဲ။"

" ကျွန်တော်တို့ဆုဖလားတွေအများရလိမ့်မယ်လို့ယုံကြည်ပါတယ်။အသင်းပရိတ်တွေကလည်းကျွန်တော်တို့အသင်းဆုဖလားဆွတ်ခူးနိုင်တာကိုတွေ့ချင်နေပါတယ်။ကျွန်တော်တို့ဟာအောင်မြင်မှုကိုဆာလောင်နေတဲ့အသင်းဖြစ်အောင်ကြိုးစားရပါမယ်။"

" ကစားသမားတစ်ယောက်အနေနဲ့တော့ဘောလုံးလောကမှာ ကြီးမားတဲ့နောက်တစ်ဆင့်ကိုရောက်ချင်ပါတယ်။လွန်ခဲ့တဲ့နှစ်တွေကကျွန်တော်ဒီကိုလာချင်ခဲ့ပါတယ်။ဒါပင်မယ့်ဘာမှဖြစ်မလာခဲ့ပါဘူး။အခုဒီရောက်နေပြီဆိုတော့အရမ်းပျော်တာပေါ့။ကျွန်တော်ဒီထက်မကတိုးတက်ချင်ပြီးအသင်းနဲ့ဖလားတွေအများကြီးရယူချင်ပါတယ်။ဒါဟာဒီအသင်းမှာရှိနေတဲ့ကျွန်တော့်ရဲ့အကြောင်းပြချက်ပဲ။"

" နည်းပြကိုတော့ဂျာမနီမှာထဲကသိခဲ့တာပါ။သူကိုင်တွယ်ခဲ့တဲ့ဒေါ့မွန်အသင်းနဲ့ရင်ဆိုင်ကစားရတဲ့ပွဲတိုင်းအရမ်းကိုကြည့်ကောင်းတဲ့ပွဲကြီးတစ်ပွဲဖြစ်ခဲ့ပါတယ်။သူဟာကျွန်တော်ဒီကိုရောက်လာစေတဲ့အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်လာစေပါတယ်။ကလော့ကြောင့်ကျွန်တော်ဒီကိုရောက်လာတာပါ။"

" ကလော့ရဲ့ဘောလုံးဒဿနကိုကျွန်တော်ကြိုက်ပါတယ်။သူဟာအသင်းကိုဘယ်လိုကစားစေသလဲ၊ဘယ်လိုအသင်းကိုစီမံခန့်ခွဲလဲစတာတွေကိုကျွန်တော်နှစ်သက်သဘောကျမိပါတယ်။သူဟာဆန္ဒပြင်းပြတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူနဲ့ပြန်လည်းပူးပေါင်းခွင့်ရတဲ့အတွက်ကျွန်တော်ကျေနပ်မိပါတယ်။"လို့ပြောကြားသွားပါတယ်။

No comments

Powered by Blogger.