နည်းပြဆာရီရဲ့ အပြောင်းအရွှေ့ ကို ကဖျက်ကရပ် လုပ်နေတဲ့ နာပိုလီဥက္ကဋ္ဌ
(Unicode)
ဆာရီအတွက်ချဲလ်ဆီးအသင်းဆီက လျော်ကြေးသန်း ၂၀ လိုချင်နေတဲ့ နာပိုလီဥက္ကဋ္ဌ
နာပိုလီ ဥက္ကဋ္ဌ ဖြစ်သူ လောရက်တီ က သူတို ့အသင်းရဲ့ နည်းပြဟောင်းဆာရီ အတွက် ချဲလ်ဆီးအသင်းထံက ပေါင်သန်း ၂ဝအထိ အလိုရှိနေကြောင်း Tutto Sports ရဲ့ ဖော်ပြချက်အရသိရပါတယ်။
ချဲလ်ဆီးအသင်းဟာ နာပိုလီနည်းပြဟောင်း ဆာရီ ကို ခေါ်ယူဖို ့လွန်ခဲ့သောလတွေ ထဲကဆွေးနွေးနေခဲ့တာဖြစ်ပြီး နာပိုလီ အသင်းဟာ ပြီးခဲ့တဲ့ လက ဆာရီ နေရာ အစားထိုးဖို ့အန်ဆယ်လော့တီကို ခန် ့အပ်ကြောင်းကြေညာခဲ့သော်လည်း ဆာရီရဲ့ စာချုပ်သက်တမ်းဟာ နာပိုလီအသင်းမှာ ကျန်ရှိနေဆဲဖြစ်ပါတယ်။
TUTTO SPORTS ရဲ့ အဆိုအရ နာပိုလီ ဥက္ကဋ္ဌ လောရက်တီဟာ ချဲလ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ကို ဆာရီ အတွက် သန်း ၂၀ ပေးဖို ့ပုဂ္ဂိုလ်ရေးအရ ပြောထားကြောင်းသိရပါတယ်။
ဆာရီရဲ့ စာချုပ်သက်တမ်းကို ဖျက်သိမ်းပစ်ဖို ့မိုဗစ်အား သန်း ၂၀ ပေးဖို ့ဆိုထားတယ်လို ့သိရပါတယ်။
ချဲလ်ဆီး အသင်းဟာ အဆိုပါ သန်း ၂၀ အတွက် အသင်း ကစားသမား တစ်ယောက်နဲ့ ပေါင်၈ သန်း နာပိုလီအသင်းကို ပေးနိုင်ဖွယ်ရှိနေပါတယ်။
ဒါပင်မယ့်လည်း အီတလီ သတင်းဌာနများရဲ့ အဆိုရ နာပိုလီ ဥက္ကဋ္ဌ ဟာ ငွေကြေး ပမဏကို ပဲအလိုရှိနေကြောင်းသိရပါတယ်။
ချဲလ်ဆီးအသင်းဟာ လည်း FA ဖလား၊ ပရီးမီးယားလိပ်ဖလားတို ့ကို ရယူထားပေးတဲ့ နည်းပြကွန်တီ ကို ထုတ်ပယ်ဖို ့ဆိုရင် လျော်ကြေးအဖြစ် ယူရို ၁၀ သန်းပေးချေရမယ့် ပြဿနာတစ်ရပ်ကို ရင်ဆိုင်နေရပါတယ်။
ချဲလ်ဆီး အသင်းဟာ မနေ ့က ရာသီကြို ခြေစမ်းပွဲအတွက် လေ့ကျင့်ခန်း ဆင်းခဲ့မှု တစ်ချို ့ုပြုလုပ်ခဲ့ပြီး အသင်းဝက်ဘ်ဆိုက်မှာ လေ့ကျင့်ကွင်း မှ နည်းပြကွန်တီရဲ့ ဓာတ်ပုံတစ်ပုံတောင် တင်ထားတာမတွေ ့ခဲ့ကြောင်းသိရပါတယ်။




Post a Comment