ေကာ္တိုရစ္ နဲ႔ ဟူဂူလိုရစ္ ဘယ္သူပိုေကာင္းသလဲေရြးခဲ့တဲ့ ဂီေရာ ့
ျပင္သစ္တိုက္စစ္မွဴးခ်ဲလ္ဆီး အသင္းနဲ႔ ျပင္သစ္ တိုက္စစ္မွဴး အိုလီဗာဂီေရာ့က သူ ့ရဲ႕ ခ်ဲလ္ဆီး အသင္းေဖာ္ ဘယ္လ္ဂ်ီယံဂိုးသမား ေကာ္တိုရစ္ နဲ႔ ျပင္သစ္အသင္းေဖာ္ စပါး ဂိုးသမား ဟူဂူလိုရစ္ ၾကား ဘယ္သူပိုေကာင္းသလဲဆို တာ ေျပာျပသြားခဲ့ပါတယ္။
ခဲ်လ္ဆီး တိုက္စစ္မွဴး ဂီေရာ့က ေတာ့ သူ ့ရဲ႕ ႏိုင္ငံအသင္းေပၚ သစၥာရွိမႈ နဲ႔ အတူ ခ်စ္ျမတ္ႏိုးမႈအေၾကာင္းကို သူ ့ရဲ႕ အေျဖမွာ တင္ေပၚေပၚလြင္လြင္ေတြ ့ရွိခဲ့ရပါတယ္။
လာမယ့္ အဂၤါေန ့မွာ ဘယ္လ္ဂ်ီယံ နဲ႔ ျပင္သစ္ တို ့ဟာကမာၻ ့ဖလားဆီမီးဖိုင္နယ္ ပြဲ ကို ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ၿပီး အဆိုပါ ပြဲမတိုင္ခင္မွာ ေတာ့ သူ ့ရဲ႕ ျပင္သစ္အသင္းေဖာ္ ဂိုးသမား ဟူဂို လိုရစ္က ေကာ္တိုရစ္ထက္ပိုေကာင္းေၾကာင္း ဂီေရာ ့ကအခုလိုပဲေျပာၾကားလိုက္ပါတယ္။
" ေကာ္တိုရစ္ဟာ အထင္ႀကီးေလာက္စရာေကာင္းတဲ့ ေတာင္ပံလက္တစ္စံု ရွိတဲ့ ဂိုးသမားပါ။ သူ ့ကို အႏိုင္ရဖို ့အေတာ္ေလးခက္ခဲပါတယ္။သူဟာ ႀကိဳက္တဲ့ေနရာကေနေဘာလံုး ကိုဖမ္းႏိုင္ပါတယ္။"
"ခ်ဲလ္ဆီး အသင္းနဲ႔ ထရိန္နင္မွာဆို သူ ့ကို ကၽြန္ေတာ္ ဂိုးနည္းနည္းပဲ သြင္းယူႏိုင္ခဲ့ပါတယ္။လာမယ့္အဂၤါေန ့မွာေတာ့ ကၽြန္ေတာ္သူ ့ကိုသြင္းႏိုင္လိမ့္မယ္လို ့ေမွ်ာ္လင့္ပါတယ္။"
"သူတို ့၂ေယာက္စလံုးဟာ ေတာ္ၾကတဲ့ ဂိုးသမားေတြပါ။သူတို ့၂ေယာက္စလံုးဟာ ဒီၿပိဳင္ပြဲရဲ႕ အေကာင္းဆံုး ဂိုးသမားတစ္ေယာက္ျဖစ္ဖို ့ရည္ရြယ္ထားၾကပါတယ္။ ကၽြန္ေတာ့္အတြက္ေတာ့ ဟူဂိုရဲ႕ စြမ္းေဆာင္ရည္ကို ပိုႀကိဳက္ပါတယ္။"
" ေဆာရီးပါ ေကာ္တိုရစ္ေရ။ငါ့အတြက္ အေကာင္းဆံုးဂိုးသမားက လိုရစ္ပါပဲ။" လို ့ေျပာၾကားခဲ့ပါတယ္။
လိုရစ္ နဲ႔ ေကာ္တိုရစ္ တို႔ဟာ လက္ရွိကမာၻ ့ဖလားၿပိဳင္ပြဲ မွာ clean sheet ၂ပြဲအထိ ရယူေပးထားႏိုင္ခဲ့ၾကပါတယ္။
ကြာတားဖိုင္နယ္ပြဲစဥ္ ေတြမွာ ႏိုင္ငံအသင္းအတြက္အသီးသီးလက္စြမ္းျပကာကြယ္သြားခဲ့တဲ့ ဂိုးသမား ေကာ္တိုရစ္ နဲ႔ ဟူဂိုလိုရစ္ တို႔ကို အသင္းပရိတ္သတ္ေတြ နဲ႔ အားကစားဝါသနာရွင္မ်ား က ခ်ီးက်ဴးဂုဏ္ျပဳေနၾကတာကို ေတြ ့ရပါတယ္။
ဆက္လက္ၿပီး ျပင္သစ္ေနာက္ခံလူ ပါဗာ့ဒ္ ကလည္း အသင္းရဲ႕ အသင္းေခါင္းေဆာင္ ဟူဂိုလိုရစ္နဲ႔ ပတ္သတ္ၿပီး အခုလို ေျပာၾကားသြားခဲ့ပါေသးတယ္။
" သူဟာ တကယ့္ကို ထူးျခားတဲ့ ဂိုးသမားတစ္ေယာက္ပါ။ တကယ့္ကို ေကာင္းတဲ့ ကစားသမားဘဝမွတ္တမ္းကို လည္းပိုင္ဆိုင္ထားတာပါ။သူဟာ ကၽြန္ေတာ္တို ့ရဲ႕ အသင္းေခါင္းေဆာင္ပါပဲ။"
" သူဟာကြင္းထဲသာမက ကြင္းျပင္မွာေရာေခါင္းေဆာင္တစ္ေယာက္ျဖစ္လို ့ေနပါတယ္။သူဟာ ဥ႐ုေဂြးနဲ႔ ပြဲမွာ အရမ္းကို ေျပာင္ေျမာက္တဲ့ ကာကြယ္ေပးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။"
" ကၽြန္ေတာ္တို ့သူရဲ႕ လက္စြမ္းနဲ႔ ပတ္သတ္ၿပီး သံသယလံုးဝမရွိပါဘူး။ ခင္ဗ်ား(မီဒီယာ) ေရာ သံသယရွိလား" လို ့ေျပာၾကားခဲ့ပါတယ္။
ဆက္လက္ၿပီး အဆိုပါျပင္သစ္ေနာက္ခံလူက
" ကၽြန္ေတာ္တို ့သူ ့ကို ယံုပါတယ္။ သူဟာဂိုးသမားေကာင္းတစ္ေယာက္ျဖစ္တယ္ဆိုတာ လူတိုင္းကို သက္ေသျပထားေနပါတယ္။"
ျပင္သစ္ ဂိုးသမား လိုရစ္ အတြက္ ဘယ္လ္ဂ်ီယံနဲ႔ ဆီမီးဖိုင္နယ္ပြဲဟာ သူ ့ကစားသမားသက္တမ္းတစ္ေလွ်ာက္ ျပင္သစ္အသင္းနဲ႔ ႏိုင္ငံတကာ ပြဲေပါင္း ၁၀၃ ပြဲ ျပည့္ေျမာက္တဲ့ ပြဲျဖစ္လာပါေတာ့မည္။
(Unicode)
ကော်တိုရစ် နဲ့ ဟူဂူလိုရစ် ဘယ်သူပိုကောင်းသလဲရွေးခဲ့တဲ့ ဂီရော ့
ပြင်သစ်တိုက်စစ်မှူးချဲလ်ဆီး အသင်းနဲ့ ပြင်သစ် တိုက်စစ်မှူး အိုလီဗာဂီရော့က သူ ့ရဲ့ ချဲလ်ဆီး အသင်းဖော် ဘယ်လ်ဂျီယံဂိုးသမား ကော်တိုရစ် နဲ့ ပြင်သစ်အသင်းဖော် စပါး ဂိုးသမား ဟူဂူလိုရစ် ကြား ဘယ်သူပိုကောင်းသလဲဆို တာ ပြောပြသွားခဲ့ပါတယ်။
ချဲလ်ဆီး တိုက်စစ်မှူး ဂီရော့က တော့ သူ ့ရဲ့ နိုင်ငံအသင်းပေါ် သစ္စာရှိမှု နဲ့ အတူ ချစ်မြတ်နိုးမှုအကြောင်းကို သူ ့ရဲ့ အဖြေမှာ တင်ပေါ်ပေါ်လွင်လွင်တွေ ့ရှိခဲ့ရပါတယ်။
လာမယ့် အင်္ဂါနေ ့မှာ ဘယ်လ်ဂျီယံ နဲ့ ပြင်သစ် တို ့ဟာကမ္ဘာ ့ဖလားဆီမီးဖိုင်နယ် ပွဲ ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲမတိုင်ခင်မှာ တော့ သူ ့ရဲ့ ပြင်သစ်အသင်းဖော် ဂိုးသမား ဟူဂို လိုရစ်က ကော်တိုရစ်ထက်ပိုကောင်းကြောင်း ဂီရော ့ကအခုလိုပဲပြောကြားလိုက်ပါတယ်။
" ကော်တိုရစ်ဟာ အထင်ကြီးလောက်စရာကောင်းတဲ့ တောင်ပံလက်တစ်စုံ ရှိတဲ့ ဂိုးသမားပါ။ သူ ့ကို အနိုင်ရဖို ့အတော်လေးခက်ခဲပါတယ်။သူဟာ ကြိုက်တဲ့နေရာကနေဘောလုံး ကိုဖမ်းနိုင်ပါတယ်။"
"ချဲလ်ဆီး အသင်းနဲ့ ထရိန်နင်မှာဆို သူ ့ကို ကျွန်တော် ဂိုးနည်းနည်းပဲ သွင်းယူနိုင်ခဲ့ပါတယ်။လာမယ့်အင်္ဂါနေ ့မှာတော့ ကျွန်တော်သူ ့ကိုသွင်းနိုင်လိမ့်မယ်လို ့မျှော်လင့်ပါတယ်။"
"သူတို ့၂ယောက်စလုံးဟာ တော်ကြတဲ့ ဂိုးသမားတွေပါ။သူတို ့၂ယောက်စလုံးဟာ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားတစ်ယောက်ဖြစ်ဖို ့ရည်ရွယ်ထားကြပါတယ်။ ကျွန်တော့်အတွက်တော့ ဟူဂိုရဲ့ စွမ်းဆောင်ရည်ကို ပိုကြိုက်ပါတယ်။"
" ဆောရီးပါ ကော်တိုရစ်ရေ။ငါ့အတွက် အကောင်းဆုံးဂိုးသမားက လိုရစ်ပါပဲ။" လို ့ပြောကြားခဲ့ပါတယ်။
လိုရစ် နဲ့ ကော်တိုရစ် တို့ဟာ လက်ရှိကမ္ဘာ ့ဖလားပြိုင်ပွဲ မှာ clean sheet ၂ပွဲအထိ ရယူပေးထားနိုင်ခဲ့ကြပါတယ်။
ကွာတားဖိုင်နယ်ပွဲစဉ် တွေမှာ နိုင်ငံအသင်းအတွက်အသီးသီးလက်စွမ်းပြကာကွယ်သွားခဲ့တဲ့ ဂိုးသမား ကော်တိုရစ် နဲ့ ဟူဂိုလိုရစ် တို့ကို အသင်းပရိတ်သတ်တွေ နဲ့ အားကစားဝါသနာရှင်များ က ချီးကျူးဂုဏ်ပြုနေကြတာကို တွေ ့ရပါတယ်။
ဆက်လက်ပြီး ပြင်သစ်နောက်ခံလူ ပါဗာ့ဒ် ကလည်း အသင်းရဲ့ အသင်းခေါင်းဆောင် ဟူဂိုလိုရစ်နဲ့ ပတ်သတ်ပြီး အခုလို ပြောကြားသွားခဲ့ပါသေးတယ်။
" သူဟာ တကယ့်ကို ထူးခြားတဲ့ ဂိုးသမားတစ်ယောက်ပါ။ တကယ့်ကို ကောင်းတဲ့ ကစားသမားဘဝမှတ်တမ်းကို လည်းပိုင်ဆိုင်ထားတာပါ။သူဟာ ကျွန်တော်တို ့ရဲ့ အသင်းခေါင်းဆောင်ပါပဲ။"
" သူဟာကွင်းထဲသာမက ကွင်းပြင်မှာရောခေါင်းဆောင်တစ်ယောက်ဖြစ်လို ့နေပါတယ်။သူဟာ ဥရုဂွေးနဲ့ ပွဲမှာ အရမ်းကို ပြောင်မြောက်တဲ့ ကာကွယ်ပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။"
" ကျွန်တော်တို ့သူရဲ့ လက်စွမ်းနဲ့ ပတ်သတ်ပြီး သံသယလုံးဝမရှိပါဘူး။ ခင်ဗျား(မီဒီယာ) ရော သံသယရှိလား" လို ့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အဆိုပါပြင်သစ်နောက်ခံလူက
" ကျွန်တော်တို ့သူ ့ကို ယုံပါတယ်။ သူဟာဂိုးသမားကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ လူတိုင်းကို သက်သေပြထားနေပါတယ်။"
ပြင်သစ် ဂိုးသမား လိုရစ် အတွက် ဘယ်လ်ဂျီယံနဲ့ ဆီမီးဖိုင်နယ်ပွဲဟာ သူ ့ကစားသမားသက်တမ်းတစ်လျှောက် ပြင်သစ်အသင်းနဲ့ နိုင်ငံတကာ ပွဲပေါင်း ၁၀၃ ပွဲ ပြည့်မြောက်တဲ့ ပွဲဖြစ်လာပါတော့မည်။






Post a Comment