Header Ads


အဲဗာတန္အသင္းကေနထြက္ခြာခဲ့ရတဲ့အေၾကာင္းကိုုရင္ဖြင့္ခဲ့တဲ့ ရြန္းနီ



အသက္32 ႏွစ္အရြယ္ရြန္းနီဟာျပီးခဲ့တဲ့ရာသီမွာရုန္းကန္ခဲ့ရတဲ့အဲဗာတန္အသင္းမွာဇန္န၀ါရီအေျပာင္းအေရြ႕ေနာက္ပိုင္းပြဲကစားခြင့္နည္းပါးခဲ့ျပီးျပီးခဲ့တဲ့ဇြန္လမွာေတာ့မန္ေနဂ်ာသစ္မာကိုေဆးလ္ဗားနဲ႕ေဘာလံုးဒါရိုက္တာမာဆယ္ဘရန္းတုိ႕ကရြန္းနီဟာေမဂ်ာလိဂ္ကလပ္ဒီစီယူႏုိက္တက္အသင္းနဲ႕အေျပာင္းအေရြ႕ကုိေဆြးေႏြးေနတယ္လို႕အတည္ျပဳေျပာၾကားခဲ့ၾကပါတယ္။
အဂၤလန္လက္ေရြးစင္တုိက္စစ္မွဳးေဟာင္းဟာဇြန္လ28  ရက္ေန႕မွာေတာ့ဒီစီယူႏုိက္တက္အသင္းကိုႏွစ္ခြဲစာခ်ဳပ္နဲ႕ေရာက္ရွိသြားခဲ့ျပီးရြန္းနီကမာေဆးဆုိက္ကလပ္မွထြက္ခြာရန္ဆံုးျဖတ္ခ်က္ခ်ခဲ့တာဟာသူ႕အေပၚမွာမူတည္ခဲ့ျခင္းမရွိဘူးလို႕ဆုိခဲ့ျပီးမာကိုေဆးလ္ဗားကေတာ့အဲဗာတန္ဟာရြန္းနီအသင္းမွာဆက္ေနရန္လမ္းဖြင့္ေပးထားခဲ့တယ္လို႕အတည္ျပဳေျပာခဲ့ပါတယ္။လက္ရွိမွာေတာ့ရြန္းနီကသူ႕အေျပာင္းအေရြ႕ေနာက္ကြယ္ကအေၾကာင္းရင္းကိုေျပာျပသြားခဲ့ျပီးသူဟာကလပ္ရဲ႕အနာဂတ္အစီအစဥ္ထဲမွာမပါေတာ့ဘူးဆုိတာရွင္းရွင္းလင္းလင္းသိခဲ့တယ္လုိ႕ေျပာလိုက္ပါတယ္။

 “မန္ခ်က္စတာယူႏိုက္တက္အသင္းမွာတုန္းကကၽြန္ေတာ့္ရဲ႕ပြဲကစားခြင့္ဟာလုိခ်င္သေလာက္မရေတာ့တဲ့အေျခအေနျဖစ္ခဲ့ပါတယ္။ယူႏုိက္တက္နဲ႕စာခ်ဳပ္သက္တမ္း2ႏွစ္က်န္ေနေသးတာေၾကာင့္ကၽြန္ေတာ္အဲဒီမွာဆက္ေနကာလစာေတြယူျပီးေအးေဆးေနလို႕ရပါတယ္။ဒါေပမယ့္ကၽြန္ေတာ္ပြဲကစားခ်င္ပါတယ္။ဒါ့ေၾကာင့္အဲဗာတန္ကုိျပန္လာခဲ့ျပီးအဲဒီမွာတစ္ရာသီကစားခဲ့ပါတယ္။"

“ရာသီကုန္ခ်ိန္မွာေတာ့ကၽြန္ေတာ္အရင္ကေျပာခဲ့ဖူးသလိုပဲအဲဗာတန္ဟာရာသီကုန္မွာကၽြန္ေတာ့္ကုိအသင္းကေနထြက္ခြာေစခ်င္ေနေၾကာင္းကုိရွင္းရွင္းလင္းလင္းေဖာ္ျပခဲ့ပါတယ္။ဘာအေၾကာင္းေၾကာင္းေၾကာင့္လဲဆုိတာကၽြန္ေတာ္ခုထိမသိရေသးပါဘူး။ကၽြန္ေတာ္အေကာင္းဆံုးလုပ္ခဲ့တယ္လို႕ခံစားရပါတယ္။ကၽြန္ေတာ္ဟာရာသီတစ္ေလွ်ာက္လံုးကြင္းလယ္ကစားသမားအျဖစ္သာပြဲအမ်ားစုကိုကစားခြင့္ရခဲ့ေပမယ့္အသင္းရဲ႕ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့သူပါ။”

“ဒါေပမယ့္ဒါဟာေဘာလံုးေလာကပါပဲ။ျပီးေတာ့ကၽြန္ေတာ့္ကုိဆံုးျဖတ္ခြင့္ေပးခဲ့ပါတယ္။ကၽြန္ေတာ္ဒီစီယူႏုိက္တက္ကုိေျပာင္းေရြ႕ဖုိ႕အတြက္ဆံုးျဖတ္ခဲ့ပါတယ္။ကၽြန္ေတာ္အဲဗာတန္ကုိေျပာခဲ့ပါတယ္။နားေထာင္ပါ။ကၽြန္ေတာ္ဟာကေလးတစ္ေယာက္မဟုတ္ပါဘူး။

“ကလပ္အသင္းကေနထြက္ခြာဖို႕ဆုိတာခင္ဗ်ားတုိ႕အလိုရွိတဲ့အရာပါ။ခင္ဗ်ားတုိ႕ကၽြန္ေတာ့္ကုိဒီမွာဆက္ေနေစခ်င္တယ္ဆုိရင္ကၽြန္ေတာ့္ကိုေျပာပါ’ လို႕ေျပာခဲ့ပါတယ္။


ဒီကိစၥနဲ႕ပက္သက္ျပီးကၽြန္ေတာ္တုိ႕အဲလိုပဲေျပာခဲ့ပါတယ္။ဒါ့ေၾကာင့္ကၽြန္ေတာ့္မွာအျခားေရြးခ်ယ္စရာအနည္းငယ္ရွိေပမယ့္ဒီအသင္းကုိပဲေရြးျဖစ္ခဲ့ပါတယ္။ဒါဟာမွန္ကန္တဲ့ဆံုးျဖတ္ခ်က္လို႕ကၽြန္ေတာ္ခံစားမိပါတယ္။” လို႕ထုတ္ေဖာ္ေျပာဆုိသြားပါတယ္။

(Unicode)



အသက်32 နှစ်အရွယ်ရွန်းနီဟာပြီးခဲ့တဲ့ရာသီမှာ ရုန်းကန်ခဲ့ရတဲ့အဲဗာတန်အသင်းမှာ ဇန်နဝါရီအပြောင်းအရွေ့နောက်ပိုင်းပွဲကစားခွင့်နည်းပါးခဲ့ပြီးပြီးခဲ့တဲ့ဇွန်လမှာတော့မန်နေဂျာသစ်မာကိုဆေးလ်ဗားနဲ့ဘောလုံးဒါရိုက်တာမာဆယ်ဘရန်းတို့ကရွန်းနီဟာမေဂျာလိဂ်ကလပ်ဒီစီယူနိုက်တက်အသင်းနဲ့အပြောင်းအရွေ့ကိုဆွေးနွေးနေတယ်လို့အတည်ပြုပြောကြားခဲ့ကြပါတယ်။

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှုးဟောင်းဟာဇွန်လ28 ရက်နေ့မှာတော့ဒီစီယူနိုက်တက်အသင်းကို3 နှစ်ခွဲစာချုပ်နဲ့ရောက်ရှိသွားခဲ့ပြီးရွန်းနီကမာဆေးဆိုက်ကလပ်မှ ထွက်ခွာရန်ဆုံးဖြတ်ချက်ချခဲ့တာဟာသူ့အပေါ်မှာ မူတည်ခဲ့ခြင်းရှိဘူးလို့ဆိုခဲ့ပြီးမာကိုဆေးလ်ဗားကတော့အဲဗာတန်ဟာရွန်းနီအသင်းမှာ ဆက်နေရန်လမ်းဖွင့်ပေးထားခဲ့တယ်လို့အတည်ပြုပြောခဲ့ပါတယ်။က်ရှိမှာတော့ရွန်းနီကသူ့အပြောင်းအရွေ့နောက်ကွယ်ကအကြောင်းရင်းကိုပြောပြသွားခဲ့ပြီးသူဟာကလပ်ရဲ့အနာဂတ်အစီအစဉ်ထဲမှာ မပါတော့ဘူးဆိုတာရှင်းရှင်းလင်းလင်းသိခဲ့တယ်လို့ပြောလိုက်ပါတယ်။
 “မန်ချက်စတာယူနိုက်တက်အသင်းမှာ တုန်းကကျွန်တော့်ရဲ့ပွဲကစားခွင့်ဟာလိုချင်သလောက်မရတော့တဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ယူနိုက်တက်နဲ့စာချုပ်သက်တမ်း2 နှစ်ကျန်နေသေးတာကြောင့်ကျွန်တော်အဲဒီမှာ ဆက်နေကာလစာတွေယူပြီးအေးဆးနေလို့ရပါတယ်။ဒါပေမယ့်ကျွန်တော်ပွဲကစားချင်ပါတယ်။ဒါ့ကြောင့်အဲဗာတန်ကိုပြန်လာခဲ့ပြီးအဲဒီမှာတစ်ရာသီကစားခဲ့ပါတယ်။

ရာသီကုန်ချိန်မှာတော့ကျွန်တော်အရင်ကပြောခဲ့ဖူးသလိုပဲအဲဗာတန်ဟာရာသီကုန်မှာ ကျွန်တော့်ကိုအသင်းကနေထွက်ခွာစေချင်နေကြောင်းကိုရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပါတယ်။ဘာအကြောင်းကြောင်းကြောင့်လဲဆိုတာကျွန်တော်ခုထိမသိရသေးပါဘူး။ကျွန်တော်အကောင်းဆုံးလုပ်ခဲ့တယ်လို့ခံစားရပါတယ်။ကျွန်တော်ဟာရာသီတစ်လျှောက်လုံးကွင်းလယ်ကစားသမားအဖြစ်သာပွဲအများစုကိုကစားခွင့်ရခဲ့ပေမယ့်အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့သူပါ။

ဒါပေမယ့်ဒါဟာဘောလုံးလောကပါပဲ။ပြီးတော့ကျွန်တော့်ကိုဆုံးဖြတ်ခွင့်ပေးခဲ့ပါတယ်။ကျွန်တော်ဒီစီယူနိုက်တက်ကိုပြောင်းရွေ့ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ကျွန်တော်အဲဗာတန်ကိုပြောခဲ့ပါတယ်။နားထောင်ပါ။ကျွန်တော်ဟာကလေးတစ်ယောက်မဟုတ်ပါဘူး။

ကလပ်အသင်းကနေထွက်ခွာဖို့ဆိုတာခင်ဗျားတို့အလိုရှိတဲ့အရာပါ။ခင်ဗျားတို့ကျွန်တော့်ကိုဒီမှာ ဆက်နေစေချင်တယ်ဆိုရင်ကျွန်တော့်ကိုပြောပါ’ လို့ပြောခဲ့ပါတယ်။


ဒီကိစ္စနဲ့ပက်သက်ပြီးကျွန်တော်တို့အဲလိုပဲပြောခဲ့ပါတယ်။ဒါ့ကြောင့်ကျွန်တော့်မှာအခြားရွေးချယ်စရာအနည်းငယ်ရှိပေမယ့်ဒီအသင်းကိုပဲရွေးဖြစ်ခဲ့ပါတယ်။ဒါဟာမှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ကျွန်တော်ခံစားမိပါတယ်။” လို့ထုတ်ဖော်ပြောဆိုသွားပါတယ်။



No comments

Powered by Blogger.