နည္းျပေဆာက္ဂိတ္အဂၤလန္အသင္းကို ႏွစ္ရွည္ကိုင္တြယ္ေတာ့မည္။
၂၀၁၈ ႐ုရွားကမာၻ ့ဖလား ၿပိဳင္ပြဲမွာ အဂၤလန္အသင္းရဲ႕ စြမ္းေဆာင္ရည္ကို သေဘာက်ႏွစ္သက္ခဲ့တဲ့ အဂၤလန္ FA ဟာ နည္းျပေဆာက္ဂိတိကို လာမယ့္ ၂၀၂၂ ကာတာကမာၻ ့ဖလားၿပိဳင္ပြဲအထိ ဆက္လက္ကိုင္တြယ္ေစဖို ့ေသခ်ာေနၿပီျဖစ္ေၾကာင္းသိရပါတယ္။
ယူ႐ို ၂၀၂၀ မတိုင္ခင္ထိ နည္းျပ ေဆာက္ဂိတ္ကိုစာခ်ဳပ္ခ်ဳပ္ထားတဲ့ FA ကေတာ့ စာခ်ဳပ္သက္တမ္းတိုးမႈကို အလ်င္စလို ျပဳလုပ္သြားဖြယ္မရွိေၾကာင္းသိရပါတယ္။
အဂၤလန္အသင္းကို ကမာၻ ့ဖလားဆီးမီးဖိုင္နယ္အဆင့္ထိေရာက္ေအာင္ ပို ့ေဆာင္ေပးႏိုင္ခဲ့ တဲ့ ေဆာက္ဂိတ္ဟာ ေဘာ့နပ္စ္အျဖစ္ ေပါင္ ၃သန္းခြဲကို FA ဆီက ရရွိခဲ့ပါတယ္။
လြန္ခဲ့တဲ့ ၂ႏွစ္ထဲက ေဆာက္ဂိတ္နဲ႔ သူ ့ရဲ႕ အၾကံေပးတို ့ကို စာခ်ဳပ္ခ်ဳပ္ခဲ့ၿပီးစဥ္မွာေတာ့ FA ဟာ ေနာက္တစ္ႀကိမ္ မွာ လစာတိုးကိစၥ ေဆြေႏြးေျပာၾကားဖို ့ဆိုရင္ ေဆာက္ဂိတ္ ဟာ ညိႈ ့နိႈင္းရလြယ္သူ ျဖစ္ေၾကာင္းသိရွိခဲ့ၿပီး ျဖစ္ပါတယ္။
ေဆာက္ဂိတ္ဟာ တစ္ႏွစ္ ေပါင္း ၅သန္း တန္ စာခ်ဳပ္အသစ္ကို ခ်ဳပ္ဆိုဖို ့ရွိေနၿပီး FA က သေဘာတူဖို ့ရွိေနပါတယ္။
အီတလီလူမ်ိဳး ကာပယ္လို ကို ေစ်းႀကီးႀကီး ေခၚယူၿပီး ေငြေၾကး အေျမာက္အျမားသံုးစြဲ ကာ ဘာတစ္ခုမွ မျဖစ္ထြန္းခဲ့တဲ့ အဂၤလန္ အသင္းအတြက္ ေတာ့ ေဆာက္ဂိတ္ဟာ တန္ဖိုးရွိတဲ့ နည္းျပတစ္ေယာက္ျဖစ္လို ့ေနပါၿပီ။
ေဆာက္ဂိတ္ဟာ အခုအခ်ိန္မွာ ျပင္ပဝင္ေငြ အေျမာက္အျမားနဲ႔ အတူ ႐ုပ္သံေၾကျငာမ်ားရဲ႕ ကမ္းလွမ္းမႈ အေျမာက္အျမားကိုရရွိေနေသာ္လည္း သူ ့ရဲ႕ နည္းျပအလုပ္ကို ပဲအာရံုအျပည့္စိုက္ထားတယ္လို ့ေျပာၾကားခဲ့ပါတယ္။
(Unicode)
နည်းပြဆောက်ဂိတ်အင်္ဂလန်အသင်းကို နှစ်ရှည်ကိုင်တွယ်တော့မည်။
၂၀၁၈ ရုရှားကမ္ဘာ ့ဖလား ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ စွမ်းဆောင်ရည်ကို သဘောကျနှစ်သက်ခဲ့တဲ့ အင်္ဂလန် FA ဟာ နည်းပြဆောက်ဂိတိကို လာမယ့် ၂၀၂၂ ကာတာကမ္ဘာ ့ဖလားပြိုင်ပွဲအထိ ဆက်လက်ကိုင်တွယ်စေဖို ့သေချာနေပြီဖြစ်ကြောင်းသိရပါတယ်။
ယူရို ၂၀၂၀ မတိုင်ခင်ထိ နည်းပြ ဆောက်ဂိတ်ကိုစာချုပ်ချုပ်ထားတဲ့ FA ကတော့ စာချုပ်သက်တမ်းတိုးမှုကို အလျင်စလို ပြုလုပ်သွားဖွယ်မရှိကြောင်းသိရပါတယ်။
အင်္ဂလန်အသင်းကို ကမ္ဘာ ့ဖလားဆီးမီးဖိုင်နယ်အဆင့်ထိရောက်အောင် ပို ့ဆောင်ပေးနိုင်ခဲ့ တဲ့ ဆောက်ဂိတ်ဟာ ဘော့နပ်စ်အဖြစ် ပေါင် ၃သန်းခွဲကို FA ဆီက ရရှိခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂နှစ်ထဲက ဆောက်ဂိတ်နဲ့ သူ ့ရဲ့ အကြံပေးတို ့ကို စာချုပ်ချုပ်ခဲ့ပြီးစဉ်မှာတော့ FA ဟာ နောက်တစ်ကြိမ် မှာ လစာတိုးကိစ္စ ဆွေနွေးပြောကြားဖို ့ဆိုရင် ဆောက်ဂိတ် ဟာ ညှို ့နှိုင်းရလွယ်သူ ဖြစ်ကြောင်းသိရှိခဲ့ပြီး ဖြစ်ပါတယ်။
ဆောက်ဂိတ်ဟာ တစ်နှစ် ပေါင်း ၅သန်း တန် စာချုပ်အသစ်ကို ချုပ်ဆိုဖို ့ရှိနေပြီး FA က သဘောတူဖို ့ရှိနေပါတယ်။
အီတလီလူမျိုး ကာပယ်လို ကို စျေးကြီးကြီး ခေါ်ယူပြီး ငွေကြေး အမြောက်အမြားသုံးစွဲ ကာ ဘာတစ်ခုမှ မဖြစ်ထွန်းခဲ့တဲ့ အင်္ဂလန် အသင်းအတွက် တော့ ဆောက်ဂိတ်ဟာ တန်ဖိုးရှိတဲ့ နည်းပြတစ်ယောက်ဖြစ်လို ့နေပါပြီ။
ဆောက်ဂိတ်ဟာ အခုအချိန်မှာ ပြင်ပဝင်ငွေ အမြောက်အမြားနဲ့ အတူ ရုပ်သံကြေငြာများရဲ့ ကမ်းလှမ်းမှု အမြောက်အမြားကိုရရှိနေသော်လည်း သူ ့ရဲ့ နည်းပြအလုပ်ကို ပဲအာရုံအပြည့်စိုက်ထားတယ်လို ့ပြောကြားခဲ့ပါတယ်။
Post a Comment