မန္စီတီးအသင္းဆီေျပာင္းေရႊ ့လာခဲ့ရတဲ့ လ်ိဳ ့ဝွက္ခ်က္ကိုေျပာျပခဲ့တဲ့ မာရက္ဇ္
မန္စီးတီးအသင္းဆီ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ ့ေၾကးေပါင္သန္း ၆၀ ျဖင့္ေရာက္ရွိလာခဲ့တဲ့ လက္စတာေတာင္ပံကစားသမား မာရက္ဇ္က သူ ဘာလို ့ဂြာဒီယိုလာအသင္းကိုေရြးခ်ယ္ခဲ့ရသလဲဆိုတာ အခုလိုေျပာၾကားခဲ့ပါတယ္။
မာရက္ဇ္က
“ကၽြန္ေတာ္ကေတာ့ နည္းျပ ပက္ဂြာဒီယုိလာ ရဲ႕ လက္ေအာက္မွာ အေကာင္းဆံုး ေဘာလံုး ကစားပံု နဲ႕ ကစားေနတဲ့ အသင္းကုိ ေျပာင္းေရြ႕ လာႏုိင္ခဲ့တဲ့ အတြက္ အရမ္းကုိ ေက်နပ္ ၀မ္းေျမာက္ မိပါတယ္။ သူတုိ႕အသင္းရဲ႕ ကစားပံုကို အျပင္လူ တစ္ဦး အေနနဲ႕ ၾကည့္ရတာေတာင္ အရမ္းကို ေက်နပ္စရာ ေကာင္းလွပါတယ္။ ပက္ဟာ အျမဲတမ္း တုိက္စစ္အားသန္ ကစားပံုကို ပံုေဖာ္တဲ့ သူပါ။ ဒါဟာ ကၽြန္ေတာ့္အတြက္ ျပီးျပည့္စံု ေစပါတယ္။ ျပီးခဲ့တဲ့ရာသီ မန္စီးတီး အသင္းရဲ႕ ကစားပံုဟာ အရမ္းကုိ ထူးခၽြန္လွပါတယ္။ သူတုိ႕ဟာ အဂၤလန္ ေဘာလံုးေလာက အေျပာင္းအလဲ ျဖစ္ေစခဲ့ျပီး ကၽြန္ေတာ္ဟာ ဒီအသင္းရဲ႕ အစိတ္အပိုင္း တစ္ခု ျဖစ္ခ်င္ ခဲ့တာပါ။"
မန္စီးတီးအသင္းဟာ မာရက္ဇ္ကို အႀကိမ္ႀကိမ္ကမ္းလွမ္း ခဲ့ၿပီး ၄ႀကိမ္အထိ လက္စတာအသင္းရဲ႕ ပယ္ခ်ျခင္းကို ခံခဲ့ရၿပီး ေနာက္ယခုႏွစ္ေႏြရာသီအေျပာင္းအေရႊ ့မွာ ေတာ့ပက္ရဲ႕ အႀကိဳက္ဆံုးကစားသမားတစ္ေယာက္ကို မန္စီးတီးအသင္းက ေခၚယူေပးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
မာရက္ဇ္ဟာ မန္ခ်က္စတာစီးတီး အသင္းရဲ႕ သမုိင္းမွာ ေစ်းအၾကီးဆံုး ကစားသမား အျဖစ္ မွတ္တမ္း၀င္ သြားခဲ့ျပီး ျပီးခဲ့တဲ့ ဇန္န၀ါရီက စီးတီးကုိ ဘီဘာအုိမွ ေပါင္ ၅၇ သန္းနဲ႕ ေ၇ာက္လာခဲ့တဲ့ ေနာက္ခံလူေအမာရစ္လာေပါ့ဒ္ရဲ႕ ေနရာ ကုိ ရယူ ႏုိင္ခဲ့ပါတယ္။
"ကၽြန္ေတာ္တုိ႕ လာမည့္ႏွစ္ ေတြ အတြင္း ေအာင္ျမင္မွဳေတြ အမ်ားၾကီး ရရွိမယ္လို႕ ထင္ပါတယ္။ ျပီးေတာ့ နည္းျပ ပက္ရဲ႕ လက္ေအာက္မွာ ကၽြန္ေတာ့္ရဲ႕ ေျခစြမ္း တုိးတက္လာႏုိင္မယ္လို႕ ယံုၾကည္ထား ပါတယ္။”
မာရက္ဇ္ဟာ ၂၀၁၄ ဇန္န၀ါရီ က လက္စတာစီးတီး ကုိ ေျပာင္းေရြ႕ ခဲ့သူ ျဖစ္ျပီး အဆုိပါ ႏွစ္မွာ လက္စတာဟာ ခ်န္ပီယံံရွစ္ရဲ႕ ခ်န္ပီယံ အျဖစ္ တန္းတက္လာ ခဲ့ကာ ၂၀၁၅-၁၆ ေဘာလံုး ရာသီမွာေတာ့ မာရက္ဇ္ ဟာ လက္စတာကို သမိုင္း၀င္ ပရီးမီးယားလိဂ္ ဖလား ဆြတ္ခူး ေပးခဲ့ရာမွာ အဓိက ကစားသမား အျဖစ္ ပါ၀င္ ခဲ့ပါတယ္။
(Unicode)
မန်စီတီးအသင်းဆီပြောင်းရွှေ ့လာခဲ့ရတဲ့ လျို ့ဝှက်ချက်ကိုပြောပြခဲ့တဲ့ မာရက်ဇ်
မန်စီးတီးအသင်းဆီ ကလပ်စံချိန်တင်ပြောင်းရွှေ ့ကြေးပေါင်သန်း ၆၀ ဖြင့်ရောက်ရှိလာခဲ့တဲ့ လက်စတာတောင်ပံကစားသမား မာရက်ဇ်က သူ ဘာလို ့ဂွာဒီယိုလာအသင်းကိုရွေးချယ်ခဲ့ရသလဲဆိုတာ အခုလိုပြောကြားခဲ့ပါတယ်။
မာရက်ဇ်က “ကျွန်တော်ကတော့ နည်းပြ ပက်ဂွာဒီယိုလာ ရဲ့ လက်အောက်မှာ အကောင်းဆုံး ဘောလုံး ကစားပုံ နဲ့ ကစားနေတဲ့ အသင်းကို ပြောင်းရွေ့ လာနိုင်ခဲ့တဲ့ အတွက် အရမ်းကို ကျေနပ် ဝမ်းမြောက် မိပါတယ်။ သူတို့အသင်းရဲ့ ကစားပုံကို အပြင်လူ တစ်ဦး အနေနဲ့ ကြည့်ရတာတောင် အရမ်းကို ကျေနပ်စရာ ကောင်းလှပါတယ်။ ပက်ဟာ အမြဲတမ်း တိုက်စစ်အားသန် ကစားပုံကို ပုံဖော်တဲ့ သူပါ။ ဒါဟာ ကျွန်တော့်အတွက် ပြီးပြည့်စုံ စေပါတယ်။ ပြီးခဲ့တဲ့ရာသီ မန်စီးတီး အသင်းရဲ့ ကစားပုံဟာ အရမ်းကို ထူးချွန်လှပါတယ်။ သူတို့ဟာ အင်္ဂလန် ဘောလုံးလောက အပြောင်းအလဲ ဖြစ်စေခဲ့ပြီး ကျွန်တော်ဟာ ဒီအသင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ချင် ခဲ့တာပါ။"
မန်စီးတီးအသင်းဟာ မာရက်ဇ်ကို အကြိမ်ကြိမ်ကမ်းလှမ်း ခဲ့ပြီး ၄ကြိမ်အထိ လက်စတာအသင်းရဲ့ ပယ်ချခြင်းကို ခံခဲ့ရပြီး နောက်ယခုနှစ်နွေရာသီအပြောင်းအရွှေ ့မှာ တော့ပက်ရဲ့ အကြိုက်ဆုံးကစားသမားတစ်ယောက်ကို မန်စီးတီးအသင်းက ခေါ်ယူပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
မာရက်ဇ်ဟာ မန်ချက်စတာစီးတီး အသင်းရဲ့ သမိုင်းမှာ စျေးအကြီးဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင် သွားခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီက စီးတီးကို ဘီဘာအိုမှ ပေါင် ၅၇ သန်းနဲ့ ရောက်လာခဲ့တဲ့ နောက်ခံလူအေမာရစ်လာပေါ့ဒ်ရဲ့ နေရာ ကို ရယူ နိုင်ခဲ့ပါတယ်။
"ကျွန်တော်တို့ လာမည့်နှစ် တွေ အတွင်း အောင်မြင်မှုတွေ အများကြီး ရရှိမယ်လို့ ထင်ပါတယ်။ ပြီးတော့ နည်းပြ ပက်ရဲ့ လက်အောက်မှာ ကျွန်တော့်ရဲ့ ခြေစွမ်း တိုးတက်လာနိုင်မယ်လို့ ယုံကြည်ထား ပါတယ်။”
မာရက်ဇ်ဟာ ၂၀၁၄ ဇန်နဝါရီ က လက်စတာစီးတီး ကို ပြောင်းရွေ့ ခဲ့သူ ဖြစ်ပြီး အဆိုပါ နှစ်မှာ လက်စတာဟာ ချန်ပီယံံရှစ်ရဲ့ ချန်ပီယံ အဖြစ် တန်းတက်လာ ခဲ့ကာ ၂၀၁၅-၁၆ ဘောလုံး ရာသီမှာတော့ မာရက်ဇ် ဟာ လက်စတာကို သမိုင်းဝင် ပရီးမီးယားလိဂ် ဖလား ဆွတ်ခူး ပေးခဲ့ရာမှာ အဓိက ကစားသမား အဖြစ် ပါဝင် ခဲ့ပါတယ်။
Post a Comment