(unicode)
ဂိုးရဖို ့လိုအပ်တဲ့မှော်ဝင်အခိုက်အတန့်တွေပျောက်ဆုံးခဲ့တယ်လို ့ဝန်ခံလိုက်တဲ့ဟာဇက်
ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင်အင်ဒီဟာဇက်က မနေ ့ည ပြင်သစ်ကို ၁-၀ ဖြင့်ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ
သူအသင်းရဲ့ စွမ်းဆောင်ရည်နဲ ့ပတ်သတ်ပြီး အခုလိုပြောကြားသွားခဲ့ပါတယ်။
" သူတို ့အသင်းဟာ ခံစစ်ကို လုံလုံခြုံခြုံနဲ့ အရမ်းအားပြုကစားခဲ့တယ်။ သူတို ့ရဲ့ အားနည်းချက်ကို ကျွန်တော်တို ့ရှာမတွေ ့ခဲ့ပါဘူး။ ဂိုးသွင်းဖို ့လိုအပ်တဲ့ မှော်ဝင်အခိုက်အတန် ့တစ်ချို ့ကျွန်တော်တို ့ပျောက်ဆုံးခဲ့ပါတယ်။"
" ပြင်သစ်အသင်းနဲ့ အနိုင်ရချင်လား၊ ဘယ်လ်ဂျီယံ နဲ့ အရှုံးကိုယူချင်လားဆိုရင် ဘယ်လ်ဂျီယံနဲ့ ပဲ အရှုံးကိုခံယူသွားဖို ့ပဲရှိပါတယ်။"
" ကျွန်တော် ထက် အရမ်းမာကျောတဲ့ အသင်းက ဖြုတ်ချခဲ့တဲ့ အရမ်းကောင်းတဲ့ ဘယ်လ်ဂျီယံအသင်းကို ကျွန်တော်တို ့မြင်တွေ ့ခဲ့ရပြီးပါပြီ။"
ဟာဇက်ဟာ ဘယ်လ်ဂျီယံအသင်းရဲ့ အထိရောက်ဆုံး တစ်ဖက်အသင်းကို ဒုက္ခ အပေးနိုင်ဆုံးကစားသမားတစ်ဦးဖြစ်သော်လည်း ပြင်သစ်နဲ့ ပွဲမှာတော့ခြေစွမ်းပြဖို ့အတော်လေးရုန်းကန်ခဲ့ရပါတယ်။
ဘယ်လ်ဂျီယံ အသင်းဟာ ကမ္ဘာ ့ဖလားဗိုလ်လုပွဲ ကို ပထမဆုံးအကြိမ်တက်ရောက်နိုင်မယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရပင်မယ့် ၁၉၆၆ က စတုတ္ထ ရခဲ့တဲ့ အသင်းထက်တော့ လက်ရှိအသင်းဟာ ပိုမိုပြည့်စုံကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
" ကျွန်တော်တို ့ဟာ အရမ်းကောင်းတဲ့ အသင်းမှန်းသက်သေပြခဲ့ပြီးပါပြီ။"
" ကျွန်တော်တို ့လုပ်ဆောင်နိုင်ခဲ့တဲ့ အရာတွေအတွက် ဂုဏ်ယူမိပါတယ်။ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ အသင်းမှာ အသင်းသားတစ်ယောက်ဖြစ်ခဲ့တာကိုလည်း ပျော်ရွှင်မိပါတယ်။" လို ့ပြောကြားသွားခဲ့ပါတယ်။
Post a Comment