စပိန္နည္းျပအျဖစ္ဆက္ရွိေနမွာမဟုတ္ေတာ့တဲ့ ရယ္လ္ဟိုး
စပိန္ အသင္းဟာ ၂၀၁၈ ႐ုရွားကမာၻ ့ဖလားၿပိဳင္ပြဲရဲ႕ ၁၆ သင္းအဆင့္ကေန ထြက္ခြာခဲ့ရၿပီးေနာက္ စပိန္ေဘာလံုးအဖြဲ႕ ခ်ဳပ္က နည္းျပသစ္ ဖာနန္ဒိုရယ္လ္ဟိုးဟာ စပိန္ေဘာလံုး အသင္းရဲ႕ နည္းျပခ်ဳပ္အျဖစ္ ဆက္ရွိေနမွာ မဟုတ္ေတာ့ေၾကာင္း တရားဝင္ေၾကညာလိုက္ပါတယ္။
ကမာၻ ့ဖလားၿပိဳင္ပြဲမတိုင္ခင္ နည္းျပရာထူးကို တာဝန္ယူထားရတဲ့ လိုပက္တဂီ ကို ရီးရဲလ္မက္ဒရစ္အသင္းက သူ တို ့အသင္းရဲ႕ လစ္လပ္သြားတဲ့ နည္းျပဇီဒန္းေနရာ အစားထိုးဖို ့ေခၚယူခဲ့ပါတယ္။
ရီးရဲလ္ အသင္း နဲ႔ လိုပက္တဂီ တို႔ဟာ ၂ဦးဂသေဘာတူညီခ်က္နဲ႔ ရယူရံု ပဲရွိခဲ့တာျဖစ္ၿပီး ကမာၻ ့ဖလားၿပိဳင္ပြဲဝင္ စပိန္အသင္းကို ဆက္လက္ကိုင္တြယ္ဖို ့ လိုပက္တဂီ က အလိုရွိေနပါတယ္။
ဒါပင္မယ့္လည္း စပိန္FA က လိုပက္တဂီဟာ စပိန္ေဘာလံုးအသင္းကို သစၥာေဖာက္ခဲ့သလို ခံစားခဲ့ရတဲ့ အတြက္ ၿပိဳင္ပြဲ စဖို ့၂ရက္လိုမွာ တင္ထုတ္ပယ္လိုက္ပါတယ္။
ယင္းေနာက္နည္းျပအဖြဲ႕ ဝင္တစ္ဦး ျဖစ္တဲ့ စပိန္ကစားသမားေဟာင္း ရယ္လ္ဟိုး ကို နည္းျပခ်ဳပ္အျဖစ္ခန္ ့အပ္ခဲ့ပါတယ္။
ဖာနန္ဒိုရယ္လ္ဟိုးရဲ႕ စပိန္အသင္းဟာ ကမာၻ ့ဖလားၿပိဳင္ပြဲမွာ ေပၚတူဂီ အသင္း ကို ၃-၃ ၊ အီရန္အသင္း ကို၁-၀ ႏိုင္၊ ေမာ္႐ိုကို ကို ၂-၂ သေရ၊ ရရွိခဲ့ၿပီး ၁၆ သင္းအဆင့္မွာ အိမ္ရွင္႐ုရွား ကို ပယ္နယ္တီ အဆံုးအျဖတ္ျဖင့္ အေရးနိမ္ ့ခဲ့ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရပါတယ္။
ဒါေၾကာင့္ စပိန္အသင္းရဲ႕ နည္းျပရာထူးဟာ ရယ္လ္ဟိုး နဲ႔ မသင့္ေလ်ာ္ေၾကာင္း ကမာၻ ့ဖလားၿပိဳင္ပြဲမွ စပိန္အသင္းရဲ႕ ရလဒ္မ်ားက သက္ေသျပလ်က္ရွိေနပါေတာ့တယ္။
(Unicode)
စပိန်နည်းပြအဖြစ်ဆက်ရှိနေမှာမဟုတ်တော့တဲ့ ရယ်လ်ဟိုး
စပိန် အသင်းဟာ ၂၀၁၈ ရုရှားကမ္ဘာ ့ဖလားပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် စပိန်ဘောလုံးအဖွဲ့ ချုပ်က နည်းပြသစ် ဖာနန်ဒိုရယ်လ်ဟိုးဟာ စပိန်ဘောလုံး အသင်းရဲ့ နည်းပြချုပ်အဖြစ် ဆက်ရှိနေမှာ မဟုတ်တော့ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။
ကမ္ဘာ ့ဖလားပြိုင်ပွဲမတိုင်ခင် နည်းပြရာထူးကို တာဝန်ယူထားရတဲ့ လိုပက်တဂီ ကို ရီးရဲလ်မက်ဒရစ်အသင်းက သူ တို ့အသင်းရဲ့ လစ်လပ်သွားတဲ့ နည်းပြဇီဒန်းနေရာ အစားထိုးဖို ့ခေါ်ယူခဲ့ပါတယ်။
ရီးရဲလ် အသင်း နဲ့ လိုပက်တဂီ တို့ဟာ ၂ဦးဂသဘောတူညီချက်နဲ့ ရယူရုံ ပဲရှိခဲ့တာဖြစ်ပြီး ကမ္ဘာ ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းကို ဆက်လက်ကိုင်တွယ်ဖို ့ လိုပက်တဂီ က အလိုရှိနေပါတယ်။
ဒါပင်မယ့်လည်း စပိန်FA က လိုပက်တဂီဟာ စပိန်ဘောလုံးအသင်းကို သစ္စာဖောက်ခဲ့သလို ခံစားခဲ့ရတဲ့ အတွက် ပြိုင်ပွဲ စဖို ့၂ရက်လိုမှာ တင်ထုတ်ပယ်လိုက်ပါတယ်။
ယင်းနောက်နည်းပြအဖွဲ့ ဝင်တစ်ဦး ဖြစ်တဲ့ စပိန်ကစားသမားဟောင်း ရယ်လ်ဟိုး ကို နည်းပြချုပ်အဖြစ်ခန် ့အပ်ခဲ့ပါတယ်။
ဖာနန်ဒိုရယ်လ်ဟိုးရဲ့ စပိန်အသင်းဟာ ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီ အသင်း ကို ၃-၃ ၊ အီရန်အသင်း ကို၁-၀ နိုင်၊ မော်ရိုကို ကို ၂-၂ သရေ၊ ရရှိခဲ့ပြီး ၁၆ သင်းအဆင့်မှာ အိမ်ရှင်ရုရှား ကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အရေးနိမ် ့ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
ဒါကြောင့် စပိန်အသင်းရဲ့ နည်းပြရာထူးဟာ ရယ်လ်ဟိုး နဲ့ မသင့်လျော်ကြောင်း ကမ္ဘာ ့ဖလားပြိုင်ပွဲမှ စပိန်အသင်းရဲ့ ရလဒ်များက သက်သေပြလျက်ရှိနေပါတော့တယ်။





Post a Comment