#MailOnline
ခင်ဗျားနားလည်ထားရမှာက ဘရာဇီးဟာ ကမ္ဘာ ့ဖလားပြိုင်ပွဲမှာအကောင်းဆုံးအသင်းပါ။
ဘယ်လ်ဂျီယံ အသင်းရဲ့ နည်းပြ ရော်ဘတ်တို မာတီးနက်ဇ် က ကွာတားဖိုင်နယ် အဆင့်ပြိုင်ပွဲမှာ တွေ ့ဆုံမယ့် ဘရာဇီး အသင်းဟာ လက်ရှိကမ္ဘာ ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်း ဆိုတာ မမေ ့သင့်ကြောင်း ဂျပန်အသင်းနဲ့ ပွဲပြီး အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။
ဘယ်လ်ဂျီယံ အသင်းဟာ ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် ဂျပန် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး ၂-၀ ဖြင့် ရှုံးနိမ့်နေရာမှ ဗာတွန်ဂန်၊ ဖယ်လာနီ၊ချာဒလီ တို ့ရဲ့ သွင်းဂိုးတွေ ဖြင့်နောက်က လိုက်ကစားခဲ့ကာ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်တက်ခဲ့ပါတယ်။
" ဘရာဇီး အသင်းနဲ့ ကန်ရမယ်ဆိုရင် ခင်ဗျား နားလည်ထားရမှာက ဘရာဇီး အသင်းဟာ ကမ္ဘာ ့ဖလားပြပိုင်ပွဲ ရဲ့ အကောင်းဆုံး အသင်းဆိုတာ နားလည်ထားရပါမယ်။"
" ၁စက္ကန် ့အတွင်း ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကော်တင်ဟို နဲ့ နေမာတို ့လို ကစားသမားတွေပါတဲ့ ဘရာဇီး အသင်းကို ဘယ်လို ကစားရမလဲဆိုတဲ့ ဗျူဟာ ခင်ဗျားမှာ ရှိကိုရှိရပါမယ်။"
" ဒါပင်မယ့် ခင်ဗျားဟာ သားပေါက်အဆင့် အနေအထား သာ ရှိပြီး ကမ္ဘာ ့ဖလား ပြိုင်ပွဲရဲ့ ကွာတား အဆင့်မှာ ဘရာဇီး အသင်းနဲ့ ကန်ဖို ့စိတ်ကူးတယ်ဆိုရင်တော့ ဒါဟာ သိပ်ကို နှစ်သက်စရာငောင်းတဲ့ ပွဲဖြစ်လာမှာပါ။"
မာတီးနက်ဇ် ဟာ ဂျပန်နဲ့ ပွဲမှာ ဖယ်လာနီ၊ ချာဒလီ တို ့ကို လူစားလဲခဲ့ပြီး မှန်ကန်တဲ့ လူစားထိုးမှုကို လုပ်ခဲ့တာကြောင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
" ကျွန်တော်တို ့အသင်းဟာ ကြံခိုင်မှု အပြည့်နဲ့ ပွဲကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ တကယ့်ကို အရမ်းကောင်းပြီး အစွမ်းထက်တဲ့ တန်ပြန်တိုက်စစ်ကနေ နောက်ဆုံး တတိယ ဂိုးရရှိခဲ့တာကို ခင်ဗျား တို ့တွေ ့ခဲ့ရပါတယ်။"
" ဒီအဆုံးသတ်သွင်းဂိုး ဟာ လူကာကူ တစ်ကိုယ်ကောင်း မဆန်ခဲ့လိုပါ။ သူက ချာဒလီ ဂိုးသွင်းယူနိုင်တာကို မြင်လို ့ အကောင်းဆုံး လုပ်ဆောင်ပေးလိုက်တာပါ။"
" ကမ္ဘာ ့ဖလားပြိုင်ပွဲ မှာ ၂ ဂိုးရှုံးနေရာကနေ ပြန်နိုင်တဲ့ ပွဲ တွေဟာ ရှားပါတယ်။ဒီနေ ့ကတော့ ကစားသမားတွေ ရဲ့ အနိုင်လိုစိတ် နဲ့ အံသြသင့်စရာလုပ်ဆောင်မှုတွေ အကြောင်းပါပဲ။" လို ့BBC ကို ပြောကြားသွားခဲ့ပါတယ်။
#MailOnline
Post a Comment