ႏိုင္ငံႀကီးသား စိတ္ဓာတ္ကို ျပသြားတဲ့ ဂ်ပန္အသင္း
ဂ်ပန္ အသင္းဟာ ၁၆ သင္း ရံႈးထြက္ ၿပိဳင္ပြဲမွာ ဘယ္လ္ဂ်ီယံအသင္းကို ၂-၀ ျဖင့္ဦးေဆာင္ထားႏိုင္ခဲ့ေသာ္လည္း ဘယ္လ္ဂ်ီယံရဲ႕ ေနာင္က် သြင္းဂိုးေတြေၾကာင့္ ၃-၂ ျဖင့္အေရးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲကေန နာက်င္စြာထြက္ခြာခဲ့ရပါတယ္။
ဂ်ပန္အသင္းေတြ နဲ႔ ဂ်ပန္ပရိတ္သတ္ေတြ ဟာ ရံႈးနိမ့္ မႈေၾကာင့္ နာက်င္ေၾကကြဲမတတ္ခံစားခဲ့ရေသာ္လည္း စည္းကမ္းပိုင္းနဲ႔ စိတ္ေနသေဘာထားဆိုင္ရာ ခံယူခ်က္ေတြကို ေတာ့ အဆံုးအရံႈးမခံခဲ့ၾကပါဘူး။
ဂ်ပန္ အသင္းဟာ စည္းကမ္းပိုင္းဆိုင္ရာမွာ ခံယူခ်က္ေကာင္း မြန္တဲ့ ႏိုင္ငံျဖစ္ ၿပီး သူတို ့ႏိုင္ငံသားေတြ ရဲ႕ တစ္ဦးခ်င္း ခံယူခ်က္ေတြဟာ ႏိုင္ငံႀကီးသား ပီသလြန္းပါတယ္။
အမိႈက္မေျပာနဲ႔ ကိုယ့္ေသာက္တဲ့ ေဆးလိပ္ျပာကိုေတာင္ ေျမႀကီးေပၚ ပစ္မခ်ပဲ ေသခ်ာသိမ္းၿပီး ျပန္ယူတတ္တဲ့ ဂ်ပန္လူမ်ိဳးေတြဟာ ႐ုရွားကမာၻ ့ဖလားၿပိဳင္ပြဲမွာ လည္း အျခားအသင္းေတြ စံနမူနာ အတုယူရမယ့္ လုပ္ရပ္ေတြကို လုပ္ေဆာင္ခဲ့ပါတယ္။
ဂ်ပန္ ကစားသမားေတြဟာ Rostov Arena ကြင္းမွာ ဘယ္လ္ဂ်ီယံ အသင္းကို ရံႈးနိမ့္ခဲ့ၿပီး အဝတ္လဲခန္း ကေန ထြက္ခြာ ခဲ့ေသာ္လည္း သူ တို ့အသံုးျပဳသြားတဲ့ အဝတ္လဲခန္းကို သန္႔ရွင္းသပ္ရပ္ေနေအာင္ လုပ္ေဆာင္ေပးခဲ့ပါတယ္။
အဆိုပါဂ်ပန္အသင္းရဲ႕ ႏိုင္ငံႀကီးသား လုပ္ရပ္ကို ႐ုရွားေဘာလံုးကြင္းရဲ႕ သန္ ့ရွင္းေရး ဝန္ထမ္းေတြက ခ်ီးက်ဴး ဂုဏ္ျပဳခဲ့ၾကပါတယ္။
ဒါ့အျပင္ ဂ်ပန္ ပရိတ္သတ္ေတြဟာ လည္း ရံႈးပြဲေၾကာင့္ ရင္ကြဲမတတ္ခံစားငိုေႂကြးခဲ့ေသာ္လည္း ပြဲၾကည့္စင္တစ္ေလွ်ာက္ သူတို ့အသံုးျပဳတဲ့ အမိႈက္ေတြ ကို ျပန္လည္သိမ္းဆည္းေကာက္ခဲ့ေပးၾကပါတယ္။
FIFA ရဲ႕ အေထြေထြ ညိႈ ့ႏိႈင္းေရးတာဝန္ခံ ပရစ္စီလာဂ်က္ဆင္က သူ ့ရဲ ့ Twitter မွာ
" ဂ်ပန္အသင္းရဲ႕ ပရိတ္သတ္ေတြကို ေက်းဇူးအထူးတင္ပါတယ္။ ပြဲၾကည့္စင္မွာေရာ၊ အဝတ္လဲခန္းမွာပါ အရာအားလံုးကို သန္ ့ရွင္းေအာင္ လုပ္ေဆာင္ခဲ့တဲ့ ဂ်ပန္ႏိုင္ငံသားေတြကို ႐ုရွားကေန ေက်းဇူးတင္ႏႈတ္ဆက္ပါတယ္။" လို ့ေရးသားခဲ့ပါတယ္။
#Mailonline
နိုင်ငံကြီးသား စိတ်ဓာတ်ကို ပြသွားတဲ့ ဂျပန်
ဂျပန် အသင်းဟာ ၁၆ သင်း ရှုံးထွက် ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်းကို ၂-၀ ဖြင့်ဦးဆောင်ထားနိုင်ခဲ့သော်လည်း ဘယ်လ်ဂျီယံရဲ့ နောင်ကျ သွင်းဂိုးတွေကြောင့် ၃-၂ ဖြင့်အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ နာကျင်စွာထွက်ခွာခဲ့ရပါတယ်။
ဂျပန်အသင်းတွေ နဲ့ ဂျပန်ပရိတ်သတ်တွေ ဟာ ရှုံးနိမ့် မှုကြောင့် နာကျင်ကြေကွဲမတတ်ခံစားခဲ့ရသော်လည်း စည်းကမ်းပိုင်းနဲ့ စိတ်နေသဘောထားဆိုင်ရာ ခံယူချက်တွေကို တော့ အဆုံးအရှုံးမခံခဲ့ကြပါဘူး။
ဂျပန် အသင်းဟာ စည်းကမ်းပိုင်းဆိုင်ရာမှာ ခံယူချက်ကောင်း မွန်တဲ့ နိုင်ငံဖြစ် ပြီး သူတို ့နိုင်ငံသားတွေ ရဲ့ တစ်ဦးချင်း ခံယူချက်တွေဟာ နိုင်ငံကြီးသား ပီသလွန်းပါတယ်။
အမှိုက်မပြောနဲ့ ကိုယ့်သောက်တဲ့ ဆေးလိပ်ပြာကိုတောင် မြေကြီးပေါ် ပစ်မချပဲ သေချာသိမ်းပြီး ပြန်ယူတတ်တဲ့ ဂျပန်လူမျိုးတွေဟာ ရုရှားကမ္ဘာ ့ဖလားပြိုင်ပွဲမှာ လည်း အခြားအသင်းတွေ စံနမူနာ အတုယူရမယ့် လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့ပါတယ်။
ဂျပန် ကစားသမားတွေဟာ Rostov Arena ကွင်းမှာ ဘယ်လ်ဂျီယံ အသင်းကို ရှုံးနိမ့်ခဲ့ပြီး အဝတ်လဲခန်း ကနေ ထွက်ခွာ ခဲ့သော်လည်း သူ တို ့အသုံးပြုသွားတဲ့ အဝတ်လဲခန်းကို သန့်ရှင်းသပ်ရပ်နေအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။
အဆိုပါဂျပန်အသင်းရဲ့ နိုင်ငံကြီးသား လုပ်ရပ်ကို ရုရှားဘောလုံးကွင်းရဲ့ သန် ့ရှင်းရေး ဝန်ထမ်းတွေက ချီးကျူး ဂုဏ်ပြုခဲ့ကြပါတယ်။
ဒါ့အပြင် ဂျပန် ပရိတ်သတ်တွေဟာ လည်း ရှုံးပွဲကြောင့် ရင်ကွဲမတတ်ခံစားငိုကြွေးခဲ့သော်လည်း ပွဲကြည့်စင်တစ်လျှောက် သူတို ့အသုံးပြုတဲ့ အမှိုက်တွေ ကို ပြန်လည်သိမ်းဆည်းကောက်ခဲ့ပေးကြပါတယ်။
FIFA ရဲ့ အထွေထွေ ညှို ့နှိုင်းရေးတာဝန်ခံ ပရစ်စီလာဂျက်ဆင်က သူ ့ရဲ ့ Twitter မှာ
" ဂျပန်အသင်းရဲ့ ပရိတ်သတ်တွေကို ကျေးဇူးအထူးတင်ပါတယ်။ ပွဲကြည့်စင်မှာရော၊ အဝတ်လဲခန်းမှာပါ အရာအားလုံးကို သန် ့ရှင်းအောင် လုပ်ဆောင်ခဲ့တဲ့ ဂျပန်နိုင်ငံသားတွေကို ရုရှားကနေ ကျေးဇူးတင်နှုတ်ဆက်ပါတယ်။" လို ့ရေးသားခဲ့ပါတယ်။
#Mailonline
Post a Comment