"ကျွန်တော်နဲ့ မက်ဆီဘယ်သူအကောင်းဆုံးလည်းတွေ့ ရတော့မှာပါ။"- ရိုနယ်ဒို
(Unicode)
ဂျူဗင်တပ်စ်အသင်းဟာ မနေ ့ည က အသင်းရဲ့ ကလပ်စံချိန်တင် ကစားသမား တစ်ယောက်ဖြစ်တဲ့ ရိုနယ်ဒိုကို တရားဝင်မိတ်ဆက်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။
" ဟုတ်ပါတယ်။ ဂျူဗင်တပ်စ်တစ်သင်းထဲသာ ကျွန်တော့်ကို ကမ်းလှမ်းမှု လုပ်ခဲ့တယ်ဆိုတာ ကျွန်တော်သေချာပြောရဲပါတယ်။သူတို ဟာ အံသြစရာကောင်းတဲ့ အခွင့်အရေးကို ကျွန်တော့်ကိုပေးခဲ့ပါတယ်။ ဂျူဗင်တပ်စ် အသင်းဟာ စီရီးအေး ဖလားရော၊ ပြည်တွင်းဖလားတွေရော၊ ချန်ပီယံလိပ်ဖိုင်နယ်အဆင့်ထိ ရောက်လာနိုင်ခဲ့ပုံတွေကို တွေ ့ရတာဟာ အောင်မြင်မှု အများကြီးရထားတယ့် အသင်းမှန်း ကျွန်တော်မြင်နိုင်ပါတယ်။"
"ကျွန်တော့်နည်းပြအသစ်နဲ့ တွေ ့ဆုံဖို ့ရှိနေပါတယ်။ဂျူလိုင် ၃၀ မှ အသင်းနဲ့ လာပူပေါင်းမှာပါ။သြဂတ် ၁၂ ရက်နေ ့မှာ ကစားမယ့် စီးရီးအေ အဖွင့်ပွဲကို ကျွန်တော်ပါချင်ပါတယ်။"
" ကျွန်တော်ဒီမှာရှိနေရတာ အရမ်းဂုဏ်ယူမိပါတယ်။သူတို ့ကျွန်တော့်ကို စိတ်ဝင်စားကြလို ့ဂုဏ်ယူမိပါတယ်။ကျွန်တော် ဂျူဗင်တပ်စ်အသင်း ကို ဒီထက်မက အဆင့်အတန်း မြင့်တစ်နေရာရောက်အောင် ခေါ်သွားပေးမှာပါ။"
CR7 ဟာ ဘာစီလိုနာ ကစားသမား မက်ဆီနဲ့ နှိုင်းယှဉ်မှု အပေါ် အခုလို ပြန်လည်ဖြေကြားလိုက်ပါတယ်။
" ကျွန်တော်ဟာ ကစားသမားတွေကို ပြိုင်ဘက်အနေနဲ့ မမြင်ပါဘူး။"
"လူတိုင်းဟာ ကျွန်တော့်ပြိုင်ဘက်လို ့ပြောကြတဲ့ မက်ဆီနဲ့ အကြောင်းတွေပဲ ပြောကြလေ့ရှိပါတယ်။ဒါပင်မယ့် ကစားသမားတိုင်းဟာ သူ ့အသင်းအတွက် တိုက်ပွဲဝင်နေရတာပါ။အဲ့ဒါကြောင့် ပဲ ကျွန်တော်ဟာ ဒီမှာ တိုက်ပွဲဝင်သွားဖို ့ရှိနေတာပေါ့။"
"နောက်ဆုံး ကျရင် ဘယ်သူ ကအကောင်းဆုံးလဲ ကျွန်တော်တို ့သိနိုင်တွေ ့နိုင်ပါလိမ့်မယ်။"
"ဘော်လွန်းဒီအော်ဆုလား?? ကျွန်တော် ဒီအကြောင်းမစဉ်းစားသေးပါဘူး။ဒီဆုကို ကျွန်တော်ရပြီး အကောင်းဆုံးဖြစ်ချင်ပါတယ်။ဒါပင်မယ့် ဘယ်သူမှန်း မသိနိုင်သေးပါဘူးဗျာ။"
"ကျွန်တော်ဒီဆုထပ်ရလိမ့်မယ်လို ့ထင်ပါတယ်။ဒါပင်မယ့် အရာအားလုံးဟာ သဘာဝအတိုင်းပဲရှိနေတာပါ။ အရင်ကဒီဆုကို ရဖို ့ဆို ခက်ခဲခဲ့ပါတယ်။ အခုတော့ ဒီဆုဟာ ဒီနေရာကို ရောက်လာပါပြီ။ကျွန်တော်တို ့အားလုံး မြင်တွေ ့ကြရပါလိမ့်မယ်။" လို ့ ဆိုသွားပါတယ်။
Post a Comment