ေနမာဟာ ဒိုင္လူႀကီးေတြရဲ႕ အကာအကြယ္ေပးမႈေတြကိုလိုအပ္ေနပါတယ္။-ဒိုႀကီး
ဘရာဇီး ကစားသမားေဟာင္းႀကီး ေရာ္နယ္ဒိုက ဘရာဇီး စတားေနမာဟာ ပြဲအတြင္း ဒိုင္လူႀကီးေတြ ရဲ႕ အကာအကြယ္ေပးမႈ ေတြ လိုအပ္ေနေသးတယ္လို ့ေျပာၾကားသြားပါတယ္။
ေနမာဟာ ၿပီးခဲ့တဲ့ မကၠစီကို နဲ႔ ပြဲမွာ ဟန္ေဆာင္လူးလိမ့္မႈတစ္ခ်ိဳ ့ေၾကာင့္ ပရိတ္သတ္ေတြ ရဲ ့ေဝဖန္မႈကို လက္ရွိမွာ အမ်ားဆံုးခံေနရတဲ့ ကစားသမားတစ္ေယာက္ျဖစ္ေနပါတယ္။
သို ့ပင္မယ့္လည္း ေနမာ ဟာ လက္ရွိကမာၻ ့ဖလားၿပိဳင္ပြဲမွာ ၾကမ္းၾကမ္းတမ္းတမ္း လူခ် အခံရဆံုး ကစားသမား အျဖစ္မွတ္တမ္းဝင္ေနပါတယ္။
ေရာ္နယ္ဒိုက
" သူဟာ အလႈပ္ကစားတဲ့ ေနရာမွာ ဥာဏ္ေကာင္းတဲ့ ကစားသမား တစ္ေယာက္ပါ။သူ ့ကို ျဖတ္ထုတ္လိုက္ၿပီဆိုရင္ ကိုယ့္ကိုယ္ကို ဘယ္လို ကာကြယ္ရမလဲ သူနပ္ပါတယ္။"
"ေနမာနဲ႔ ပတ္သတ္တဲ့ ဟန္ေဆာင္တယ္လို ့ေျပာတာေတြ အားလံုးကို ကၽြန္ေတာ္ကန္ ့ကြက္လိုပါတယ္။"
ေျခဖဝါးႀကိဳးဒဏ္ရာကေနသက္သာလာၿပီး ကမာၻ ့ဖလားၿပိဳင္မွာ ပါဝင္ခြင့္ရခဲ့ တဲ့ ေနမာဟာ သူ ့ရဲ႕ ၾကံခိုင္မႈ ဆိုင္ရာ အေနအထား ကို ဆြစ္ဇာလန္၊ေကာ္စတာရီကာ၊ ဆာဘီးယား၊ နဲ႔ မကၠစီကို နဲ႔ ပြဲေတြမွာ အစမ္းသပ္ခံခဲ့ရသလို ျဖစ္ခဲ့ပါတယ္။
၂၀၀၂ ခုႏွစ္မွာ ဘရာဇီးအသင္းနဲ႔ ကမာၻ ့ဖလားခ်န္ပီယံ ဆြတ္ခူးႏိုင္ခဲ့ တဲ့ေရာ္နယ္ဒို ႀကီးက
" ေနမာဟာ ဒိုင္ေတြဆီက လံုေလာက္တဲ့ အကာအကြယ္ေပးမႈ မရခဲ့ပါဘူး။ သူဒီလို မ်ိဳးလုပ္ျပတာဟာ သူ ့အေပၚၾကမ္းတမ္းစြာကစားၾကတဲ့ အျခားကစားသမားေတြရဲ႕ ကစားဟန္ ကိုကဟန္ ့တားေစလိုတာျဖစ္ပါတယ္။"
"လူေတြက ေနမာကို ပဲဝိုင္းေျပာေနၾကတာ မတရားဘူးလို ့ကၽြန္ေတာ္ ထင္ပါတယ္။" လို ့ဆိုသြားပါတယ္။
ဘရာဇီး ေနာက္ခံလူ သီေယဂို ေဆးလ္ဗား ဟာလည္း ေနမာအေပၚ ၾကမ္းၾကမ္းတမ္းတမ္းကစားခဲ့ၾကတာနဲ႔ ပတ္သတ္ၿပီး မကၠစီကို ကို ၂-၀ နဲ႔ အႏိုင္ရတဲ့ ပြဲအၿပီးမွာ အခုလို ေျပာၾကားသြားပါတယ္။
" ဒါဟာ ပံုမွန္ပါပဲ။ ဘာလို ့လဲဆိုေတာ့ ေနမာဟာ အရည္အေသြး ျပည့္ဝေနလို ့ပါ။"
"ေနမာနဲ႔ ရင္ဆိုင္ရတဲ့ ကစားသမားတိုင္းျပစ္ဒဏ္ေဘာေတြ က်ဴးလြန္ခဲ့ၾကပါတယ္။ ဘာလို ့လဲဆိုေတာ့ ေနမာ ဆီက ေဘာလံုးလုဖို ့ဆိုတာ ခက္ခဲလြန္းၿပီး ျပစ္ဒဏ္ေဘာမက်ဴးလြန္ပဲ မရႏိုင္ပါဘူး။" လို ့ေျပာၾကားသြားပါတယ္။
နေမာဟာ ဒိုင်လူကြီးတွေရဲ့ အကာအကွယ်ပေးမှုတွေလိုအပ်နေပါတယ်။-ဒိုကြီး
ဘရာဇီး ကစားသမားဟောင်းကြီး ရော်နယ်ဒိုက ဘရာဇီး စတားနေမာဟာ ပွဲအတွင်း ဒိုင်လူကြီးတွေ ရဲ့ အကာအကွယ်ပေးမှု တွေ လိုအပ်နေသေးတယ်လို ့ပြောကြားသွားပါတယ်။
နေမာဟာ ပြီးခဲ့တဲ့ မက္ကစီကို နဲ့ ပွဲမှာ ဟန်ဆောင်လူးလိမ့်မှုတစ်ချို ့ကြောင့် ပရိတ်သတ်တွေ ရဲ ့ဝေဖန်မှုကို လက်ရှိမှာ အများဆုံးခံနေရတဲ့ ကစားသမားတစ်ယောက်ဖြစ်နေပါတယ်။
သို ့ပင်မယ့်လည်း နေမာ ဟာ လက်ရှိကမ္ဘာ ့ဖလားပြိုင်ပွဲမှာ ကြမ်းကြမ်းတမ်းတမ်း လူချ အခံရဆုံး ကစားသမား အဖြစ်မှတ်တမ်းဝင်နေပါတယ်။
ရော်နယ်ဒိုက
" သူဟာ အလှုပ်ကစားတဲ့ နေရာမှာ ဉာဏ်ကောင်းတဲ့ ကစားသမား တစ်ယောက်ပါ။သူ ့ကို ဖြတ်ထုတ်လိုက်ပြီဆိုရင် ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ရမလဲ သူနပ်ပါတယ်။"
"နေမာနဲ့ ပတ်သတ်တဲ့ ဟန်ဆောင်တယ်လို ့ပြောတာတွေ အားလုံးကို ကျွန်တော်ကန် ့ကွက်လိုပါတယ်။"
ခြေဖဝါးကြိုးဒဏ်ရာကနေသက်သာလာပြီး ကမ္ဘာ ့ဖလားပြိုင်မှာ ပါဝင်ခွင့်ရခဲ့ တဲ့ နေမာဟာ သူ ့ရဲ့ ကြံခိုင်မှု ဆိုင်ရာ အနေအထား ကို ဆွစ်ဇာလန်၊ကော်စတာရီကာ၊ ဆာဘီးယား၊ နဲ့ မက္ကစီကို နဲ့ ပွဲတွေမှာ အစမ်းသပ်ခံခဲ့ရသလို ဖြစ်ခဲ့ပါတယ်။
၂၀၀၂ ခုနှစ်မှာ ဘရာဇီးအသင်းနဲ့ ကမ္ဘာ ့ဖလားချန်ပီယံ ဆွတ်ခူးနိုင်ခဲ့ တဲ့ရော်နယ်ဒို ကြီးက
" နေမာဟာ ဒိုင်တွေဆီက လုံလောက်တဲ့ အကာအကွယ်ပေးမှု မရခဲ့ပါဘူး။ သူဒီလို မျိုးလုပ်ပြတာဟာ သူ ့အပေါ်ကြမ်းတမ်းစွာကစားကြတဲ့ အခြားကစားသမားတွေရဲ့ ကစားဟန် ကိုကဟန် ့တားစေလိုတာဖြစ်ပါတယ်။"
"လူတွေက နေမာကို ပဲဝိုင်းပြောနေကြတာ မတရားဘူးလို ့ကျွန်တော် ထင်ပါတယ်။" လို ့ဆိုသွားပါတယ်။
ဘရာဇီး နောက်ခံလူ သီယေဂို ဆေးလ်ဗား ဟာလည်း နေမာအပေါ် ကြမ်းကြမ်းတမ်းတမ်းကစားခဲ့ကြတာနဲ့ ပတ်သတ်ပြီး မက္ကစီကို ကို ၂-၀ နဲ့ အနိုင်ရတဲ့ ပွဲအပြီးမှာ အခုလို ပြောကြားသွားပါတယ်။
" ဒါဟာ ပုံမှန်ပါပဲ။ ဘာလို ့လဲဆိုတော့ နေမာဟာ အရည်အသွေး ပြည့်ဝနေလို ့ပါ။"
"နေမာနဲ့ ရင်ဆိုင်ရတဲ့ ကစားသမားတိုင်းပြစ်ဒဏ်ဘောတွေ ကျူးလွန်ခဲ့ကြပါတယ်။ ဘာလို ့လဲဆိုတော့ နေမာ ဆီက ဘောလုံးလုဖို ့ဆိုတာ ခက်ခဲလွန်းပြီး ပြစ်ဒဏ်ဘောမကျူးလွန်ပဲ မရနိုင်ပါဘူး။" လို ့ပြောကြားသွားပါတယ်။
Post a Comment