Header Ads


ဖယ္လာနီလို ကစားသမားမ်ိဳးအသင္းမွာရွိေနတာဟာနည္းျပတိုင္းသေဘာၾကႏွစ္သက္ပါတယ္။



ဘယ္လ္ဂ်ီယံနည္းျပ ေရာဘတ္တို မာတီနက္ဇ္ က အသင္းမွာ ဖယ္လာနီ လို ကစားသမားမ်ိဳး ပိုင္ဆိုင္ထားရတာဟာ နည္းျပတိုင္း သေဘာက် ႏွစ္သက္ၾကပါတယ္လို႔ သူ ့ရဲ႕ ကစားသမားကို ခ်ီးက်ဴးလိုက္ပါတယ္။

“ Warrior “ စစ္သည္ေတာ္ လို ့ဖယ္လာနီ ကို ခ်ီးက်ဴးလိုက္တဲ့ မာတီနက္ဇ္ဟာ အခုလို ေျပာၾကားခဲ့ပါတယ္။


" ကၽြန္ေတာ္ ့အထင္ သူဟာ ခင္ဗ်ား နဲ႔ အတူတူတြဲလုပ္ၿပီး သေဘာက်ေစေလာက္မယ့္ အရာေတြကို ယူေဆာင္ေပးတတ္တဲ့ ကစားသမားတစ္ေယာက္ပါ။" လို Goal နဲ႔ အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။

ဖယ္လာနီ ဟာ ဂ်ပန္အသင္းနဲ႔ ပြဲမွာ လူစားဝင္ကစားခဲ့ၿပီး ဘယ္လ္ဂ်ီယံ အတြက္ ေနာက္တစ္ဆင့္တက္ႏိုင္မယ့္ အေရးပါတဲ့ ေခ်ပဂိုးကို သြင္းယူေပးခဲ့ပါတယ္။

"သူဟာ နည္းစနစ္ပိုင္းဆိုင္ရာ မွာေက်ညက္တဲ့ကစားသမားပါ။ သူဟာ ေဘာလံုးအထိန္းအသိမ္းေရာ၊နည္းစနစ္ပိုင္းဆိုင္ရာ မွာ သူမ်ားေတြ ထင္တာထက္ အေတာ္ေလးေကာင္းမြန္တဲ့ ကစားသမားပါ။"

ယူႏိုက္တက္နည္းျပ ေမာ္ရင္ဟိုရဲ႕ အခ်စ္ေတာ္ကစားသမား ဖယ္လာနီဟာ နည္းျပတိုင္းအတြက္ ႏိုင္ပြဲတစ္ခ်ိဳ ့ဖန္တီးဖို ထက္ျမက္တဲ့ လက္နက္တစ္ဖြယ္ျဖစ္ေနပါၿပီ။

ၿပီးခဲ့ တဲ့ ၂ပတ္ေလာက္က မွာ ဖယ္လာနီဟာ ယူႏိုက္တက္ အသင္း နဲ႔ ၂ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး နည္းျပႀကီး ေမာ္ရင္ဟိုကေတာ့ အေတာ္ေလးေက်နပ္ပီတိျဖစ္ေနတာေတြ ့ရပါတယ္။


" သူဟာ ႏိုင္ပြဲေတြကို ၿပီးျပည့္စံုေစဖို ့ေမြးဖြားလာသလိုပါ။" လို ့မာတီနက္ဇ္ ကထပ္ေလာင္းေျပာၾကားသြားပါတယ္။

၂၀၁၃ ခုႏွစ္ ယူႏိုက္တက္ ဂႏၲဝင္နည္းျပႀကီး ဖာဂူဆန္ အနားယူၿပီး ေနာက္အသင္းကို ေရာက္ရွိလာတဲ့ ဖယ္လာနီဟာ ယူႏိုက္တက္နည္းျပေတြ ျဖစ္ၾကတဲ့ ေဒးဗစ္မိုယက္စ္။ လူးဝစ္ဗန္ဟား၊ ေမာ္ရင္ဟို တို ့အားထား ႏွစ္သက္တဲ့ ကစားသမား တစ္ဦးျဖစ္လို ့ေနပါတယ္။


" သူဟာ ေအာင္ႏိုင္သူပါ။ သူ ဟာေဘာလံုးတစ္လံုးကို ဘယ္နားကေန အခြင့္အေရး ေကာင္းေကာင္းရွာႏိုင္မလဲ အၿမဲတစ္ေစ ရွာေဖြေနတဲ့ သူပါ။ သူ ့ဘဝျဖတ္သန္းရတဲ့ အဓိပၸာယ္ဟာ သူ ေဘာလံုးပြဲမွာ ေျပးလႊားကစားေနတဲ့ အတိုင္းပါပဲ။"

"အသင္းကစားသမား တစ္ေယာက္အေနနဲ႔ ဆိုရင္ သူဟာ ပြဲတစ္ပြဲ ကို ကမာၻႀကီး ၿပီးဆံုးေတာ့မယ့္အတိုင္း အသည္းအသန္ကစားတတ္တဲ့ သူပါ။ ဒါေတြဟာ သူ ့ကို " မ်ိဳးႏြယ္စုအတြက္ တိုက္ခဲ့တဲ့ စစ္သည္ေတာ္" “ Warrior “ တစ္ေယာက္ျဖစ္လာေစခဲ့ပါတယ္။မန္ေနဂ်ာတိုင္း ဒီလိုကစားသမားမ်ိဳး အသင္းမွာရွိေနတာ သိပ္ကို သေဘာက်ၾကပါတယ္။" လို ့ခ်ီးက်ဴးသြားပါတယ္။

ဖယ္လာနီဟာ သူ ့ရဲ႕ ဘယ္လ္ဂ်ီယံ စီနီယာ ကစားသမား ဘဝကို ၂၀၀၇ ကစတင္ခဲ့ တာျဖစ္ၿပီး ၈၅ပြဲ ကစားကာ ၁၈ ဂိုးအထိ သြင္းယူေပးထားႏိုင္တဲ့ ကစားသမား တစ္ဦး ျဖစ္လို ့ေနပါတယ္။

(Unicode)
ဖယ်လာနီလို ကစားသမားမျိုးအသင်းမှာရှိနေတာဟာနည်းပြတိုင်းသဘောကြနှစ်သက်ပါတယ်။


ဘယ်လ်ဂျီယံနည်းပြ ရောဘတ်တို မာတီနက်ဇ် က အသင်းမှာ ဖယ်လာနီ လို ကစားသမားမျိုး ပိုင်ဆိုင်ထားရတာဟာ နည်းပြတိုင်း သဘောကျ နှစ်သက်ကြပါတယ်လို့ သူ ့ရဲ့ ကစားသမားကို ချီးကျူးလိုက်ပါတယ်။

“ Warrior “ စစ်သည်တော် လို ့ဖယ်လာနီ ကို ချီးကျူးလိုက်တဲ့ မာတီနက်ဇ်ဟာ အခုလို ပြောကြားခဲ့ပါတယ်။


" ကျွန်တော် ့အထင် သူဟာ ခင်ဗျား နဲ့ အတူတူတွဲလုပ်ပြီး သဘောကျစေလောက်မယ့် အရာတွေကို ယူဆောင်ပေးတတ်တဲ့ ကစားသမားတစ်ယောက်ပါ။" လို ့ Goal နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ဖယ်လာနီ ဟာ ဂျပန်အသင်းနဲ့ ပွဲမှာ လူစားဝင်ကစားခဲ့ပြီး ဘယ်လ်ဂျီယံ အတွက် နောက်တစ်ဆင့်တက်နိုင်မယ့် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

"သူဟာ နည်းစနစ်ပိုင်းဆိုင်ရာ မှာကျေညက်တဲ့ကစားသမားပါ။ သူဟာ ဘောလုံးအထိန်းအသိမ်းရော၊နည်းစနစ်ပိုင်းဆိုင်ရာ မှာ သူများတွေ ထင်တာထက် အတော်လေးကောင်းမွန်တဲ့ ကစားသမားပါ။"

ယူနိုက်တက်နည်းပြ မော်ရင်ဟိုရဲ့ အချစ်တော်ကစားသမား ဖယ်လာနီဟာ နည်းပြတိုင်းအတွက် နိုင်ပွဲတစ်ချို ့ဖန်တီးဖို ့ ထက်မြက်တဲ့ လက်နက်တစ်ဖွယ်ဖြစ်နေပါပြီ။

ပြီးခဲ့ တဲ့ ၂ပတ်လောက်က မှာ ဖယ်လာနီဟာ ယူနိုက်တက် အသင်း နဲ့ ၂နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နည်းပြကြီး မော်ရင်ဟိုကတော့ အတော်လေးကျေနပ်ပီတိဖြစ်နေတာတွေ ့ရပါတယ်။


" သူဟာ နိုင်ပွဲတွေကို ပြီးပြည့်စုံစေဖို ့မွေးဖွားလာသလိုပါ။" လို ့မာတီနက်ဇ် ကထပ်လောင်းပြောကြားသွားပါတယ်။

၂၀၁၃ ခုနှစ် ယူနိုက်တက် ဂန္တဝင်နည်းပြကြီး ဖာဂူဆန် အနားယူပြီး နောက်အသင်းကို ရောက်ရှိလာတဲ့ ဖယ်လာနီဟာ ယူနိုက်တက်နည်းပြတွေ ဖြစ်ကြတဲ့ ဒေးဗစ်မိုယက်စ်။ လူးဝစ်ဗန်ဟား၊ မော်ရင်ဟို တို ့အားထား နှစ်သက်တဲ့ ကစားသမား တစ်ဦးဖြစ်လို ့နေပါတယ်။


" သူဟာ အောင်နိုင်သူပါ။ သူ ဟာဘောလုံးတစ်လုံးကို ဘယ်နားကနေ အခွင့်အရေး ကောင်းကောင်းရှာနိုင်မလဲ အမြဲတစ်စေ ရှာဖွေနေတဲ့ သူပါ။ သူ ့ဘဝဖြတ်သန်းရတဲ့ အဓိပ္ပာယ်ဟာ သူ ဘောလုံးပွဲမှာ ပြေးလွှားကစားနေတဲ့ အတိုင်းပါပဲ။"

"အသင်းကစားသမား တစ်ယောက်အနေနဲ့ ဆိုရင် သူဟာ ပွဲတစ်ပွဲ ကို ကမ္ဘာကြီး ပြီးဆုံးတော့မယ့်အတိုင်း အသည်းအသန်ကစားတတ်တဲ့ သူပါ။ ဒါတွေဟာ သူ ့ကို " မျိုးနွယ်စုအတွက် တိုက်ခဲ့တဲ့ စစ်သည်တော်" “ Warrior “ တစ်ယောက်ဖြစ်လာစေခဲ့ပါတယ်။မန်နေဂျာတိုင်း ဒီလိုကစားသမားမျိုး အသင်းမှာရှိနေတာ သိပ်ကို သဘောကျကြပါတယ်။" လို ့ချီးကျူးသွားပါတယ်။

ဖယ်လာနီဟာ သူ ့ရဲ့ ဘယ်လ်ဂျီယံ စီနီယာ ကစားသမား ဘဝကို ၂၀၀၇ ကစတင်ခဲ့ တာဖြစ်ပြီး ၈၅ပွဲ ကစားကာ ၁၈ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ ကစားသမား တစ်ဦး ဖြစ်လို ့နေပါတယ်။

No comments

Powered by Blogger.