Header Ads


ကမာၻ ့ေဘာလံုုးအဖြဲ ့ခ်ဳပ္FIFA ရဲ ့တစ္ႏွစ္တာဆုုေပးပြဲအခမ္းအနားအက်ဥ္းခ်ဳပ္




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မေန ့ည ကမာၻ ့ေဘာလံုးအဖြဲ႕ ခ်ဳပ္ FIFA ရဲ႕ ၿပီးခဲ့တဲ့ရာသီတစ္ႏွစ္တာအေကာင္းဆံုးဆုခ်ီးျမႇင့္ေပးအပ္ပြဲအခမ္းအနား က်င္းပခဲ့ပါတယ္။

စုစုေပါင္း ဆု ၉ ခုအထိ ခ်ီးျမႇင့္ခဲ့တာျဖစ္ၿပီး အေကာင္းဆံုးဂိုး ဆု Puskas ဆုကလြဲ၍ ပရိတ္သတ္ေတြ ႀကိဳတင္ခန္႔ မွန္းထားတဲ့ အတိုင္း ဆုမ်ားဟာသူတို ့မွန္းထားတဲ့ ကစားသမားေတြပဲရရွိခဲ့တာျဖစ္ပါတယ္။



FIFA ရဲ႕ ၿပီးခဲ့တဲ့ တစ္ႏွစ္တာအေကာင္းဆံုးဂိုးသမားဆုကို လက္ရွိရီးရဲလ္ဂိုးသမား ေကာ္တြိဳက္စ္ က ရွမိုက္ကယ္၊ဟူဂိုလိုရစ္ တို ့ကို ေက်ာ္ျဖတ္ကာရရွိခဲ့ပါတယ္။ေကာ္တြိဳက္စ္ ဟာၿပီးခဲ့တဲ့ ကမာၻ ့ဖလားၿပိဳင္ပြဲမွာ ဘယ္လ္ဂ်ီယံအသင္းအတြက္ အေရးပါတဲ့ ကာကြယ္မႈေတြျပဳလုပ္ခဲ့ၿပီး ဘယ္လ္ဂ်ီယံအသင္းကို ကမာၻ ့ဖလား ဆီမီးဖိုင္နယ္အထိေရာက္ေအာင္ပို ့ေဆာင္ေပးႏိုင္ခဲ့တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။



FIFA ရဲ႕ အေကာင္းဆံုး နည္းျပဆုကိုေတာ့ ျပင္သစ္အသင္းရဲ႕ နည္းျပ ဒီဒီယာဒစ္ခ်န္႔က ခ႐ိုေအးရွားနည္းျပဒက္လစ္ နဲ႔ ရီးရဲလ္နည္းျပေဟာင္းဇီဒန္းတို ့ကိုေက်ာ္ျဖတ္ကာ ရရွိခဲ့ပါတယ္။ ဒစ္ခ်န္ ့ဟာ အေတြ ့အၾကံဳ ႏုပ်ိဳၿပီး လူငယ္လူရြယ္မ်ားနဲ႔ ဖြဲ႕စည္းထားတဲ့ ျပင္သစ္အသင္းကို ႐ုရွားကမာၻ ့ဖလားခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။



The Best FIFA Fan ဆုကို ေတာ့ ပီ႐ူးပရိတ္သတ္ေတြက ဂ်ပန္ပရိတ္သတ္ နဲ႔ တစ္ကိုယ္ေတာ္ပရိတ္သတ္ေလး Sebastain Carrera တို ့ကိုေက်ာ္ျဖတ္က ရရွိခဲ့ပါတယ္။ ဒီဆုကေတာ့ ပီ႐ူးပရိတ္သတ္ေတြရဲ႕ ႏိုင္ငံအသင္းအေပၚစိတ္အားထက္သန္စြာအားေပးမႈေတြနဲ႔ ခ်စ္ခင္ျမတ္ႏိုးတြယ္တာစြာ မဆုတ္မနစ္ အားေပးမႈေတြေၾကာင့္ရရွိခဲ့တာပဲျဖစ္ပါတယ္။



FIFA ရဲ ့တစ္ႏွစ္တာ အမ်ိဳးသမီး အေကာင္းဆံုးကစားသမား ဆုကို ဘရာဇီးအသင္းေခါင္းေဆာင္မာတာက ရရွိခဲ့ၿပီး နည္းျပဆုကိုေတာ့ လိုင္ယြန္အမ်ိဳးသမီးအသင္းရဲ႕ ျပင္သစ္လူမ်ိဳးနည္းျပ ပတ္ဒ႐ိုက ရရွိခဲ့ပါတယ္။



FIFA ရဲ႕ သန္ ့ရွင္းမွ်တမႈအရွိဆံုး ဆုကို Büyükşehir Belediye Erzurumspor အသင္းရဲ႕ ဂ်ာမန္တိုက္စစ္မွဴး Lennart Thy ကရရွိခဲ့ပါတယ္။



FIFA ရဲ႕ ပြတ္ကပ္စ္ အေကာင္းဆံုးဂိုးဆုကို ဂရတ္ေဘးလ္၊႐ိုနယ္ဒို တို ့ရဲ႕ ေနာက္ျပန္ ဘိုင္စကယ္ကန္ခ်က္မ်ားၾကားမွ ၿပီးခဲ့တဲ့ ရာသီ အဲဗာတန္နဲ႔ ပြဲမွာေနာက္ခံလူ၂ေယာက္ကိုေက်ာ္ျဖတ္ၿပီး ေခါင္းေပၚကေန ေဝ့ဝိုက္သြင္းယူခဲ့တဲ့ လီဗာပူးတိုက္စစ္မွဴး ဆာလာရဲ႕ ဂိုးကရရွိခဲ့ကာ အဆိုပါဂိုး ဆုရရွိတာနဲ႔ပတ္သတ္ၿပီးပရိတ္သတ္ေတြၾကားေဝဖန္မႈေတြ ရွိေနတာကိုေတြ ့ရပါတယ္။

FIFA ရဲ႕ တစ္ႏွစ္တာအေကာင္းဆံုးကစားသမား ၁၁ေယာက္စာရင္းကေတာ့
ဂိုး
ေဒးဗစ္ဒီဂီယာ(ယူႏိုက္တက္+ စပိန္)

ေနာက္တန္း

ဗာရိန္း(ရီးရဲလ္+ျပင္သစ္)
ရာမို႔စ္(ရီးရဲလ္+စပိန္)
မာဆယ္လို(ရီးရဲလ္+ ဘရာဇီး)
အဲလ္ဗက္စ္(PSG+ ဘရာဇီး)

ကြင္းလယ္

ကန္တီ(ခ်ဲလ္ဆီး+ျပင္သစ္)
ဟာဇက္(ခ်ဲလ္ဆီး+ ဘယ္လ္ဂ်ီယံ)
မိုဒရစ္(ရီးရဲလ္+ ခ႐ိုေအးရွား)

ေရွ ့တန္း

႐ိုနယ္ဒို(ရီးရဲလ္+ဂ်ဴဗင္+ေပၚတူဂီ)
မက္ဆီ(ဘာစီလိုနာ+ အာဂ်င္တီးနား)
အမ္ဘာေပး(PSG + ျပင္သစ္)



ဒီ FIFA ရဲ႕ အေကာင္းဆံုး ၁၁ေယာက္လူစာရင္းမွာ လီဗာပူးတိုက္စစ္ကစားသမား ဆာလာေနရာမရခဲ့တာကို အံၾသသင့္ဖြယ္ေတြ ့ျမင္ခဲ့ရပါတယ္။



The Main Title ဆုျဖစ္တဲ့ The FIFA best men’s award ဆုကိုေတာ့ ႐ိုနယ္ဒို၊ဆာဘာတို ့ကိုေက်ာ္ျဖတ္ကာ ရီးရဲလ္နဲ႔ ခ႐ိုေအးရွား ကြင္းလယ္လူ မိုဒရစ္က ရရွိခဲ့ပါတယ္။ မိုဒရစ္ဟာ ၿပီးခဲ့တဲ့ ႐ုရွားကမာၻ ့ဖလားၿပိဳင္ပြဲရဲ႕ အေကာင္းဆံုးကစားဆုကိုရရွိခဲ့ၿပီး ဥေရာပအေကာင္းဆံုးကစားသမားဆု ကို ထပ္မံရရွိခဲ့တာျဖစ္ကာ အခုခ်ိန္မွာေတာ့ ကမာၻ ့အေကာင္းဆံုးကစားသမားဆု ပါ ရရွိခဲ့ၿပီပဲျဖစ္ပါတယ္။

(Unicode)



မနေ့ည ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် FIFA ရဲ့ ပြီးခဲ့တဲ့ရာသီတစ်နှစ်တာအကောင်းဆုံးဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။

စုစုပေါင်း ဆု ၉ ခုအထိ ချီးမြှင့်ခဲ့တာဖြစ်ပြီး အကောင်းဆုံးဂိုး ဆု Puskas ဆုကလွဲ၍ ပရိတ်သတ်တွေ ကြိုတင်ခန့် မှန်းထားတဲ့ အတိုင်း ဆုများဟာသူတို့မှန်းထားတဲ့ ကစားသမားတွေပဲရရှိခဲ့တာဖြစ်ပါတယ်။

FIFA ရဲ့ ပြီးခဲ့တဲ့ တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို လက်ရှိရီးရဲလ်ဂိုးသမား ကော်တွိုက်စ် က ရှမိုက်ကယ်၊ဟူဂိုလိုရစ် တို့ကို ကျော်ဖြတ်ကာရရှိခဲ့ပါတယ်။ကော်တွိုက်စ် ဟာပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်းအတွက် အရေးပါတဲ့ ကာကွယ်မှုတွေပြုလုပ်ခဲ့ပြီး ဘယ်လ်ဂျီယံအသင်းကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အထိရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

FIFA ရဲ့ အကောင်းဆုံး နည်းပြဆုကိုတော့ ပြင်သစ်အသင်းရဲ့ နည်းပြ ဒီဒီယာဒစ်ချန့်က ခရိုအေးရှားနည်းပြဒက်လစ် နဲ့ ရီးရဲလ်နည်းပြဟောင်းဇီဒန်းတို့ကိုကျော်ဖြတ်ကာ ရရှိခဲ့ပါတယ်။ ဒစ်ချန့်ဟာ အတွေ့အကြုံ နုပျိုပြီး လူငယ်လူရွယ်များနဲ့ ဖွဲ့စည်းထားတဲ့ ပြင်သစ်အသင်းကို ရုရှားကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

The Best FIFA Fan ဆုကို တော့ ပီရူးပရိတ်သတ်တွေက ဂျပန်ပရိတ်သတ် နဲ့ တစ်ကိုယ်တော်ပရိတ်သတ်လေး Sebastain Carrera တို့ကိုကျော်ဖြတ်က ရရှိခဲ့ပါတယ်။ ဒီဆုကတော့ ပီရူးပရိတ်သတ်တွေရဲ့ နိုင်ငံအသင်းအပေါ်စိတ်အားထက်သန်စွာအားပေးမှုတွေနဲ့ ချစ်ခင်မြတ်နိုးတွယ်တာစွာ မဆုတ်မနစ် အားပေးမှုတွေကြောင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။

FIFA ရဲ့တစ်နှစ်တာ အမျိုးသမီး အကောင်းဆုံးကစားသမား ဆုကို ဘရာဇီးအသင်းခေါင်းဆောင်မာတာက ရရှိခဲ့ပြီး နည်းပြဆုကိုတော့ လိုင်ယွန်အမျိုးသမီးအသင်းရဲ့ ပြင်သစ်လူမျိုးနည်းပြ ပတ်ဒရိုက ရရှိခဲ့ပါတယ်။

FIFA ရဲ့ သန့်ရှင်းမျှတမှုအရှိဆုံး ဆုကို Büyükşehir Belediye Erzurumspor အသင်းရဲ့ ဂျာမန်တိုက်စစ်မှူး Lennart Thy ကရရှိခဲ့ပါတယ်။

FIFA ရဲ့ ပွတ်ကပ်စ် အကောင်းဆုံးဂိုးဆုကို ဂရတ်ဘေးလ်၊ရိုနယ်ဒို တို့ရဲ့ နောက်ပြန် ဘိုင်စကယ်ကန်ချက်များကြားမှ ပြီးခဲ့တဲ့ ရာသီ အဲဗာတန်နဲ့ ပွဲမှာနောက်ခံလူ၂ယောက်ကိုကျော်ဖြတ်ပြီး ခေါင်းပေါ်ကနေ ဝေ့ဝိုက်သွင်းယူခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး ဆာလာရဲ့ ဂိုးကရရှိခဲ့ကာ အဆိုပါဂိုး ဆုရရှိတာနဲ့ပတ်သတ်ပြီးပရိတ်သတ်တွေကြားဝေဖန်မှုတွေ ရှိနေတာကိုတွေ့ရပါတယ်။

FIFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမား ၁၁ယောက်စာရင်းကတော့
ဂိုး
ဒေးဗစ်ဒီဂီယာ(ယူနိုက်တက်+ စပိန်)

နောက်တန်း

ဗာရိန်း(ရီးရဲလ်+ပြင်သစ်)
ရာမို့စ်(ရီးရဲလ်+စပိန်)
မာဆယ်လို(ရီးရဲလ်+ ဘရာဇီး)
အဲလ်ဗက်စ်(PSG+ ဘရာဇီး)

ကွင်းလယ်

ကန်တီ(ချဲလ်ဆီး+ပြင်သစ်)
ဟာဇက်(ချဲလ်ဆီး+ ဘယ်လ်ဂျီယံ)
မိုဒရစ်(ရီးရဲလ်+ ခရိုအေးရှား)

ရှေ့တန်း

ရိုနယ်ဒို(ရီးရဲလ်+ဂျူဗင်+ပေါ်တူဂီ)
မက်ဆီ(ဘာစီလိုနာ+ အာဂျင်တီးနား)
အမ်ဘာပေး(PSG + ပြင်သစ်)

ဒီ FIFA ရဲ့ အကောင်းဆုံး ၁၁ယောက်လူစာရင်းမှာ လီဗာပူးတိုက်စစ်ကစားသမား ဆာလာနေရာမရခဲ့တာကို အံသြသင့်ဖွယ်တွေ့မြင်ခဲ့ရပါတယ်။

The Main Title ဆုဖြစ်တဲ့ The FIFA best men’s award ဆုကိုတော့ ရိုနယ်ဒို၊ဆာဘာတို့ကိုကျော်ဖြတ်ကာ ရီးရဲလ်နဲ့ ခရိုအေးရှား ကွင်းလယ်လူ မိုဒရစ်က ရရှိခဲ့ပါတယ်။ မိုဒရစ်ဟာ ပြီးခဲ့တဲ့ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားဆုကိုရရှိခဲ့ပြီး ဥရောပအကောင်းဆုံးကစားသမားဆု ကို ထပ်မံရရှိခဲ့တာဖြစ်ကာ အခုချိန်မှာတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ပါ ရရှိခဲ့ပြီပဲဖြစ်ပါတယ်။

No comments

Powered by Blogger.