Header Ads


ချဲလ်ဆီးနဲ့ သဘောတူညီမှုရရှိထားတယ်လို့ သတင်းထွက်နေတဲ့ ဟီဂွာအင်



ဂျုဗင်တပ်အသင်းရဲ့ အဓိကတိုက်စစ်မှုးတစ်ဦးဖြစ်သူ အာဂျင်တီးနားလက်ရွေးစင် ကစားသမား ဂွန်ဇာလိုဟီဂွာအင်ကတော့ ပရီးမီးယားလိဂ်ကို စတင်ခြေချတော့မှာဖြစ်ပြီး သူရဲ့နည်းပြဟောင်းဖြစ်သူ ဆာရီ ကိုင်တွယ်လာနိုင်ဖွယ်ရှိနေတဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွေ့ကစားဖို့ သဘောတူညီမှု ရယူထားတယ်လို့ သတင်းတွေထွက်နေပေါ်လာခဲ့ပါတယ်။ 

ချဲလ်ဆီးအသင်းဟာ လက်ရှိမှာ တခြားသော ပရီးမီးယားလိဂ်ပြိုင်ဘက်တွေနည်းတူ ကစားသမားသစ် အင်အားဖြည့်တင်းမှုတွေကို လုပ်ဆောင်နိုင်သေးခြင်းမရှိပဲ နည်းပြကွန်တီရဲ့နေရာမှာ နာပိုလီနည်းပြ ဆာရီနဲ့ အစားထိုးသွားမယ့်ကိစ္စကိုသာ ဦးစားပေး စီစဉ်နေခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် အခုလက်ရှိမှာတော့ ချဲလ်ဆီးအသင်းဟာ အရည်အသွေးမြင့်မားတဲ့ တိုက်စစ်မှုးကောင်းတစ်ယောက်ဖြစ်တဲ့ ဟီဂွာအင်ကို အသင်းဆီ ခေါ်ယူသွားဖို့ အခြေအနေ အတော်လေးကောင်းနေပြီးအပြောင်းအရွေ့ အပြီးသတ်နိုင်ဖို့အတွက် အသင်းနှစ်သင်းကြား ညှိနှိုင်းဆွေးနွေးဖို့သာ ကျန်ရှိပါတော့တယ်။ 

ထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင်တော့ ချဲလ်ဆီးအသင်းက ဟီဂွာအင်ကို ယူရိုသန်းခြောက်ဆယ်နဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှုရခဲ့တာလို့လည်း သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ မနှစ်က ဘောလုံးရာသီမှာက လပ်စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှုး မိုရာတာရဲ့ ခြေစွမ်းအပေါ် ကြိုက်နှစ်သက်ခြင်းမရှိတာကြောင့် အခုလို ဟီဂွာအင်ကို ကမ်းလှမ်းခဲ့တာလည်းဖြစ်ပါတယ်။ 


အသက် ၃၀အရွယ်ရှိ ဟီဂွာအင်ဟာ ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ရှုံးထွက်အဆင့်မှာ ပြင်သစ်ကို ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ လှည့်ပြန်လာခဲ့ရပြီး အခုလက်ရှိမှာတော့ အနားယူအပန်းဖြေမှုတွေ ပြုလုပ်နေပါတယ်။ 
ဟီဂွာအင်ဟာ သူရဲ့ဘောလုံးသမားဘဝမှာ ပရီးမီးယားလိဂ်ကို တစ်ခါမှ ခြေမချဖူးသေးတာကြောင့် ဒီအပြောင်းအရွေ့က ဖြစ်လာနိုင်ခြေ ရှိနေသလိုပဲ ဂျုဗင်တပ်အသင်းဘက်ကလည်း သူတို့ရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ မိုရာတာကို ချဲလ်ဆီးအသင်းဆီကနေ ပြန်လည်ခေါ်ယူသွားနိုင်ပါတယ်။ ဆက်လက်ပြီး ချဲလ်ဆီးအသင်းအနေနဲ့ ဂျုဗင်တပ်ရဲ့ လူငယ်နောက်ခံကစားသမားလေး ရူဂါနီကိုလည်း ကမ်းလှမ်းသွားဖွယ် ရှိလို့နေတယ်လို့လည်း သိရှိထားရပါတယ်။ 
(Unicode)

ချဲလ်ဆီးနဲ့ သဘောတူညီမုရရိထားတယ်လို့ သတင်းထွက်နေတဲ့ ဟီဂွာအင်



ဂျုဗင်တပ်အသင်းရဲ့ အဓိကတိုက်စစ်မုးတစ်ဦးဖြစ်သူ အာဂျင်တီးနားလက်ရွေးစင် ကစားသမား ဂွန်ဇာလိုဟီဂွာအင်ကတော့ ပရီးမီးယားလိဂ်ကို စတင်ခြေချတော့မာဖြစ်ပြီး သူရဲ့နည်းပြဟောင်းဖြစ်သူ ဆာရီ ကိုင်တွယ်လာနိုင်ဖွယ်ရိနေတဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွေ့ကစားဖို့ သဘောတူညီမ ရယူထားတယ်လို့ သတင်းတွေထွက်နေပေါ်လာခဲ့ပါတယ်။ 

ချဲလ်ဆီးအသင်းဟာ လက်ရိမ တခြားသော ပရီးမီးယားလိဂ်ပြိုင်ဘက်တွေနည်းတူ ကစားသမားသစ် အင်အားဖြည့်တင်းမုတွေကို လုပ်ဆောင်နိုင်သေးခြင်းမရိပဲ နည်းပြကွန်တီရဲ့နေရာမ နာပိုလီနည်းပြ ဆာရီနဲ့ အစားထိုးသွားမယ့်ကိစ္စကိုသာ ဦးစားပေး စီစဉ်နေခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် အခုလက်ရိမာတော့ ချဲလ်ဆီးအသင်းဟာ အရည်အသွေးမြင့်မားတဲ့ တိုက်စစ်မုးကောင်းတစ်ယောက်ဖြစ်တဲ့ ဟီဂွာအင်ကို အသင်းဆီ ခေါ်ယူသွားဖို့ အခြေအနေ အတော်လေးကောင်းနေပြီး အပြောင်းအရွေ့ အပြီးသတ်နိုင်ဖို့အတွက် အသင်းနစ်သင်းကြား ိနိုင်းဆွေးနွေးဖို့သာ ကျန်ရိပါတော့တယ်။ 


ထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင်တော့ ချဲလ်ဆီးအသင်းက ဟီဂွာအင်ကို ယူရိုသန်းခြောက်ဆယ်နဲ့ ခေါ်ယူသွားဖို့ သဘောတူညီမုရခဲ့တာလို့လည်း သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ မနစ်က ဘောလုံးရာသီမာက လပ်စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မုး မိုရာတာရဲ့ ခြေစွမ်းအပေါ် ကြိုက်နစ်သက်ခြင်းမရိတာကြောင့် အခုလို ဟီဂွာအင်ကို ကမ်းလမ်းခဲ့တာလည်းဖြစ်ပါတယ်။ 


အသက် ၃ဝအရွယ်ရ ဟီဂွာအင်ဟာ ၂၀၁၈ခုနစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ုံးထွက်အဆင့်မ ပြင်သစ်ကို ုံးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ ည့်ပြန်လာခဲ့ရပြီး အခုလက်ရိမာတော့ အနားယူအပန်းဖြေမုတွေ ပြုလုပ်နေပါတယ်။ 

ဟီဂွာအင်ဟာ သူရဲ့ဘောလုံးသမားဘဝမ ပရီးမီးယားလိဂ်ကို တစ်ခါမခြေမချဖူးသေးတာကြောင့် ဒီအပြောင်းအရွေ့က ဖြစ်လာနိုင်ခြေ ိနေသလိုပဲ ဂျုဗင်တပ်အသင်းဘက်ကလည်း သူတို့ရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ မိုရာတာကို ချဲလ်ဆီးအသင်းဆီကနေ ပြန်လည်ခေါ်ယူသွားနိုင်ပါတယ်။ ဆက်လက်ပြီး ချဲလ်ဆီးအသင်းအနေနဲ့ ဂျုဗင်တပ်ရဲ့ လူငယ်နောက်ခံကစားသမားလေး ရူဂါနီကိုလည်း ကမ်းလမ်းသွားဖွယ် ိလို့နေတယ်လို့လည်း သိရိထားရပါတယ်။ 

No comments

Powered by Blogger.