"ဂျူဗင်တပ်အသင်းကိုပြောင်းချင်ပါတယ်" -ရော်နယ်ဒို
ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ရော်နယ်လ်ဒိုကဂျူဗင်တပ် အသင်းကိုပြောင်းရွေ့ချင်ကြောင်းGuillem Balagueသတင်းစာနှင့်တွေဆုံစဉ်မှာဖွင့်ပြောလိုက်ပါတယ်။
ဂျူဗင်တပ်အသင်း မန်နေဂျင်းဒါရိုက်တာ မိုရက်တာက
" ရော်နယ်လ်ဒိုနဲ့ပတ်သက်တဲ့ ကျွန်တော်ရဲ့အိမ်မက်တွေအကောင်အထည်ဖော်ပါတော့မယ်။လက်ရှိဘာဆက်ဖြစ်လဲဆိုတာတော့မပြောချင်သေးပါဘူး" လို့Sky Italyကို ပြောကြားသွားပါတယ်။
ရော်နယ်လ်ဒိုနှင့်ရီးရဲလ်မက်ဒရစ်အသင်းတို့က တစ်ယောက်နှင့် တစ်ယောက် ဘာလုပ်သင့်လဲ ဘာရည်ရွယ်လဲဆိုတာ တိတ်တဆိတ် နားလည်နေကြကြောင်း၊မနေ့ညက ယခုအပြောင်းအရွေ့အတွက် အသင်းနှင့်ရော်နယ်လ်ဒို တွေဆုံခဲ့ပြီး အသင်းဖက်ကတော့ အကယ်၍ ဆန္ဒရှိတယ်ဆိုရင်သွားခွင့်ပြုမည်ဖြစ်ကြောင်း ယခုအပြောင်းအရွေကို သူရဲ့ဆန္ဒအတိုင်းပြုလုပ်မည်ဖြစ်ကြောင်း Balague သတင်းစာက ဖော်ပြထားပါတယ်။
ဘောလုံးသုတေသီနှင့်ဝေဖန်ရေးဆရာတစ်ဦးဖြစ်တဲ့Mo Razaက သူ ့အမြင်ကိုပြောကြားသွားပါတယ်။
"လက်ရှိအခြေအနေကတော့ရီးရဲလ်မက်ဒရစ်အသင်းကစျေးကိုင်ဖို့ရှိတဲ့အခြေအနေတစ်ခုပါပဲ။ရွှေဘောလုံး၅ဆုရှင်ရော်နယ်လ်ဒိုရဲ့အပြောင်းအရွေ့က တစ်ကမ္ဘာလုံးကစိတ်ဝင်စားနေကြပြီး ဘယ်လိုရှေ့ဆက်ဖြစ်မလဲဆိုတာ ခန့်မှန်းဖို့ကျွန်တော်ရဲ့အတွေ့အကြုံအရဆိုရင်ရော်နယ်လ်ဒိုရောက်ဖို့ရဝရာခိုင်နှုန်းသေချာပါတယ်။အဲဒါကလည်းရော်နယ်လ်ဒိုရဲ့ဆန္ဒကြောင့်သေချာနေတာလို့" သုံးသပ်သွားပါတယ်။
ပရိသတ်တို့ရဲ့အမြင်ကရော....?
Post a Comment