(Unicode)
လူကာကူနဲ့ ယှဉ်ကစားရတာကလေးနဲ့ လူကြီးကစားနေကြသလိုပါပဲ။
မနေ ့ညက ဘရာဇီး အသင်းကို ၂-၁ ဖြင့်အနိုင်ရခဲ့တဲ့ ပွဲမှာ ဘယ်လ်ဂျီယံအသင်းအတွက်ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ လူကာကူနဲ့ ပတ်သတ်ပြီး BBC အားကစားဝေဖန်ရေးအဖြစ်ဆောင်ရွက်နေတဲ့ ယူနိုက်တက်ကစားသမားဟောင်းကြီးဖာဒီနန် က အခုလို မှတ်ချက်ပေးပြောကြားသွားပါတယ်။
" သူ ကစားနေတာကို ကြည့်ရတာ ကျောင်းမှာ ကစားတဲ့ ကလေးဘောလုံးပွဲတွေ ကို ပြေးမြင်ယောင်မိပါတယ်။ တစ်ဖက် က ၁၁ နှစ်အရွယ် ကလေးငယ်တွေနဲ့ တစ်ဖက်က ၁၆ နှစ်အရွယ် လူကြီးတွေ နဲ့ ကစားနေကြသလိုပါပဲ။ လူကာကူ ဟာ အရမ်းကို သန်မာ လွန်းပြီး လူတိုင်းအတွက် သူနဲ့ ယှဉ်ကစားဖို ့သူခန္တာကိုယ်က အရမ်းကို ကြီးမားလွန်းနေပါတယ်။"
ဒီဘရိုင်းရဲ့ ဒုတိယ ဦးဆောင်ဂိုးကို ဖန်တီးပေးခဲ့တဲ့ လူကာကူဟာ ကွင်းလယ်ကနေ အင်အားအပြည့်ဖြင့် ဘောလုံးကို ဆွဲပြေးယူလာခဲ့တာဖြစ်ပြီး ဘရာဇီးကွင်းလယ်လူ တွေ ဖြစ်တဲ့ ပေါ်လင်ဟို၊ ဖာနန်ဒင်ဟို တို့ဟာ လူကာကူ ကို ဟန့်တားဖို ့ လူကောင်သေးလိန်နေပြီး အင်အားလည်း လူကာကူလောက်မရှိခဲ့တာကို တွေ ့ရပါတယ်။
" သူဟာ ပါဝင်ကစားဖို ့တောင်မသင့်တော်တဲ့လူပါ။" လို ့ဖာဒီနန်က မှတ်ချက်ပြု ချီးကျူးခဲ့ပါတယ်။
ဖာဒီနန် နဲ့ အတူ တင်ဆက်နေတဲ့ အင်္ဂလန်ကစားသမားဟောင်း အလန်ရှီးယားက လည်း မန်ချက်စတာယူနိုက်တက်ရဲ့ အထောင်တိုက်စစ်မှူး လူကာကူအပေါ် အခုလို မှတ်ချက်ပေးသွားပြန်ပါတယ်။
" ကျွန်တော်သူ ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး အရမ်းကို ကျေနပ်ပါတယ်။ပါဝါ၊ အရွေ ့၊ ဘောလုံးအတို ့၊သန်မာမှု၊ နည်းစနစ် ပိုင်း အားလုံးပြည့်စုံတဲ့ တိုက်စစ်မှူး တစ်ယောက်ပါ။ အဲ့ဒါတွေ ကြောင့် သူဟာ အထောင်တိုက်စစ်မှူးနေရာမှာ တော်တော်လေးကောင်းမွန်လာတဲ့ ကစားသမားဖြစ်ခဲ့ပါပြီ။"
"လူကာကူ ရဲ့ အကောင်းဆုံး ပထမပိုင်း ၄၅ မိနစ်အချိန်ကိုကျွန်တော်တို ့ မြင်တွေ ့ခဲ့ရပါတယ်။ သူ ့ကို ဟန့်တားဖို ့ဆိုတာတော်တော်လေးခက်ခဲပါတယ်။ ဘာလို ့လဲဆိုတော့ သူဟာ လူကောင်ကြီးမားပြီး အရမ်းကို သန်မာနေလွန်းလို ့ပါ။"
"မင်းအရှေ ့တစ်ကိုက်အကွာလောက်မှာရှိနေတဲ့ သူဟာ ဘောလုံးရသွားပြီး ဆို မင်းဖျက်ထုတ်ဖို ့မလွယ်တော့ပါဘူး။သူဟာ သန်မာပြီး မြန်ဆန်လွန်းနေပါတယ်။သူ ့ရဲ့ တစ်ကိုယ်ကောင်း မဆန်တဲ့ စိတ်ဓာတ်ကြောင့် အသင်းဖော်တွေ ဖြစ်တဲ့ ဒီဘရိုင်း၊ဟာဇက်တို ့ဟာ နေရာလွတ်တွေ များများ ရှာဖွေနိုင်ခဲ့ပြီး ဘယ်လ်ဂျီယံအသင်းကို နိုင်ပွဲဆက်စေခဲ့တာ အမှန်ပါပဲ။" လို ့ပြောကြားသွားပါတယ်။
ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူ ဟာ လက်ရှိကမ္ဘာ ့ဖလားပြိုင်ပွဲမှာ ၄ဂိုးသွင်းယူထားပြီး ၆ ဂိုးသွင်းယူထားတဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းနောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
Post a Comment