ေနမာပါတဲ့ဘရာဇီးအသင္းဒီထက္ပိုေကာင္းလိမ့္မယ္လို ့ထင္ထားတာပါ။-မူနီယာ
ဘယ္လ္ဂ်ီယံ ေနာက္ခံလူ မူနီယာ က သူ ့ရဲ႕ PSG အသင္းေဖာ္ေနမာ ပါဝင္တဲ့ ဘရာဇီး အသင္း ကို ဒီထက္မက ခက္ခက္ခဲခဲကစားရလိမ့္မယ္လို ့ေမွ်ာ္မွန္းထားခဲ့တာျဖစ္ေၾကာင္း ပြဲအၿပီး အင္တာဗ်ဴးမွာ ေျပာၾကားသြားပါတယ္။
ဖာနန္ဒင္ဟို ရဲ႕ လက္ေဆာင္ဂိုးနဲ႔ အတူ ဒီဘ႐ိုင္းရဲ႕ လွပတိက်တဲ့ ကန္ခ်က္နဲ႔ ဘယ္လ္ဂ်ီယံ အသင္းဟာ ပထမပိုင္းမွာ ၂-၀ ျဖင့္ ဦးေဆာင္ထားခဲ့ေသာ္လည္း ဒုတိယပိုင္းမွာ ေအာဂတ္စ္စတို ဟာေခ်ပဂိုး ျပန္လည္သြင္းယူသြားခဲ့ပါတယ္။ဒါပင္မယ့္လည္း ပြဲအၿပီးမွာ ၂-၁ ျဖင့္ ဘယ္လ္ဂ်ီယံ တို ့ေနာက္တစ္ဆင့္တက္သြားခဲ့ပါတယ္။
" ကၽြန္ေတာ္ဒီလို ျဖစ္လာလိမ့္မယ္လို ့မေမွ်ာ္မွန္းခဲ့ပါဘူး။ဒီထက္ပိုၿပီး ခက္ခဲလိမ့္မယ္လို ့ထင္ခဲ့တာပါ။ကၽြန္ေတာ္တို ့အားလံုး ေသေသခ်ာခ်ာ စုစည္းမႈအျပည့္နဲ႔ ရွိခဲ့တာပါ။"
"ပြဲအတြင္းမွာ ဖယ္လာနီ ဆီကေရာ ၊အန္ဒါလ္ဝီးယာဒ္ ဆီကပါ အကူအညီရရွိခဲ့ပါတယ္။ ကၽြန္ေတာ္တို ့ဟာေနမာ၊ ေကာ္တင္ဟို၊ မာဆယ္လို တို႔ကို ထိန္းခ်ဳပ္ဖို ့အာရံုစိုက္ထားၾကပါတယ္။ကၽြန္ေတာ္တို ့တကယ့္ကို အံမခန္း အလုပ္ကို လုပ္ေဆာင္ႏိုင္ခဲ့ၾကပါတယ္။ကၽြန္ေတာ္ တို ့ခံစစ္ကစားပံုနဲ႔ ပတ္သတ္ၿပီး ကိုယ့္ကိုယ္ကို ခ်ီးက်ဴးသင့္တယ္လို ့ကၽြန္ေတာ္တို ့ထင္ပါတယ္။"
"ကၽြန္ေတာ္ ေဘာလံုးကို မထိရတဲ့ အခ်ိန္မွာဆို ကိုယ့္ကိုယ္ကို အားမရျဖစ္ေနခဲ့ပါတယ္။ ဒါပင္မယ့္ အသင္းအတြက္ အနစ္နာခံမႈတစ္ခ်ိဳ ့ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ ကၽြန္ေတာ္တို ့ႏိုင္သြားတဲ့ အတြက္ အရမ္းေပ်ာ္ပါတယ္။"
ဘယ္လ္ဂ်ီယံ အသင္းဟာ ေနာက္တစ္ဆင့္ ဆီမီးဖိုင္နယ္ပြဲမွာ ျပင္သစ္အသင္းနဲ႔ ေတြ ့ဆံုေနတာျဖစ္ၿပီး မူနီယာ ကေတာ့ ၂ပြဲဆက္ အဝါကဒ္ ျပသျခင္းခံခဲ့ရတာေၾကာင့္ ျပင္သစ္အသင္းနဲ႔ ပြဲကို လြဲေခ်ာ္သြားမွာပဲျဖစ္ပါတယ္။
ဘယ္လ္ဂ်ီယံေနာက္ခံလူ ဗာတြန္ဂန္က လည္း ဒစ္ခ်န္႔ရဲ႕ ျပင္သစ္အသင္းဟာ ဘရာဇီးအသင္းထက္ပိုမိုခက္ခဲတဲ့ စမ္းသပ္မႈကို ေပးလိမ့္မယ္လို ့ေျပာၾကားလိုက္ပါတယ္။
" ကၽြန္ေတာ့္အထင္ ျပင္သစ္အသင္းဟာ ဘရာဇီး အသင္းထက္ ပိုမို ၿပီးျပည့္စံုတယ့္ အသင္းလို ့ထင္ပါတယ္။"
"သူတို ့အသင္းကို ျဖဳတ္ခ်ဖို ့ဆိုတာ သိပ္ေတာ့မလြယ္ကူေလာက္ပါဘူး။" လို ့ေျပာၾကားသြားပါတယ္။
ျပင္သစ္ အသင္း နဲ႔ ဘယ္လ္ဂ်ီယံ အသင္းတို ့ရဲ႕ ဆီမီးဖိုင္နယ္ပြဲကို ဂ်ဴလိုင္လ ၁၀ ရက္ေန ့မွာ ယွဥ္ၿပိဳင္ကစားရမွာပဲျဖစ္ပါတယ္။
(Unicode)
နေမာပါတဲ့ဘရာဇီးအသင်းဒီထက်ပိုကောင်းလိမ့်မယ်လို ့ထင်ထားတာပါ။
ဘယ်လ်ဂျီယံ နောက်ခံလူ မူနီယာ က သူ ့ရဲ့ PSG အသင်းဖော်နေမာ ပါဝင်တဲ့ ဘရာဇီး အသင်း ကို ဒီထက်မက ခက်ခက်ခဲခဲကစားရလိမ့်မယ်လို ့မျှော်မှန်းထားခဲ့တာဖြစ်ကြောင်း ပွဲအပြီး အင်တာဗျူးမှာ ပြောကြားသွားပါတယ်။
ဖာနန်ဒင်ဟို ရဲ့ လက်ဆောင်ဂိုးနဲ့ အတူ ဒီဘရိုင်းရဲ့ လှပတိကျတဲ့ ကန်ချက်နဲ့ ဘယ်လ်ဂျီယံ အသင်းဟာ ပထမပိုင်းမှာ ၂-၀ ဖြင့် ဦးဆောင်ထားခဲ့သော်လည်း ဒုတိယပိုင်းမှာ အောဂတ်စ်စတို ဟာချေပဂိုး ပြန်လည်သွင်းယူသွားခဲ့ပါတယ်။ဒါပင်မယ့်လည်း ပွဲအပြီးမှာ ၂-၁ ဖြင့် ဘယ်လ်ဂျီယံ တို ့နောက်တစ်ဆင့်တက်သွားခဲ့ပါတယ်။
" ကျွန်တော်ဒီလို ဖြစ်လာလိမ့်မယ်လို ့မမျှော်မှန်းခဲ့ပါဘူး။ဒီထက်ပိုပြီး ခက်ခဲလိမ့်မယ်လို ့ထင်ခဲ့တာပါ။ကျွန်တော်တို ့အားလုံး သေသေချာချာ စုစည်းမှုအပြည့်နဲ့ ရှိခဲ့တာပါ။"
"ပွဲအတွင်းမှာ ဖယ်လာနီ ဆီကရော ၊အန်ဒါလ်ဝီးယာဒ် ဆီကပါ အကူအညီရရှိခဲ့ပါတယ်။ ကျွန်တော်တို ့ဟာနေမာ၊ ကော်တင်ဟို၊ မာဆယ်လို တို့ကို ထိန်းချုပ်ဖို ့အာရုံစိုက်ထားကြပါတယ်။ကျွန်တော်တို ့တကယ့်ကို အံမခန်း အလုပ်ကို လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ကျွန်တော် တို ့ခံစစ်ကစားပုံနဲ့ ပတ်သတ်ပြီး ကိုယ့်ကိုယ်ကို ချီးကျူးသင့်တယ်လို ့ကျွန်တော်တို ့ထင်ပါတယ်။"
"ကျွန်တော် ဘောလုံးကို မထိရတဲ့ အချိန်မှာဆို ကိုယ့်ကိုယ်ကို အားမရဖြစ်နေခဲ့ပါတယ်။ ဒါပင်မယ့် အသင်းအတွက် အနစ်နာခံမှုတစ်ချို ့ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို ့နိုင်သွားတဲ့ အတွက် အရမ်းပျော်ပါတယ်။"
ဘယ်လ်ဂျီယံ အသင်းဟာ နောက်တစ်ဆင့် ဆီမီးဖိုင်နယ်ပွဲမှာ ပြင်သစ်အသင်းနဲ့ တွေ ့ဆုံနေတာဖြစ်ပြီး မူနီယာ ကတော့ ၂ပွဲဆက် အဝါကဒ် ပြသခြင်းခံခဲ့ရတာကြောင့် ပြင်သစ်အသင်းနဲ့ ပွဲကို လွဲချော်သွားမှာပဲဖြစ်ပါတယ်။
ဘယ်လ်ဂျီယံနောက်ခံလူ ဗာတွန်ဂန်က လည်း ဒစ်ချန့်ရဲ့ ပြင်သစ်အသင်းဟာ ဘရာဇီးအသင်းထက်ပိုမိုခက်ခဲတဲ့ စမ်းသပ်မှုကို ပေးလိမ့်မယ်လို ့ပြောကြားလိုက်ပါတယ်။
" ကျွန်တော့်အထင် ပြင်သစ်အသင်းဟာ ဘရာဇီး အသင်းထက် ပိုမို ပြီးပြည့်စုံတယ့် အသင်းလို ့ထင်ပါတယ်။"
"သူတို ့အသင်းကို ဖြုတ်ချဖို ့ဆိုတာ သိပ်တော့မလွယ်ကူလောက်ပါဘူး။" လို ့ပြောကြားသွားပါတယ်။
ပြင်သစ် အသင်း နဲ့ ဘယ်လ်ဂျီယံ အသင်းတို ့ရဲ့ ဆီမီးဖိုင်နယ်ပွဲကို ဂျူလိုင်လ ၁၀ ရက်နေ ့မှာ ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။
Post a Comment