လို့ အဆိုပါ Love Island ပရိုဂရမ်မှာ တင် လော့ဖ်တက်ချိခ် ကို မက်ဆေ့ခ်ျ ပေးပို့ ခဲ့ပါတယ်။
#TheSun
#FridayFlavors
ဂျက်ဆီလင်ဂတ်သူ ့ကို ကြွေဆင်းခဲ့ဖူးတယ်လို ့ဝန်ခံလိုက်တဲ့ အမ်ဘာ
Love Island အစီအစဉ်ရဲ့ ပါဝင်ယှဉ်ပြိုင်သူဖြစ်ကြတဲ့ အကမယ်ဟောင်း အမ်ဘာဒေးဗီးစ် က သူ ့အပေါ် အင်္ဂလန် ကစားသမား ဂျက်ဆီလင်ဂတ်ဟာ ကြွေဆင်းခဲ့ဖူးကြောင်း ပြောကြားခဲ့ပြီး သူ နဲ့ မက်ဆေ့ချ်တွေ လျှို ့ဝှက်စွာ ပေးပို ့ခဲ့ဖူးကြောင်း ပြောကြားလိုက်ပါတယ်။
Love Island ရဲ့ မနက်ခင်းရှိုးပွဲမှာ ဘောလုံးခေါင်စဉ်ပိုင်း ကို ပြောင်းသွားတဲ့ အချိန်မှာတော့ အစီအစဉ်တင်ဆက်သူတွေ ဖြစ်တဲ့ အမ်ဘာနဲ့ အိုလီဗာတို ့ရဲ့ နောက်ဘက် မှာ ရှိတဲ့ TV ပေါ်မှာ လင်ဂတ်ရဲ့ ဓာတ်ပုံကို မေးမြန်သူ ရိုမန်ကရုတ်တရက် လှမ်းတင်လိုက်ပါတယ်။
လင်ဂတ်ရဲ့ ဓာတ်ပုံကို တွေ ့လိုက်တဲ့ အမ်ဘာ ဟာ ရုတ်တရက်ရှက်သွားခဲ့တဲ့ မျက်နှာ အမူအရာကို ရိုမန်က တွေ ့လိုက်ပြီး မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။
" အမ်ဘာရေ ခင်ဗျားမျက်နှာကို ကျွန်တော်တွေ ့လိုက်တယ်။ ဘယ်လိုလဲ?? လင်ဂတ်က ခင်ဗျားကို ကြွေဆင်းခဲ့ဖူးသေးလား။ သူခင်ဗျား ကို မက်ဆေ့ချ်တွေ ဘာတွေ ပို ့ဖူးသေးလား?
အမ်ဘာဟာ ရိုမန်ရဲ့ မေးခွန်းတွေ အပေါ်မငြင်းဆန်ခဲ့ပါဘူး။
အမ်ဘာရဲ့ တွဲဖက်ဖြစ်တဲ့ အိုလီဗာက " သူ့မှာကောင်မလေးရှိလား မရှိလား မသိပါဘူး။ဒီကိစ္စ နဲ့ ပတ်သတ်ပြီး သူ ့ကောင်မလေး ကစိတ်ဆိုးသွားနိုင်ပြီး အင်္ဂလန်ကမ္ဘာ ့ဖလားပြိုင်ပွဲအတွက် အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ပြီးရင် ကျွန်မတို ့အပေါ် အပြစ်တွေ ပုံချလိမ့်မယ်" လို ့ဝင်ပြောလိုက်ပါတယ်။
ဒါပင်မယ့် လင်ဂတ်ရဲ့ အင်္ဂလန်အသင်းဖော် လော့ဖ်တက်ချိခ် ကိုတော့ စိတ်ဝင်စားကြောင်း အမ်ဘာက ဝန်ခံလိုက်ပါတယ်။
" ကိန်းဟာ ရှင့်ဆီက ဂိုးတွေကို ခိုးယူခဲ့တယ်။ရှင် ကတော့ ကျွန်မာ့ ရဲ့ နှလုံးသား ကို ခိုးယူခဲ့ပြီးပါပြီး။”
လို ့အဆိုပါ Love Island ပရိုဂရမ်မှာ တင် လော့ဖ်တက်ချိခ် ကို မက်ဆေ့ချ် ပေးပို ့ခဲ့ပါတယ်။
နောက်ပြီး အမ်ဘာ က လော့ဖ်တက်ချ် ဟာ အပြစ်ကင်းပြီး ချစ်စရာကောင်းတယ် လို ့တင်စားခဲ့ပါသေးတယ်။
#TheSun
#FridayFlavors
Post a Comment