ကာဗာနီကြာတားပြဲအမွီျပန္သက္သာလာဖို ့အခ်ိန္မမွီေလာက္ဘူးနဲ႔တူပါတယ္။
ဥ႐ုေဂြး အသင္းရဲ႕ တိုက္စစ္မႉး ကာဗာနီဟာ မေန ့ညက ေပၚတူဂီအသင္းကို ၂-၁ ျဖင့္ အႏိုင္ရခဲ့တဲ့ပြဲမွာ ပြဲခ်ိန္ ၇၆ မိနစ္ ေလာက္က ဒဏ္ရာရရွိခဲ့ျပီး ဆန္းခ်က္စ္နဲ႔ လူစားလဲခဲ့ရပါတယ္။
ေပၚတူဂီ နဲ႔ ပြဲမွာ တိက်တဲ့ ေခါင္းတိုက္သြင္းဂိုး နဲ႔ လွပေသခ်ာတဲ့ သြင္းဂိုး ေတြကို သြင္းယူခဲ့တဲ့ ကာဗာနီ ဟာ ဥ႐ုေဂြး အသင္းမွာ တိုက္စစ္မွဴး ဆြာရက္ဇ္ နဲ႔ တြဲဖက္ညီညီ ကစားထားႏိုင္တာပဲျဖစ္ပါတယ္။
ဥ႐ုေဂြး နည္းျပ ေအာစကာတာဘာရက္ဇ္က
" သူေျခသလံုးႂကြက္သားဒဏ္ရာ ရသြားတာေနမွာပါ။ သူေတာ္ေတာ္ေလး နာက်င္သြားမွန္း သိသာပါတယ္။"
"ကၽြန္ေတာ္အခုေတာ့ ဒဏ္ရာ အတိမ္အနက္ကို မသိရေသးပါဘူး။ ဘာလို ့လဲဆိုေတာ့ ကၽြန္ေတာ္ေဆးအဖြဲ႕ နဲ႔ စကားမေျပာရေသးလို ့ပါ။"
"လာမယ့္ ၅ရက္အတြင္း ကြာတားပြဲ ကန္ရမွာပါ။ ဒီအဆင့္ေတြမွာ ကာဗာနီအတြက္ဒဏ္ရာကေန ျပန္လည္သက္သာ လံုေလာက္တဲ့ အခ်ိန္ ကၽြန္ေတာ္တို ့မွာ မရွိပါဘူး။" လို ့ေျပာၾကားသြားပါတယ္။
ကာဗာနီ ဟာ သူ ့ရဲ႕ လွပတဲ့ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္ ဒဏ္ရာ ရရွိသြားခဲ့တာပဲျဖစ္ပါတယ္။
" ကၽြန္ေတာ္တို ့ေဆးစစ္တမ္းကို ေသခ်ာ ၾကည့္ၿပီး သူ ့ကို အခ်ိန္မွီ ကုသသြားမွာပါ။ အခု ေလာဆယ္ေတာ့ သူ ့အတြက္ အရမ္းကို စိုးရိမ္ေနပါတယ္။ဒီဒဏ္ရာ ကဘယ္ေလာက္ထိ စိုးရိမ္စရာေကာင္းလည္း ကၽြန္ေတာ္တို ့မသိေသးပါဘူး" လို ့ပြဲအၿပီးမွာေျပာၾကားသြားပါတယ္။
ကာဗာနီ ကြင္းအတြင္းမွာ ဒဏ္ရာရသြားတဲ့အတြက္ ေပၚတူဂီ အသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုက သူ ့ကို ေဘးကေန ထမ္းထိန္းၿပီး ကြင္းျပင္ကို ပိုေဆာင္ေပးခဲ့ပါေသးတယ္။
#Mailonline
#FridayFlavors
ကာဗာနီကွာတားပွဲအမှီပြန်သက်သာလာဖို ့အချိန်မမှီလောက်ဘူးနဲ့တူပါတယ်။
ဥရုဂွေး အသင်းရဲ့ တိုက်စစ်မှူး ကာဗာနီဟာ မနေ ့ညက ပေါ်တူဂီအသင်းကို ၂-၁ ဖြင့် အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲချိန် ၇၆ မိနစ် လောက်က ဒဏ်ရာရရှိခဲ့ပြီး ဆန်းချက်စ်နဲ့ လူစားလဲခဲ့ရပါတယ်။
ပေါ်တူဂီ နဲ့ ပွဲမှာ တိကျတဲ့ ခေါင်းတိုက်သွင်းဂိုး နဲ့ လှပသေချာတဲ့ သွင်းဂိုး တွေကို သွင်းယူခဲ့တဲ့ ကာဗာနီ ဟာ ဥရုဂွေး အသင်းမှာ တိုက်စစ်မှူး ဆွာရက်ဇ် နဲ့ တွဲဖက်ညီညီ ကစားထားနိုင်တာပဲဖြစ်ပါတယ်။
ဥရုဂွေး နည်းပြ အောစကာတာဘာရက်ဇ်က
" သူခြေသလုံးကြွက်သားဒဏ်ရာ ရသွားတာနေမှာပါ။ သူတော်တော်လေး နာကျင်သွားမှန်း သိသာပါတယ်။"
"ကျွန်တော်အခုတော့ ဒဏ်ရာ အတိမ်အနက်ကို မသိရသေးပါဘူး။ ဘာလို ့လဲဆိုတော့ ကျွန်တော်ဆေးအဖွဲ့ နဲ့ စကားမပြောရသေးလို ့ပါ။"
"လာမယ့် ၅ရက်အတွင်း ကွာတားပွဲ ကန်ရမှာပါ။ ဒီအဆင့်တွေမှာ ကာဗာနီအတွက်ဒဏ်ရာကနေ ပြန်လည်သက်သာ လုံလောက်တဲ့ အချိန် ကျွန်တော်တို ့မှာ မရှိပါဘူး။" လို ့ပြောကြားသွားပါတယ်။
ကာဗာနီ ဟာ သူ ့ရဲ့ လှပတဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ဒဏ်ရာ ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။
" ကျွန်တော်တို ့ဆေးစစ်တမ်းကို သေချာ ကြည့်ပြီး သူ ့ကို အချိန်မှီ ကုသသွားမှာပါ။ အခု လောဆယ်တော့ သူ ့အတွက် အရမ်းကို စိုးရိမ်နေပါတယ်။ဒီဒဏ်ရာ ကဘယ်လောက်ထိ စိုးရိမ်စရာကောင်းလည်း ကျွန်တော်တို ့မသိသေးပါဘူး" လို ့ပွဲအပြီးမှာပြောကြားသွားပါတယ်။
ကာဗာနီ ကွင်းအတွင်းမှာ ဒဏ်ရာရသွားတဲ့အတွက် ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုက သူ ့ကို ဘေးကနေ ထမ်းထိန်းပြီး ကွင်းပြင်ကို ပိုဆောင်ပေးခဲ့ပါသေးတယ်။
#Mailonline
#FridayFlavors
Post a Comment