ဂိုဒင္ ကို ၃ႏွစ္စာခ်ဳပ္ျဖင့္ ကမ္းလွမ္းခဲ့တဲ့ ဂ်ဴဗင္တပ္စ္
ဂ်ဴဗင္တပ္စ္ အသင္းဟာ အသက္ ၃၂ ႏွစ္အရြယ္ ဥ႐ုေဂြးသား အက္တလက္တီကို မက္ဒရစ္ေနာက္ခံလူ ဂိုဒင္ ကို ကမ္းလွမ္းခဲ့တယ္လို ့ AS သတင္းဌာန ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
အက္တလက္တီကို အသင္းရဲ႕ အဓိက ေနာက္တန္းကစားသမားျဖစ္တဲ့ ဂိုဒင္ ဟာ မႏွစ္ရာသီက လာလီဂါ ၿပိဳင္ပြဲရဲ႕ အေကာင္းဆံုးလူစာရင္း ၁၁ေယာက္မွာ ပါဝင္ခဲ့ၿပီး ဥ႐ုေဂြး အသင္းနဲ႔ ၂၀၁၈ ကမာၻ ့ဖလားၿပိဳင္ပြဲမွာ လည္းေျခစြမ္းျပကစားႏိုင္ခဲ့သူ တစ္ဦးျဖစ္ခဲ့ပါတယ္။
ဂိုဒင္ဟာ အက္တလက္တီကို အသင္းမွာ၂၀၁၉ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းသာ က်န္ရွိေတာ့သာ ျဖစ္ၿပီး သူ ့ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးမွာ ေပါင္ သန္း ၂၀ ရွိေနပါတယ္။
Old Lady အသင္းဟာ အဆိုပါ ဝါရင့္ေနာက္ခံလူကို ၃ႏွစ္စာခ်ဳပ္ျဖင့္ ေပါင္ ၁၈ သန္း ကမ္းလွမ္းခဲ့တယ္လို ့အီတလီ သတင္းေထာက္မ်ားက ဆိုထားပါတယ္။
ဂိုဒင္ဟာ အက္တလက္တီကို နည္းျပ ဆီႁမြန္နီ ရဲ႕ အားထားရတဲ့ အသင္းေခါင္းေဆာင္တစ္ဦးျဖစ္လို ့ေနပါတယ္။ဒါပင္မယ့္ သူ ့ရဲ႕ အသက္အရြယ္ႀကီးျမင့္လာမႈေၾကာင့္ အက္တလက္တီကို အသင္းဟာသူ ့ရဲ႕ ေျခစြမ္းမက် ခင္ ေရာင္းထုတ္ဖို ့စဥ္းစားေနတယ္လို ့လည္းသိရပါတယ္။
(Unicode)
ဂျူဗင်တပ်စ် အသင်းဟာ အသက် ၃၂ နှစ်အရွယ် ဥရုဂွေးသား အက်တလက်တီကို မက်ဒရစ်နောက်ခံလူ ဂိုဒင် ကို ကမ်းလှမ်းခဲ့တယ်လို ့ AS သတင်းဌာန ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အက်တလက်တီကို အသင်းရဲ့ အဓိက နောက်တန်းကစားသမားဖြစ်တဲ့ ဂိုဒင် ဟာ မနှစ်ရာသီက လာလီဂါ ပြိုင်ပွဲရဲ့ အကောင်းဆုံးလူစာရင်း ၁၁ယောက်မှာ ပါဝင်ခဲ့ပြီး ဥရုဂွေး အသင်းနဲ့ ၂၀၁၈ ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ လည်းခြေစွမ်းပြကစားနိုင်ခဲ့သူ တစ်ဦးဖြစ်ခဲ့ပါတယ်။
ဂိုဒင်ဟာ အက်တလက်တီကို အသင်းမှာ၂၀၁၉ ခုနှစ်အထိ စာချုပ်သက်တမ်းသာ ကျန်ရှိတော့သာ ဖြစ်ပြီး သူ ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးမှာ ပေါင် သန်း ၂၀ ရှိနေပါတယ်။
Old Lady အသင်းဟာ အဆိုပါ ဝါရင့်နောက်ခံလူကို ၃နှစ်စာချုပ်ဖြင့် ပေါင် ၁၈ သန်း ကမ်းလှမ်းခဲ့တယ်လို ့အီတလီ သတင်းထောက်များက ဆိုထားပါတယ်။
ဂိုဒင်ဟာ အက်တလက်တီကို နည်းပြ ဆီမြွန်နီ ရဲ့ အားထားရတဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်လို ့နေပါတယ်။ဒါပင်မယ့် သူ ့ရဲ့ အသက်အရွယ်ကြီးမြင့်လာမှုကြောင့် အက်တလက်တီကို အသင်းဟာသူ ့ရဲ့ ခြေစွမ်းမကျ ခင် ရောင်းထုတ်ဖို ့စဉ်းစားနေတယ်လို ့လည်းသိရပါတယ်။





Post a Comment