ကော်တိုရစ်ကို ကမ်းလှမ်းခဲ့တဲ့ရီးရဲလ်မက်ဒရစ်
(Unicode)
စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘယ်လ်ဂျီယံအသင်းကို တတိယနေရာရအောင် အဓိက စွမ်းဆောင်ပေးခဲ့တဲ့ ချဲလ်ဆီးဂိုးသမား ကော်တိုရစ်ကို ယူရို ၃၅ သန်းဖြင့်ကမ်းလှမ်းဖို ့စီစဉ်နေပြီဖြစ်ကြောင်းMarca ရဲ့ ဖော်ပြချက်အရသိရပါတယ်။
ကော်တီရစ် ဟာ ချဲလ်ဆီး အသင်းမှာ ၁နှစ်စာချုပ်သက်တမ်းသာ ကျန်ရှိတော့သာဖြစ်ပြီး အင်္ဂလန် ကလပ်နဲ့ စာချုပ်သက်တမ်း ထပ်မတိုးဖို ့ဆုံးဖြတ်ထားကြောင်းသိရပါတယ်။
ဘယ်လ်ဂျီယံ ကလာတဲ့ သတင်းများအရ ကော်တိုရစ်ဟာဘာနေဗျူ ကိုသွားဖို ့သေချာနေကြောင်းနဲ့ တစ်နှစ်လုပ် ခ ၁၁ သန်းရရှိမယ့် ၅ နှစ်စာချုပ်ကို ရီးရဲလ်အသင်းနဲ့ ချုပ်ဆိုမှာ ဖြစ်ကြောင်းဆိုထားပါတယ်။
အင်္ဂလန် အသင်းနဲ့ ပွဲအပြီးမှာတော့ အဆိုပါအသက် ၂၆ နှစ် အရွယ်ဘယ်လ်ဂျီယံဂိုးသမားဟာ သူ ့အနာဂတ်နဲ့ ပတ်သတ်တဲ့ မေးမြန်းမှုတွေကို ငြင်းဆိုသွားခဲ့သော်လည်း မက်ဒရစ်ကို ပြောင်းရွှေ ့ရမယ့် အခွင့်အရေးကို တော့ သူလက်လွှတ်ခံမှာ မဟုတ်ကြောင်းသိရပါတယ်။
Post a Comment