ေပါ့ဘာထြက္ခြာပါက ဆာဗစ္ကို ေခၚယူသြားမယ့္ မန္ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အသင္းကေန ထြက္ခြာေတာ့မယ္လို ့သတင္းထြက္ေနတဲ့ ျပင္သစ္ကစားသမား ေပါ့ဘာေနရာ အစားထိုးဖို ့ လာဇီယို ကြင္းလယ္လူ ဆာဗစ္ကို ပစ္မွတ္ထားထားေၾကာင္းသိရပါတယ္။
ဂ်ဴဗင္တပ္စ္ကြင္းလယ္လူေဟာင္း ေပါ့ဘာဟာ လက္ရွိကမာၻ ့ဖလားၿပိဳင္ပြဲ မွာ ျပင္သစ္အသင္းနဲ႔ အတူေျခစြမ္းျပကစားထားေနေသာ္လည္း ေကာလဟာလ မ်ားအရ အဆိုပါ ကြင္းလယ္လူဟာ ယူႏိုက္တက္ကေန ထြက္ခြာဖို ့စဥ္းစားေနေၾကာင္းသိရပါတယ္။
အဂၤလန္မီဒီယာ မ်ားရဲ႕ အဆိုရ ေတာ့ အသက္ ၂၄ ႏွစ္အရြယ္ျပင္သစ္ကြင္းလယ္လူဟာ အိုထရက္ဖို ့ဒ္ကို စြန္ ့ခြာဖို ့အဆင္သင့္ ျဖစ္ေနေၾကာင္းသိရပါတယ္။
ေပါ့ဘာရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ႐ိုင္အိုလာကေတာ့ သူ ့ရဲ႕ ကစားသမား ဟာ စပိန္ဘီလူး အသင္းနဲ႔ ခ်ိတ္ဆက္ထားၿပီးၿပီလို ့သတင္းလႊင့္ထားၿပီး ေပါ့ဘာဟာ ဘာစီလိုနာအသင္းဆီ ေျပာင္းခ်င္ေနေၾကာင္းေကာလဟာလ သတင္းေတြကို လႊင့္ထားပါတယ္။
အကယ္၍ ေပါ့ဘာသာ ယူႏိုက္တက္ ကို စြန္ ့ခြာမည္ဆိုပါက မန္ယူႏိုက္တက္ဟာ လာဇီယို အသင္းရဲ ့ ဆာဗီးယား ကြင္းလယ္လူ ဆာဗစ္ကို အရေခၚယူသြားဖြယ္ရွိေနပါတယ္။
အဆိုပါ ကြင္းလယ္လူ ကို ဥေရာပအသင္းႀကီးေတာ္ေတာ္မ်ားမ်ား ကကမ္းလွမ္းထားၿပီး လာဇီယို ဥကၠ႒ လိုတီတို က ေပါင္သန္း ၁၅၀ ထိ ေစ်းေခၚလ်က္ရွိေနပါတယ္။
ဒါပင္မယ့္ သရဲနီအသင္းကေတာ့ ျပင္သစ္အသင္းရဲ႕ ကမာၻ ့ဖလားဗိုလ္လုပြဲအၿပီးမွာ ကြင္းလယ္လူေပါ့ဘာရဲ႕ အနာဂတ္အစီအစဥ္ကို အေသအခ်ာေဆြးေႏြးသြားဖြယ္ရွိေနပါတယ္။
(Unicode)
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းကနေ ထွက်ခွာတော့မယ်လို ့သတင်းထွက်နေတဲ့ ပြင်သစ်ကစားသမား ပေါ့ဘာနေရာ အစားထိုးဖို ့ လာဇီယို ကွင်းလယ်လူ ဆာဗစ်ကို ပစ်မှတ်ထားထားကြောင်းသိရပါတယ်။
ဂျူဗင်တပ်စ်ကွင်းလယ်လူဟောင်း ပေါ့ဘာဟာ လက်ရှိကမ္ဘာ ့ဖလားပြိုင်ပွဲ မှာ ပြင်သစ်အသင်းနဲ့ အတူခြေစွမ်းပြကစားထားနေသော်လည်း ကောလဟာလ များအရ အဆိုပါ ကွင်းလယ်လူဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို ့စဉ်းစားနေကြောင်းသိရပါတယ်။
အင်္ဂလန်မီဒီယာ များရဲ့ အဆိုရ တော့ အသက် ၂၄ နှစ်အရွယ်ပြင်သစ်ကွင်းလယ်လူဟာ အိုထရက်ဖို ့ဒ်ကို စွန် ့ခွာဖို ့အဆင်သင့် ဖြစ်နေကြောင်းသိရပါတယ်။
ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်တဲ့ ရိုင်အိုလာကတော့ သူ ့ရဲ့ ကစားသမား ဟာ စပိန်ဘီလူး အသင်းနဲ့ ချိတ်ဆက်ထားပြီးပြီလို ့သတင်းလွှင့်ထားပြီး ပေါ့ဘာဟာ ဘာစီလိုနာအသင်းဆီ ပြောင်းချင်နေကြောင်းကောလဟာလ သတင်းတွေကို လွှင့်ထားပါတယ်။
အကယ်၍ ပေါ့ဘာသာ ယူနိုက်တက် ကို စွန် ့ခွာမည်ဆိုပါက မန်ယူနိုက်တက်ဟာ လာဇီယို အသင်းရဲ ့ ဆာဗီးယား ကွင်းလယ်လူ ဆာဗစ်ကို အရခေါ်ယူသွားဖွယ်ရှိနေပါတယ်။
အဆိုပါ ကွင်းလယ်လူ ကို ဥရောပအသင်းကြီးတော်တော်များများ ကကမ်းလှမ်းထားပြီး လာဇီယို ဥက္ကဋ္ဌ လိုတီတို က ပေါင်သန်း ၁၅၀ ထိ စျေးခေါ်လျက်ရှိနေပါတယ်။
ဒါပင်မယ့် သရဲနီအသင်းကတော့ ပြင်သစ်အသင်းရဲ့ ကမ္ဘာ ့ဖလားဗိုလ်လုပွဲအပြီးမှာ ကွင်းလယ်လူပေါ့ဘာရဲ့ အနာဂတ်အစီအစဉ်ကို အသေအချာဆွေးနွေးသွားဖွယ်ရှိနေပါတယ်။
Post a Comment